Breaking News

ခိုင်မျိုး - ရွာထဲမှာ

Art by Than Htay Maung
ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅

ရန်ကုန်ရဲ့အထင်ကရဧရိယာ
မြို့တော်တစ်ခုရဲ့ဗဟို
ဗိုလ်ချုပ်အစစ်ကြီးတယောက်ရဲ့အမည်နဲ့
ဈေးကြီးတစ်ခုရှိရာနေရာနဲ့မနီးမဝေးမှာ
နှစ်ဆယ့်ကိုးလမ်းထဲပျံသန်းရာ
နားခိုရာ
ငွေဗျိုင်းဖြူတွေ
တအုပ်တမရှိခဲ့ကြရာနေရာပေါ့
လောကရဲ့တောအုပ်နက်နက်ထဲတိုးဝင်
ရုန်းကန်မာန်တင်းအံခဲ
ငါ့ကိုဇန်နဝါရီပြန်ပေးလို့တောင်းဆိုသူလဲပါရဲ့
သုံညအသစ်
ကမ္ဘထဲအထိအနုပညာထိုးခွဲမှုများရှိရဲ့
လှိုင်းသစ်တဲ့
လှိုင်းအသစ်တွေဟာဖက်ရှင်အသစ်နဲ့
အောင်ဘညိုသယ်လာတဲ့
ခမ်းနားသောဖိတ်စာ
ကွမ်းမြုံနေတဲ့ရိုးရိုးအေးအေးနေတတ်သူတယောက်
အိပ်မက်ဆက်တင်မဟုတ်
အထူးပြုလုပ်ချက်မဟုတ်
သည်လိုနေ့ရက်များ
ရှိခဲ့ဖူးရာ
စုဖွဲ့တည်ဆောက်ပြသခဲ့ရာ
နှစ်ဆယ်ကိုးလမ်းမှအငွေ့အသက်များ
စွဲထင်ရာ .....
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar