ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စင်းဝိုးရဲ့ သွင်းဂိုး
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စင်းဝိုးရဲ့ သွင်းဂိုး
(မိုးမခ) ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၅
စိုးဝင်းကတော့ ဂိုးသွင်းပြီ။ တခြားလူတော့ မဟုတ်ဘူး။ မင်းအောင်လှိုင့် အပေါက်ထဲကို သွင်းတာ။ မင်းအောင်လှိုင်က လျှပ်စစ်ရထားတွေ လုပ်မယ် လျှောက်အာ၊ လျှပ်စစ်ကားတွေ ထုတ်မယ် လျှောက်ဖွာ။ သူ့သားကို လျှပ်စစ်ကားတွေ သွင်းခိုင်း၊ အဲဒီလို ပေါက်ကရတွေ လုပ်နေတဲ့အချိန်မှာ စိုးဝင်း ဆိုတဲ့ကောင်က လုပ်ငန်းရှင်တွေကို မင်းတို့ ငါတို့ စစ်ရုံးချုပ်ကို အတုယူကြ။ ငါတို့ ဆိုလာနဲ့ မီးမပျက်တာ နှစ်နှစ်ရှိပြီ။ မင်းတို့ကောင်တွေ ငါတို့လို လိုက်လုပ်ကြဆိုပြီး အူထည့်လိုက်တာ။ ဒါ မအလက လျှပ်စစ်ကားတွေ ဘာတွေ ဖွာနေချိန်မှာ ငါတို့ စစ်ရုံးတောင်မှ ဆိုလာမီး သုံးနေတာ နှစ်နှစ်ရှိပြီ ဆိုပြီးတော့ ဖွတာ၊ ဖော်တာ၊ ဖောက်တာပေါ့လေ။
စိုးဝင်း ဆိုတဲ့ကောင်က မင်းအောင်လှိုင်နဲ့ ကျောင်းတော်က ရန်စရှိတယ်။ အမှန်ကတော့ သူက ပချုပ် ဖြစ်ရမှာကို ဟိုကောင်က ဆင်းမပေးဘူး။ ဆင်းမပေးတော့ သူက ဒုချုပ်ဘဝနဲ့ ပု အုပ်သမျှ ခံနေရတာပေါ့။ အဲဒါ ဘယ်ကျေနပ်မလဲ။ သူ့မှာက ဇာတ်တော်ထဲက ကေဝဋ်ပုဏ္ဏား နဖူးက အမာရွတ်စမ်းမိသလို ဖြစ်နေတာလေ။ အဲဒီအသံက သူက တရေးနိုးလည်း ကြားရတယ်၊ အိပ်ရာထလည်း ကြားရတယ်၊ ဘုရားရှိခိုးလည်း ကြားရတယ်။ အပင်းမျိုလည်း ကြားနေရ၊ အီးအီးကုန်းလည်း ကြားနေရ၊ အဲဒီလို ဖြစ်နေတာပေါ့။ ဒီကောင် ဘယ်တော့မှ မကျေဘူး အဲကိစ္စကို။ သူ လုံးဝ စောက်ရှက်ကွဲတဲ့ ကိစ္စကွာ။ အခု သေခါနီးချိန်ထိ ဒုချုပ်ပဲလေ။ အဲဒါ သူ မင်းအောင်လှိုင်ကို လုံးလုံး မကျေဘူး။
အဲတော့ကွာ ဒီကောင်က ရာဇဝင်ကြွေးကို ဘယ်နည်းနဲ့ ဆပ်ရမလဲဆိုပြီး ချောင်းနေတာ။ ဒေါ့မီတင် ခွေးပုံ လည်ကြမှ စစ်ရုံးချုပ်ကို အတုယူကြ။ ငါတို့မှာ လျှပ်စစ်မီး လုံးဝမပျက်တာ နှစ်နှစ်ရှိပြီ။ ဘာနဲ့ မပျက်တာတုန်းဆိုတော့ ဆိုလာနဲ့။ ဆိုလာနဲ့မီးလင်းတာ ငါတို့စစ်ရုံးချုပ်မှာ နှစ်နှစ်ရှိပြီဆိုတော့ ငလှိုင် ကို ချေပြီလေ။ ဒီကောင်က အားအားရှိ နေရာတကာမှာ လျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေ လျှောက်ပြော။ ပြီးတော့ သူ့သားကို လျှပ်စစ်ကားတွေ သွင်းခိုင်း။ ဒီကောင်က အဲလိုတွေဖွာနေတာ ကြာပြီ။ အဲဒါကို စိုးဝင်းက လူပုံအလယ်မှာ နွှာလိုက်တာပဲ။
သရေကြိုး ဒီကောင် ငစား။ ဒီကောင် စောက်အလကား၊ လျှောက်ပွား၊ ဘာမှမဟုတ်တဲ့ စောက်ကြွားဆိုပြီး ဇစ်ဖြုတ်တာကွာ။
NLD လက်ထက်တုန်းက ထင်တယ်။ နိုင်ငံခြားသတင်းထောက် တယောက် လာတယ်။ အဲသတင်းထောက်က ငလှိုင့်ကို နင် ပင်စင်မယူသေးဘူးလား၊ အသက်က အိုဗာဖြစ်နေပြီ ဘာညာဆိုပြီး အမြီးချိုးတော့ မသာကောင်က တပ်မှာ စောက်သုံးကျတဲ့ကောင် တယောက်မှ မရှိဘူး။ အဲဒါကြောင့် ငါ ပင်စင်မယူသေးတာလို့ ပြောခဲ့တယ်ကွာ။ စောက်ခွက်ပြောင်ချက်။ တပ်ဗိုလ်သင်တန်းအားလုံး ရီးထင်တယ် လုပ်တာလေ။ ဗိုလ် မှန်သမျှ ဖွတ်သုညလို့ချတာကိုး။ တော်လှန်ရေးကမှ ခွေးအဆင့်ပေးသေးတာ။ သူက ခွေးလောက်တောင် သုံးမရဘူး ပြောခဲ့တာဘဲ။
အဲဒါကို ကိုးကွင်းက လုံးဝမကျေနပ်ဘူး။ သူ ဒုချုပ်ကြီး ကိုယ်တိုင် ငုတ်တုတ်ကြီးရှိလျက်နဲ့ကွာ ဟိုကောင်က သူ မဆင်းချင်တာကို မဆင်းချင်ဘူး မပြောဘဲ တပ်မှာ စောက်သုံးကျတဲ့ကောင် မရှိလို့ ဆက်နေ နေရပါတယ်ဆိုပြီး ကိုးကွင်း စောက်ခွက် ဖြတ်ရိုက်ထားတော့ စိုးဝင်းအတွက်က အဲကိစ္စ လုံးဝ မကျေဘူး။ ပင်နယ်တီရတုန်း ဂိုးသွင်းလိုက်တာဘဲ။
ဒီကိစ္စကို မင်းအောင်လှိုင်ကလည်း သူ့ကို စောက်ရှက်ခွဲမှန်း သိတယ်။ သူ့ကို လူပုံအလယ်မှာ ဂွမ်းလိုက်တာ လကွင်းကြမ်းကြီး တီးလိုက်တာ သိတယ်။ သူ လုံးဝဂွမ်းတာ။ အဲတော့ သူ လုပ်လိမ့်မယ်။ စိုးဝင်းကောင်တွေ သူလည်း ပတ်ဖြုတ်နေတာ၊ စိုးဝင်းကလည်း အဲဒါကို မကျေနပ်ဘူး။ သူ ခံစစ်စည်းထိပ် ရောက်နေပြီပေါ့၊ တကယ်က သူပဲ ကျန်တော့သလိုတောင် ဖြစ်နေပြီ။ နောက်ဆုံးမှာ ဒါလေးကိုတော့ ပြောထားခဲ့မယ်၊ ဖော်ကောင်တော့ လုပ်ထားခဲ့မယ် ဆိုပြီး စိုးဝင်းကလည်း လုပ်တာပဲ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar