စိုးရိမ် - တိမ်သားနုနုမြို့(၂)
စိုးရိမ်
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၅
ကိုယ့္အတွင်းသားကိုကိုယ်ပြန်စားရင်း မနက်ခင်းလင်းပွင့်လာ
သားကောင်ဟာ မုဆိုးခြေရာကို လိုက်ကြည့်နေရတဲ့အဖြစ်
မိန်းမလှလေးတွေက သေနတ်မောင်းကိုဆွဲညှစ်တတ်လာတဲ့အခါ
ဇရာကိုဂရုမစိုက်တဲ့အတ္တလှည့်ကွက်ထဲ
ပန်းပွင့်ဖို့ထက် သွေးရနံ့ခံလှိုင်းတွေကသာ ထကြွပေါက်ကွဲ
မည်းမည်းမြင်တိုင်းအားကိုးရမှာလား ကြောက်ရွံ့ရမှာလား
အရိုးပေါ်အရည်တင်မြို့က ရယ်ရမလို ငိုရမလိုတိတ်ဆိတ်
လှိုင်းမူးနေတဲ့ပစ်တိုင်းထောင်ကလေးတွေသာ ရှင်သန်ရာ
ဒါပေမဲ့
နှလုံးသားအတွက် ကွက်လပ်များများ ချန်ထားရစ်ခဲ့တယ်။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar