နိုင်မွန်အောင်သွင် - တိမ်တစ်ဆင်စာ ကျော်ကြားမှု
တိမ်တစ်ဆင်စာ ကျော်ကြားမှု
နိုင်မွန်အောင်သွင်
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၅
မထွေးမပါ တို့ချည်းသာ
ရွှေပြည်အေးတရားရဲ့အရသာကခါးလှတယ်။
ပလိုင်းပေါက်ကြီးနဲ့
အိပ်မက်တွေလိုက်ကောက်တယ်။
ဝေလငါးတွေလိုက်ကောက်တယ်။
ကြော်ငြာကောင်းကောင်းနဲ့မို့ဝယ်မိပါတယ်
ကျော်ကြားမှုတွေကအထားမခံဘူး။
ညောင်နှစ်ပင်မှာပဲဖြစ်ဖြစ်
ငွေဆောင်မှာပဲဖြစ်ဖြစ်
ကလောမှာပဲဖြစ်ဖြစ်
သဟိတ်ဟ်မြို့လေးမှာပဲဖြစ်ဖြစ်
ခေတ်တစ်ခေတ်ထဲမှာ
အတူချစ်ခဲ့ကြဖူးမှာပဲ။
လမ်းမှာဆုံမိရင်တောင်
အကြည့်တွေမဆုံခဲ့တာကြာပြီ။
၄.၁.၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar