Trump သမ္မတကျမ်းကျိန်ပွဲကို လွှတ်တော်အမတ် ဘာနီးဆန်းဒါးက ဘာပြောလိုက်သလဲ
Trump သမ္မတကျမ်းကျိန်ပွဲကို လွှတ်တော်အမတ် ဘာနီးဆန်းဒါးက ဘာပြောလိုက်သလဲ
နိုင်ငံတကာသာဂိ၊ (မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၅
ဇန်နဝါရီ ၂၀၊ နှင်းမုန်တိုင်းနဲ့ အအေးလှိုင်းအောက်မှာ ထရန့်သမ္မတကျမ်းကျိန်ရတယ်။ လူအများကြီးနဲ့ ဝှဲချီးကျင်းပချင်ပေမယ့် အပြင်လူမြင်ကွင်းမှာ ကွင်းပြောင်ပြောင်မှာ မလုပ်ရဘူး။ အအေးလှိုင်းကြောင့် လူတွေ သေကုန်မှာစိုးလို့ လွှတ်တော်အဆောက်အအုံတွင်းမှာ အကျဉ်းရုံး အထူးဖိတ်ကြားသူတွေနဲ့ ကျင်းပရတယ်။ အဲသည်က မြင်ကွင်းကို အမေရိကန်အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးက တိုတိုထိထိမိမိနဲ့ အမေရိကန်ပြည်ကြီး အနာဂတ်ကို ဖတ်ပြလိုုက်ပါတယ်။
အောက်က ဘာနီဆန်းဒါး ပြောချက်ပါ။
Oligarchy အကြောင်း စပြောတုန်းက လူတော်တော်များများက ငါဘာကိုဆိုလိုတယ်ဆိုတာ နားမလည်ကြဘူး။ကောင်းပြီ၊ ပြောတဲ့အတိုင်း ဖြစ်လာပြီ။ထရန့်ကျမ်းကျိန်ပွဲတက်ရောက်တာ အမေရိကမှာ အချမ်းသာဆုံး အမျိုးသား ၃ ယောက်က Trump ရဲ့ နောက်မှာ ထိုင်လိုက်တဲ့အခါ ဘီလျံနာလူတန်းစားက အခု ငါတို့အစိုးရကို ချုပ်ကိုင်ထားတယ်ဆိုတာ လူတိုင်းနားလည်လိုက်ကြရပါပြီ။
Bernie Sanders သည် ဆိုရှယ်ဒီမိုကရက် တစ်ဦးဖြစ်််််််ပါတယ်။ Vermont မှ အမေရိကန် အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး နိုင်ငံသားတိုင်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုရရေး၊ ရာသီဥတုဆိုင်ရာ ပြောင်းလဲလာမှု ပြင်ဆင်ကြရေး နှင့် လူတိုင်းမှာ စီးပွားရေးအခွင့်အလမ်း တန်းတူညီမျှမှုကဲ့သို့သော တိုးတက်သောမူဝါဒများ လစ်ဘရယ်ပေါ်လစီများအတွက် ထင်ရှားသော ခေါင်းဆောင်ဖြစ်သည်။
ထရန့်နဲ့ လူနည်းစု အိုလီဂတ်တွေအောက်က အမေရိကန်ပြည်ကြီးဆိုတာ ပူတင်အောက်က ရုရှား၊ ရှီကျင်းပင်းအောက်က တရုတ်တို့လို မြင်ကြရဖို့ များလာပါပြီ။ သတင်းသမားတွေလည်း အဲသည်အကြောင်း သတင်းမပြတ်ဆက်ရေးကြရမှာမို့ ခုထဲက အားမွေးကြရပါတော့မယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar