Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဘောမသရဖူ သောမငနူ

Art - Than Htay Maung


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဘောမသရဖူ သောမငနူ

(မိုးမခ) မတ် ၈၊ ၂၀၂၅

ဖွတ်အကြံနဲ့ ခွေးရူးက ကြွက်ဇာတ်ခင်းပြီး ငပူတင်းကို ဂျင်းသွားသိပ်တာ။ ငပူတင်းခမျာ ခရစ်ကြီးကနေ ဗုဒ္ဓစ်ပြောင်းရမလိုလို။ ဗုဒ္ဓတရား ရှရှားအနှံ့ ပြန့်စေသတည်းရမလိုလို။ ငပုပေးတဲ့စာအုပ်ထဲက "ပါပမင်း" ဆိုတာ "မကောင်းဆိုးဝါးမင်း၊ မိစ္ဆာဘုရင်၊ နယ်ချဲ့ဖက်ဆစ်၊ အယုတ်ကန်းဆုံးကောင် အူကြောင်ကြောင်စောက်ပေါ" လို့များ ကြွက်စုတ်က အဓိပ္ပါယ်သိသွားရင်တော့ ခွေးဝဲစားကို သေးအရွဲသားဖြစ်သွားအောင် ပန်းမှာ။

အင်း ပူတင့်ဆီသွားပြီး သောမကြွက်မင်းဘာညာလုပ်တော့ ရိုးရိုးဘောမအဆင့်ထက် အမြှော်ကင့်ပြီး ဘောအထူးမသူမို့တဲ့၊ သူ့တပည့်ဘောမတွေက သောမလို့ ဘွဲ့ပေးကြတယ်။ အဲတော့ မအလပြန်လာရင် လေဆိပ်ကနေ မြို့ထဲထိ ဓာတ်ရှင်မင်းသား မင်းသမီးတွေ အဆိုတော် မတော်တွေ ခရိုနီခရိုနက် ခရိုပျက်တွေ အကန်းတွေ နန်းတွေက "ဘောမသရဖူ သောမငနူ" လို့ နွားမချီး အဲ အဲ ကောင်းချီးသံပြိုင်ပေးကြမတဲ့။ လေဆိပ်လမ်းတလျှောက်ကနေ သူ့အိမ်ပေါက်အထိ တပ်ကျန်တွေ ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေနဲ့ ဘောမငါးထောင်စားတွေက ‌"သောမ သောမ သောမ" လို့ လမ်းတလျှောက် အာပေါက်အောင် အော်ရမတဲ့။ အဲလို သေးစိုရွှဲ ခွေးကြိုပွဲကို ဝဲချီးလှိုက်လှဲ အကြိုက်ဆဲကျင်းပကြမတဲ့။

ပူတင့်ဘောသဖို့ သောမဇာတ်ကိုသာ စွတ်စက်ခင်းပြတာ။ "တပေါင်းစစ်ချီ၊ ဒေါင်းစစ်သည်၊ သောင်းချီတက်လိမ့်မည်" ဆိုတဲ့တဘောင်ကိုကျ တပ်ထဲရော တပ်ပြင်ရော၊ ပြည်တွင်းရော ပြည်ပရော မဟရဲ။ ဒီတဘောင်က ဘာဆိုလိုမှန်း စောစောက သဘောမပေါက်။ ဟော ခု ကျောပေါက်မှ၊ မိသားစုဘဝတွေနဲ့ရင်းပြီး နားလည်သိမြင်လာမှ ဒီတဘောင်အကြောင်း မသိရဲ၊ ဒီတဘောင်သံ မကြားရဲတော့ဘူး။ တဘောင်ထဲက တပေါင်းစစ်ချီဆိုတာ နွေဦး‌ တော်လှန်ရေးပေါ့။ ခွေးရှင်းရန် တော်လှန်စစ်ချီတာလေ။ ဒေါင်းစစ်သည်ဆိုတာကတော့ ရှင်းပါတယ်၊ နွေဦးရဲ့ စွပ်ထောင်းတဲ့ခွပ်ဒေါင်းတွေ၊ ခေတ်အဆက်ဆက်က တော်လှန်ခွပ်ဒေါင်းတွေ၊ တော်လှန် ERO‌တွေ။ အဲထဲမှာ စစ်အုပ်စုကိုတော်လှန်ဖို့လက်နက်ကိုင်တပ်ထောင်ထားတယ်ဆိုသော်ငြား အိုပါး‌တို့ကိုချစ်တယ်လုပ်‌နေတဲ့ မတော်လှန်EROတွေ မပါဘူးနော်။ သောင်းချီဆိုတာ ခုတနိုင်ငံလုံးက တော်လှန်ရေးတပ်သားတွေရဲ့ လမ်းများအားလုံးနေပြည်တော်ဆီဆိုတာပေါ့။ ဘယ်နယ်နေနေ သောင်းချီထွက်လာ တက်လာကြမှာဘဲ။ အနှီလို ဤလို တပ်မတော်ဆိုတဲ့ ခွေးရူးကို မီးဝိုင်းထားခံရလိမ့်မယ်လို့ ဒီဉာဏ်ပု အာဏာသိမ်းသိမ်းချင်း ဘယ်တွေးမိနိုင်မလဲ။ သူ့မြှောက်ပေးခဲ့တဲ့ကောင်တွေကလဲ ဒီလောက်ပြန် ပုံစံ‌ပေးလိမ့်မယ်လို့ သူတို့ကျွန်စိတ်ဖွန်စိတ် အတွန့်စိတ်အရွံ့စိတ် အမစိတ်အကျစိတ်နဲ့နှိုင်းပြီး ဘယ်ထင်နိုင်မြင်နိုင်လိမ့်မလဲ။ ဟော ခု မီးဆယ့်တတန်ဝိုင်းနေတော့ ခွေးနာက နဂါးကြီးဖမ်းခိုင်းထားတဲ့ရမခတိုင်းဦးစီးကျားဖြန့်ကောင်ကို ကြွက်စုတ်အားကိုးနဲ့ ပြန်လွှတ်ပေးပြီး သားရေနား စားခိုင်းထားလိုက်ပြီ။ ကြွက်အားကိုးနဲ့ နဂါးကိုအာခံတာ ချီးမကျွေးဘဲ ပစ်ထားမှ မဂိန်နိုင်ဘဲ ဂစ်နေအုံးမှာမြင်ယောင်သေး။

ခွေးနာက ရှရှားသွားပြီး ကြွက်အကြောင်းပွားနေတုန်း ဒီမှာက ဆင်နေရာမရဖြစ်နေကြတယ်။ AAတို့သမချက်နဲ့ ဂွကနေ သာပေါင်းရွေ့ထားရတဲ့ဆင်တွေဟာ အခါမကောင်းတော့လို့ ဟော ခု ထပ်ရွေ့ရပြန်ပြီ။ နောက်တခါဆို ရွှေ့စရာကို မကျန်တော့ဘူးလေ။ ဆင်ကြီးတွေ တောင်ပြောင်းရတယ်ဆိုတော့ သူတို့အကောင်ကြီးတွေ ရွေ့ရတော့မယ်ဆိုပြီး ဗိုလ်ချုပ်ရော ဗိုလ်ပြုတ်တွေပါ ခြောက်ခြားနေကြသတဲ့။ အမှန်ကတော့ ခုကို မေမြို့တို့ ရန်ကုန်တို့ မန္တလေးတို့ကအိမ်တော်ကြီးတွေထဲလဲ မသွားရဲ။ ရရာဈေးနဲ့ရောင်း နံနံခြားကို လမ်းကြောင်းဖွင့်ထားပေမယ့် မအလရဲ့အကျယ်ချုပ်နဲ့ ဓားလွာ်ခုတ်ကနေစောင့်နေတာမို့ နံနံခြားအိမ်တွေဆီလဲ ထွက်မရတော့ သက်မတချချနဲ့ ကြောင်ပျောက်နေကြတာ ကြာပါပြီ။ ဘယ်လောက်ကြောင်ပျောက်လဲဆို ရေတပ်ဌာနချုပ်မှာ ပဌာန်းရွတ်နည်းသင်တန်းတောင် အရေးပေါ်ဖွင့်သင်ကြားနေကြပြီလေ။ ပရိတ်တို့ ဓမ္မစကြာတို့နဲ့ မလုံလောက်တော့တဲ့သဘော။ တချိန်လုံးလူထုအပေါ် ပါးနားရိုက် တပြည်လုံးဗိုက်ကြီးအောင်မုဒိမ်းကျင့်လာခဲ့တဲ့ ကျင့်နေကြတဲ့ ဗိုလ်ပြုတ်ကြီးတွေဆို စဉ်းစားသာကြည့်ပေါ့။ ဆင်သွားလမ်းဖြစ်ဆိုသလို ငပုက သူ့ပြေးလမ်းအတွက်တော့ ဆင်လက်ဆောင်ပေးဖောက်ထားပြီးပြီ။ ကြမ္မာရဟတ်တပတ်လည်တဲ့ အာဆတ်လဲ အဖော်ရှိနေပြီဆိုတော့ သူ့အတွက်က အိုကေတယ်လေ။

သရေကြိုးက လက်နက်စကြာသခင်တွေဆီသွား ဘုရားဗျာဒိဗ်ရကြွက် သွားပိုထက်တယ်၊ ပိုကိုက်လို့ရတာ်ဆိုပြီးမြှောက် လက်နက်မျိုးစုံထောက်ပံ့ဖို့ အကြွေးရောင်းချဖို့လုပ်နေချိန် ရှမ်းမြောက်အဘိရာဇာ တာကီဝင်တွေနဲ့ တရုတ်ဖိနင်း ကိုးကန့်မင်းတွေလဲ KIAကို ပြဿနာရှာ ဒေသရာဇာလုပ်နေကြတာတွေ သရေကြိုးတဆန့် မအေရိုးမဂန့်ခင် တန့်ထားစေချင်ပါကြောင်း။

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar