မျိုးသန့်ထွန်း(စစ်ကိုင်း) - “ဇာနည် ဆရာစွမ်း ဟေ့”
မျိုးသန့်ထွန်း(စစ်ကိုင်း) - “ဇာနည် ဆရာစွမ်း ဟေ့”
(မိုးမခ) ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၅
ဘာမထီ လာပီကွဲ့
ဘာလဲဟဲ့ မောင်စွမ်းရည်တဲ့
သူဟာလေ…
သေနတ်၊ လှံ၊ ဓား ကိုင်မထားဘူး
သူ့မှာလေ ကလောင်တံတစ်လက်နဲ့
ကဗျာအစွမ်း စာအစွမ်းတွေနဲ့အတူ
ဟုတ်တာကိုပြော မှန်တာကိုရေးပီးရင်ရေးနေတဲ့ မောင်စွမ်းရည်
အာဏာရှင်စနစ်ကို မြစ်ပါမကျန်
တွန်းလှန်ပစ်ချင်သူမို့
လူက ရိုးရိုးသားသား အပြုံးပိုင်ရှင်
မဟုတ်မခံ တွန်းလှန်ရန် စိတ်ထား
အမှန်တရားကို မြတ်နိုးသမို့
စာပေ အမှားကို ပြင်ရဲသူ
စာပေ အလွဲကို ဝေဖန်ရေးသူ
ဘယ်သူကိုမှ မကြောက်
ဘယ်အရာရှိကိုမှ မထောက်
လူထုဘက်တော်သားမို့
အောင်လံထိ တက်လှမ်းကိုင်မယ်
အာဏာရှင်ကို အရှင်မထားချင်တဲ့
ဇာနည်သွေး ပါတဲ့
ဟောဒီက ဆရာစွမ်းပါလို့
ဗမာကို ကမ္ဘာ သိအောင်
ပြောပြလိုက်ချင်တဲ့ လူပေါင်းတို့ရေ…
(ဆရာစွမ်းရဲ့ ၈၈ နှစ်ပြည့် မွေးနေ့သို့)
မျိုးသန့်ထွန်း(စစ်ကိုင်း)
၁၇-၂-၂၀၂၅
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar