Breaking News

ဆက်ဝေမိုး - ကွက်လပ်ကြီးတခုနဲ့ ပြည့်နှက်နေတဲ့ ရင်ဘတ်


ဆက်ဝေမိုး - ကွက်လပ်ကြီးတခုနဲ့ ပြည့်နှက်နေတဲ့ ရင်ဘတ်

(မိုးမခ) ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၅


ကာလယန္တရားထဲကနေ

ဆယ်စုနှစ်တခုကို လှီးထုတ်ထားလိုက်တယ်။

ထာဝရ ဆိုတဲ့ အရာထဲကနေ

ခွဲခွာခြင်းတခုကို လှီးထုတ်ထားလိုက်တယ်။

ဖြစ်စဉ်တခုထဲကနေ

အတိတ်တခုကို လှီးထုတ်ထားလိုက်တယ်။

ပြက္ခဒိန်တခုထဲကနေ

ရက်စွဲတခုကို လှီးထုတ်ထားလိုက်တယ်၊ 

နာမည်တခု၊ မျက်နှာတခုပါတဲ့ စာမျက်နှာတိုင်းကို

ကျော် ကျော်ဖတ်နေရတဲ့ ဘဝကြီးတခုလုံး

ကိုယ့်ရင်ဘတ်ထဲ ကိုယ် ပြန်ကျွံကျသွားလိုက်တာ

အနက်ရှိုင်းဆုံးအထိ။   ။

ဆက်ဝေမိုး

၈.၂.၂၀၂၅


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar