Breaking News

နိုင်မြန်မာ - "ကျွန်" လို နေရတာ ပျော်ရဲ့လား



နိုင်မြန်မာ - "ကျွန်" လို နေရတာ ပျော်ရဲ့လား

(မိုးမခ) ဖေဖော်ဝါရီ ၉ ၊ ၂၀၂၅


ငါ၏နှမ …

လှချင် လှပါ၊ လှနိုင်ပါတယ်

"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့။

ရယ်ချင်ရယ်ပါ၊ ရယ်နိုင်ပါတယ်

"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့။

ပျော်ချင် ပျော်ပါ၊ ပျော်နိုင်ပါတယ်

"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့။

ပိုက်ဆံရှာတာ ရှာနိုင်ပါတယ်

"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့။

အချင်းချင်းတွေ ရန်ဖြစ်နေတာ ဖြစ်နိုင်ပါတယ် 

"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့။

နေရ စားရ ဝဋ်ဒုက္ခနှင့်

နိစ္စဓူဝ ရှာရဖွေရ

ကြောက်ရလန့်ရ ရုန်းကန်ကြရင်း

"ထမင်း" တလုပ် "တုတ်" တချက်နှင့်

"အသက်တချောင်း" မက်၍ကောင်းတုန်း 

တရုန်းရုန်းနှင့် ကုန်းရုန်း၍သာ 

"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့။

"ကျွန်" မဟုတ်ပဲ "ကျွန်" လုပ်ခံရ

"လက်နက်" ပြ၍ အဓမ္မအတင်း

ကျွန်ပြုခြင်းအား မငြင်းမဆန်

အညံ့ခံကာ နေသာသလို

နေမည်ဆိုက 

ငါတို့ဘဝ …

"ကျွန်မ" "ကျွန်ထီး" "ကျွန်ကြီး" ကျွန်လေး"

ငါတို့ မွေးသည့် ငါတို့ "ရင်သွေး"

ငါတို့ "ကလေး" တွေလည်း

"ကျွန်လေး" တွေပဲ ဖြစ်လိမ့်မယ်။ ။

နိုင်မြန်မာ

(၁၉၅၇-၂၀၂၅)


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar