နှစ်သစ်ကူးပြောင်းစ နဲ့ လွတ်လပ်ရေး အထိမ်းအမှတ်နေ့
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၃ မြင်ကွင်း
မိုးမခ၊ ဇန်နဝါရီ ၄၊ ၂၀၂၅
ပြက္ခဒိန်နှစ်တနှစ်ကုန်ဆုံးလို့ နောက်နှစ်သစ်ကူးပြောင်းစ ရက်မှာပဲ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ၇၇ နှစ်မြောက်နေ့ အချိန်အခါသမယ ဇန်နဝါရီလ ၄ ရက်နေ့ကျရောက်တော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇၇ နှစ် ၁၉၄၈ ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် ၃ နှစ်အကြာမှာ မြန်မာနိုင်ငံက ဗြိတိသျှအင်ပိုင်ယာရဲ့ ကိုလိုနီအဖြစ်က လွတ်ပြီး လွတ်လပ်တဲ့နိုင်ငံတနိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ စတင်ဖြစ်ပွားပြီး မြန်မာနိုင်ငံ တောင်ဘက်ပိုင်း နဲ့ ရခိုင်ကို သိမ်းယူခဲ့တဲ့အချိန်က စတင်တွက်ချက်ရင် နှစ်ပေါင်း ၁၂၄ နှစ်အကြာမှာ မြန်မာနိုင်ငံ အနေနဲ့ ကိုယ့်မင်းကိုယ့်ချင်းနဲ့ လွတ်လပ်ရေး ပြန်ရခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ကိုလိုနီ အဖြစ် မကျရောက်မီ အနေအထား၊ ကိုလိုနီပြုခံရတဲ့ နိုင်ငံအဖြစ် နှစ်ပေါင်း ၁၂၀ ကျော်ကာလ တိုင်းရင်းသားနယ်မြေတွေရဲ့ အုပ်ချုပ်ရေးပုံစံ၊ ကိုလိုနီ မဖြစ်မီကာလမှာ ပဒေသရာဇ် စနစ်နဲ့ အုပ်ချုပ်ခဲ့ကြတဲ့ မြန်မာနိုင်ငံက လွတ်လပ်ရေးရပြီးနောက် ဘယ်လိုအုပ်ချုပ်မှုနဲ့ ခရီးဆက်ကြမလဲ စတဲ့ လမ်းဆုံလမ်းခွ၊ အုပ်ချုပ်ရေး စနစ် ရွေးချယ်မှု၊ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ နိုင်ငံရေး အပေါ် သြဇာသက်ရောက်မှု၊ အမျိုးသားရေးဝါဒ၊ ကိုလိုနီဘဝက လွတ်မြောက်ခါစနိုင်ငံတွေမှာ ခေတ်စားလာတဲ့ ဆိုရှယ်လစ်ဝါဒနဲ့ ကွန်မြူနစ်ဝါဒ အစရှိတဲ့ ပြဿနာတွေ ရွေးချယ်မှု ပဋိပက္ခတွေက လွတ်လပ်ရေးနဲ့ အတူယှဥ်တွဲ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရပြီးနောက် မကြာခင် လအနည်းငယ်အတွင်းမှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီက တောခိုခဲ့ပြီး နောက်တနှစ်အကြာမှာ KNDO နဲ့ ဖဆပလ အစိုးရတို့အကြား လက်နက်ကိုင် တိုက်ပွဲစတင်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ပထမဆုံးသော ပြည်တွင်းစစ် မီးတောက်ထဲ သက်ဆင်း ခဲ့ရပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုရတဲ့အကြောင်းရင်းတွေအနက် ဖဆပလရဲ့ ပြည်ထဲရေးဝန်ကြီးက ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေကို လက်ဦးမှုရအောင် ဖမ်းဆီးမယ့် အချက်ကလည်း စေ့ဆော်မှုတခုဖြစ်ပေမယ့် ကွန်မြူနစ်ပါတီက မူဝါဒအရ ဗြတိသျှတွေထံက ဆွေးနွေးသဘောတူညီမှုနဲ့ ရခဲ့တဲ့ လွတ်လပ်ရေးက စစ်မှန်ခြင်း မရှိဘူးဆိုတဲ့ အယူအဆ၊ လွတ်လပ်ပြီးနိုင်ငံကို ထူထောင်ရာမှာ လက်ဝဲဝါဒကျင့်သုံးတဲ့ နိုင်ငံအဖြစ်ထူထောင်ဖို့ အယူဝါဒရေး အရ သဘောထားကွဲလွဲမှု တွေကလည်း အကြောင်းရင်းခံ ဖြစ်စေခဲ့တာပါ။
ဒါ့အပြင် ဆိုရှယ်လစ် အုပ်စုလို့ဆိုတဲ့ ဗြတိသျှနယ်ချဲ့ကို တိုက်ခိုက်ရာမှာ ပါဝင်ခဲ့သလို တဖန်အင်္ဂလိပ်နဲ့ ပူးပေါင်းပြီး ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဗမာ့တပ်မတော်ထဲက အချို့သော တပ်မှူး ခေါင်းဆောင်တွေနဲ့ ဖဆပလ အဖွဲ့ရဲ့ သဘောထား ရပ်တည်မှု စတာတွေက ပြည်တွင်းစစ်ဖြစ်ဖို့ စေ့ဆော်တဲ့ အကြောင်းအချက်တွေလို့ ဆိုရမှာြဖစ်ပါတယ်။
ဒီကာလတွေမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ပြည်ထောင်စု ကို ဘယ်လိုထူထောင်ကြမလဲဆိုတဲ့ ဖက်ဒရယ်အရေး၊ ဖက်ဒရယ်ပြဿနာက ရှေ့တန်းမရောက်သေးပေမယ့် လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်မပြည့်ခင်မှာဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တခုပြီးတခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဖက်ဒရယ်အရေးထက် အရင်းရှင်(အဲဒီကာလကဓနရှင်လို့လည်း သုံးနှုန်းခဲ့ကြ) ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် ဝါဒရေးရာက ရှေ့တန်းရောက်ခဲ့ပြီး လက်နက်ကိုင် တပ်အင်အားတွေနဲ့ နိုင်ငံရဲ့ အာဏာကို ထိန်းချုပ်နိုင်ဖို့ ရည်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။
ပထမ ပြည်တွင်းစစ်ကာလ ကတည်းက နိုင်ငံရေးအယူဝါဒ တိုက်ပွဲနဲ့အတူ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အရေးလည်း တပြိုင်နက်ထဲ ပေါ်ထွက်ခဲ့ပေမယ့် တိုင်းရင်းသားကိုယ်ပိုင် ပြဌာန်းခွင့်ကိစ္စအပေါ် အလေးမထားခဲ့ကြဘူးလို့ အခုကာလမှာ ပြန်လည်သုံးသပ်ကြည့်မိပါတယ်။ နိုင်ငံရေး အင်အားစုတွေ၊ စစ်တပ်ထဲက ဆိုရှယ်လစ်အုပ်စုလို့ဆိုတဲ့ တပ်ခေါင်းဆောင်တွေ တိုင်းရင်းသားအရေးတွေအကြား ပုဂ္ဂိုလ်ရေးအရ အမြတ်ထုတ်ခဲ့သူက ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်ပြီး ဗမာ့တပ်မတော်ကို အသုံးချခဲ့တဲ့ ဗိုလ်နေဝင်းဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တခုကျော်ကာလအတွင်း မြန်မာ့နိုင်ငံရေးက ကြမ်းတမ်းတဲ့လမ်းကြောင်းပေါ် ရောက်ခဲ့ရပြီးနောက် ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းပြီး အမည်ခံ တော်လှန်ရေးကောင်စီ၊ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဥ်တွေနဲ့ ဆယ်စုနှစ် ၂ ခုကျော်အကြာမှာ အဆင်းရဲဆုံး နိုင်ငံအဆင့်ကျရောက်ခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာ လူထုအုံကြွမှုကြီးဖြစ်ပေါ်လာပြီးနောက် မြန်မာ့နိုင်ငံရေး နိုးကြားမှု တကျော့ပြန်ပေါ်ထွက်လာပြီး ဆိုရှယ်လစ်အမည်ခံတဲ့ စစ်အာဏာရှင်စနစ်မှ တကယ့် နှစ်ရှည်လများ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်တဲ့ စစ်အစိုးရ လက်ထဲ ဆယ်စုနှစ် ၂ ခုကျော်ကြာ ကျရောက်ခဲ့ရပြန်တာ ဖြစ်ပါတယ်။
၂၀၁၁ ကနေ ၂၀၂၁ မှာ နိုင်ငံရဲ့ ဆယ်စုနှစ်ချီ ပြည်တွင်းစစ်၊ လက်နက်ကိုင် ပဋိပက္ခ၊ ဖက်ဒရယ် အရေးတို့ကို ဖြေရှင်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက် ရောင်ခြည် တစွန်းတစပေါ်ထွက်လာခဲ့ရာက စစ်အာဏာသိမ်းမှုနဲ့ အဆုံးသတ်ကာ ဒုတိယမြောက်ပြည်တွင်းစစ်မီးထဲကျ ဆင်းခဲ့ရတာ ခုဆို ၄ နှစ်နီးပါး တိုင်ခဲ့ပြီလို့ ဆိုရမှာပါ။
လွတ်လပ်ရေး အခါသမယမှာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း လျှောက်ခဲ့တဲ့ ခရီးကြမ်းကို ပြန်လည်ငဲ့စောင်းကြည့်ပြီး မဆုံးနိုင်တဲ့ စစ်ပွဲတွေ၊ သန်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေနဲ့ ကြုံရနိုင်တဲ့ ငတ်မွတ်မှုဘေး ဆင်းရဲဒုက္ခတွေက လက်ရှိပစ္စုပ္ပန်ပုံရိပ်ဖြစ်ပြီး အနာဂတ် မျှော်လင့်ချက်က မှုံဝါးနေဆဲလို့ဆိုရမှာဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar