Breaking News

မင်းငြိမ်းအေး - လွမ်းသူပန်းခွေ

Art by Than Htay Maung
လွမ်းသူပန်းခွေ
မင်းငြိမ်းအေး
(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅

သေသွားတဲ့
မသေနိုင်တဲ့
အပိုလက်တစ်ဖက်အကြောင်း။

မြို့တမြို့စာအခွံထဲက
မြို့ငယ်လေးတမြို့နဲ့
လောကဓံကိုမခံနိုင်တဲ့သွေးနမူနာကို
ကြမ်းပိုးတွေဆီကထုပ်ယူမရတဲ့အကြောင်း ။

ပေါင်မုန့်ဖုတ်သမားမရှိတဲ့
ပေါင်မုန့်များအကြောင်း ။

ကြာရင်မေ့မဲ့၊ သေသောသူများ
ဆန့်သော၊ ကွေးသောလက်များဖြင့်
အလှဆင်ထားပါသည် ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar