လင်းလက်နွေဦး - ပြည်တော်ဝင် ရထားလမ်းဖောက်ရင်း ကြားခဲ့ရတဲ့ ကျေးလက်သီချင်း
ပြည်တော်ဝင် ရထားလမ်းဖောက်ရင်း ကြားခဲ့ရတဲ့ ကျေးလက်သီချင်း
လင်းလက်နွေဦး
(မိုးမခ) ဇန်နဝါရီ ၉ ၊ ၂၀၂၅
အာဇာနည်နေ့တွေ
အများကြီး
ကျော်ဖြတ်ပြီးမှ
လွတ်လပ်ရေးနေ့ ရောက်လာတာပါ
ချွေး သွေး ခြေ လက်
အသက်တွေသာမက
အရှက်နဲ့သိက္ခာ ချနင်းခံရ
အသင်္ချေ
ကြယ်တာရာတွေ
ပင်လယ်သမုဒ္ဒရာမှာ ကူးခက်နေပေါ့
မေခလာနဲ့ လောကပါလ
နီရိုးအဆိုပြိုင်ပွဲက ဒိုင်ကြောင်တွေ
တောရော မြို့ပေါ်မှာတော့
'ရောင်နီ' သီချင်းသာ ခပ်တင်းတင်းဟစ်ကြွေးနေတဲ့
'လင်းလင်း'တွေ
ထုံးစံအတိုင်းပါပဲ
တော်လှန်ရေးဆိုတာ
လူငယ်တွေရဲ့ လက်ရေးမူသမိုင်းတစ်စောင်ပါပဲ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar