ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူ့အဖွဲ့အစည်းကို ကြာကူလီရိုက်ခြင်း
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လူ့အဖွဲ့အစည်းကို ကြာကူလီရိုက်ခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၅
သရေကြိုးကတော့ လူကောင်သာ ခွေးဖြစ်တာ အဖြူရောင်လေးဝတ်လို့ ဖွတ်ကနေဖာခေါင်းလုပ်တဲ့ရုပ်နဲ့ ဘီးမချော်အောင်ဆိုပြီး ထီးတော်တက်ကိုင်သတဲ့။
သားမယားမီးနဲ့ မြေးမီးအပါ 12မီးငြိမ်းဖို့ ခိုးရာပါရွှေ12ကျပ်သားလှူပြီး ပတ္တမြားလက်စွပ်ဘယ်နှစ်ကွင်း စိန်လက်စွပ်ဘယ်နှစ်ကွင်း ဗျင်းသွားသလဲတော့ မသိသေး၊ စောရနက္ခတ်မိတဲ့တပ်မို့ မခိုးဘဲတော့ မနေ၊ သူတို့အတွက်အသက်သေပေးရတဲ့စစ်သားလေးတွေအိပ်ထဲက ပိုက်ဆံတထောင်နှစ်ထောင်တောင်နှိုက်တဲ့ ခိုးရာမှာ ဖအေထက်တလကြီးတဲ့ သူ့သားပါ ပါတယ်ဆိုတော့ ရွှေတိဂုံစေတီတော်ကြီးလဲ သက်သာရာရဖို့ တယ်မလွယ်၊ ဘုရားပိုင်ဘဏ်စုအလှူငွေတွေလဲဘုန်းထားတဲ့ ဘုရားထံ ရရန်နှစ်ကျပ်ခွဲကောင်တွေမဟုတ်လား။
ပြီးတော့ လက်စွပ်ခိုးပြီး ချက်ချင်းမဆင်းဘဲ ငြမ်းပေါ်ကနေ ရန်ကုန်မြို့ကြီးကို ကြည့်ပြီး ဗုံးကြဲရမယ့်နေရာတွေ ညွှန်ကြားသတဲ့၊ သရေကြိုးစ အေရိုးက။
သရေကြိုးကိုးကွင်းကလဲ MRTVကို ပြည်သူစိတ်ဝင်စားမယ့်အစီအစဉ်တွေထုတ်လွှင့်ဖို့တဲ့။ ပြည်သူက သူတို့အသုဘအစီအစဉ်စောင့်နေတာ သိရက်နဲ့ ကြည့်တိကြည့်တက် မောင်းချောက်မှန်တဲ့ကြက်လို လောက်တက်မယောင် စောက်ခွက်အပြောင်ကြီးနဲ့ လှည့်လှည့်အူသေးတယ်။ အဲဒီ ဒုကောင်က လုလုဟောင်တာ၊ မအလလောက်တော့ ခွေးတိုင်း အူနိုင်ပါတယ်စောက်ချိုး။ အဲ သရေကြိုးနှစ်ကွင်းနဲ့ တိုင်းပြည်လဲ ခွေးကိုက်တဲ့ဖိနပ်လို စုတ်ပြတ်လို့။
ဒါထဲက ရွေးကော်ဥက်ကြီးကလဲ တအိုင်အိုင်။ သူ့ရွကောက်ပွဲကျရင် သတင်းယူလို့ရတယ်လို့ အမောက်ကလေးတမမ ဆံတောက်ကလေးတချချနဲ့ လမ်းဝထွက်ထွက်ပြနေတာ မြင်မကောင်း။ ရွေးကောက်ပွဲစောင့်ကြည့်ပရောဂျက်သမားတွေကတော့ ဒီလို လေလည်သံကြားရင် ပျော်ရှာမှာပေါ့လေ။
အလုပ်သမားဝံဂျီးသစ်ချစ်ဆွေဆိုတဲ့ခေါင်တကွေးကလဲ အလည်ပြန် ခွင့်ပြန် ပြန်လာတဲ့သူတွေကိုပြန်မလွှတ်တော့ဘူးတဲ့။ အသစ်လဲ မထွက်ရတော့ဘူးတဲ့။ အကုန် စစ်တပ်ထဲဆွဲသွင်း သေစာရင်းတို့နေပြီ။ အရင်သွားခဲ့သူတွေဆီက ပိုက်ဆံအပြည့်ရအောင်တောင်းရမတဲ့၊ ငတ်ကြီးကျချက် မနက်နေ့ည သုံးရက်လောက်ချီးမစားရတဲ့ခွေးအိုလို။ အိမ်း ရတဲ့ပိုက်ဆံနဲ့ ကိုယ့်မေကိုယ့်ဖေသတ်ဖို့ လက်နက်ဝယ်မှာလူတိုင်းသိ။ ခုတောင် လူသတ်၊ ရွာဖျက်၊ မြို့ဖြိုဖို့ လေယဉ်ကွင်းတွေ အားချင်းဆောက်၊ အေး တပြည်လုံး မီးဟုန်းဟုန်းတောက်ရင် နင်တို့အိမ်လဲ ကျန်မယ်မထင်နဲ့။ သူများသေရင် နင်တို့လဲ မရှင်ဖူးမှတ်။
သလိုတွေသာ အူလိုက် အော်လိုက် အိုင်လိုက် ဟောင်လိုက် ကြောင်လိုက်နဲ့ ဟန်ကိုယ့်ဖို့လုပ်နေရရှာတာ၊ AAက ကပစတွေနား ရောက်နေလို့ တဖွဲ့လုံး ထိပ်ငုံ စိတ်ခုန်နေကြပြီ။ တပ်ပြေးကလဲ ကမ်းပါးကသဲလို တဖွဲဖွဲ။ ဒါ့ကြောင့် အိမ်ပေါက်ထွက်ထိုင်သူပါဝင်ဆွဲလိုက်၊ အိမ်ပေါ်တက်ဆွဲလိုက်နဲ့ အသေခံတပ်သားသစ်တွေ ဘီလူးဆွဲ အရူးဆွဲ ဆွဲစုနေရတယ်။ မကြာခင် အဲဒီအုပ်စုက တပ်တွင်းပုန်ကန်မှုဦးဆောင်တဲ့သူတွေ ဖြစ်လာတော့မှာ။ မြွေပွေးတွေ ခါးပိုက်ထဲ စုထည့်ထားရကိန်းဆိုက်တော့မှာ။ ခုတောင် လာခေါ်တဲ့သူကို ဓာတ်ဆီလောင်းမီးတိုက်တာနဲ့ ဒါးနဲ့ပိုင်းလွှတ်တာနဲ့ စနေပြီ။ ဘယ်နေ့ မင်းအောင်လှိုင်အိမ် ဝင်ဝိုင်းတာတို့၊ ဗိုလ်ချုပ်တွေတိုက် တက်ဖြိုတာတို့၊ ဗိုလ်ပြုတ်တွေအခန်း ဝင်ကြမ်းတာတို့ လာတော့မယ်လေ။ ခရိုနီခရိုနက်ခြံတွေလဲ နတ်နန်းမဟုတ်ဆိုတော့။ လုပ်စရာက ဒါဘဲ ကျန်တော့တာမဟုတ်လား။ ကိုယ့်ရပ်ကွက်ထဲ ဘယ်ကောင် ဘယ်မှာနေတယ် သိနေကြတာဘဲလေ။
AAကတော့ စစ်တွေကို မအလထောက်ပံ့အမြောက်တွေနဲ့ ခြောက်နေပြီ။ ဟိုက ခုမှ ရိုတွေကို ခေါ် သင်တန်းပေးနေတုန်းရှိသေး။ ရိုတွေကလဲ အတွင်းနဲ့အပြင်က တမျိုးစီ။ အပြင်က စစ်အုပ်စုကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့တရားစွဲနေချိန် အတွင်းက အသတ်ခံရတယ်ဆိုသူတွေက စစ်အုပ်စုနဲ့ပေါင်းပြီး တော်လှန်သူကိုပြန်တိုက်နေတယ်။ အမြှီးနဲ့ အမောက် မတည့်တာလား၊ အာဂျင်ဒါဘဲ ကွဲတာလားတော့ သူတို့မှသိမယ်။ ပြဿနာကတော့ တစတစနဲ့ ရိုတွေဟာ ပအိုဝ်းတွေလို နွေဦးတော်လှန်ရေးကို ဆန့်ကျင်တိုက်ခိုက်သူတွေ ဖြစ်လာနေတာဘဲ။ ဒီနည်းနဲ့ လူတွေကို အသုံးချတာတော့ မမိုက်ဘူးလေ။ ပြည်သူ့အုံကြွမှုနဲ့ဝေးကွာပြီး သီးခြားလွတ်မြောက်မှုရမယ်လို့တွက်တာတော့ အတော်ဆိုးပါတယ်။ ကျားငစဉ်းလဲကို ကျားသူတော်မှတ် ကိုးကွယ်တာက ပိုဆိုးတာပေါ့။ အဲဒီလို စစ်အာဏာရှင်ကို ပြန်မှီခိုတဲ့နည်းနဲ့ ရှမ်းနီတွေလဲ ပိတ်မိနေကြတယ်။ မုဒိမ်းကျင့်တဲ့ကောင်ကို ပြန်တမ်းတနေပုံနဲ့ မကွာပါဘူး။ မမြဝင်းဆင်ဒရုန်းတွေကိုဖြန့်ချီသွတ်သွင်းတာကတော့ လူ့အဖွဲ့အစည်းအပေါ် ကျောသပ်ရင်သပ်နဲ့ ကာမလိမ်လည်ရယူတဲ့ပရောဂျက်သမားတွေပါဘဲ။ သူတို့ကျတော့ အဲလိုလုပ်တာကကို အသက်မွေးဝမ်းကျောင်းဖြစ်နေတာကိုး။ နောက်ဆုံးတော့ ထမင်းတလုပ် ချောင်ချောင်စားချင်တဲ့စိတ်ရဲ့ဘေးထွက်ဆိုးကျိုးတွေပေါ့လေ
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar