သီအိုဇော် - SMR အဏုမြူစွမ်းအင်သုံးဓါတ်အားပေးစက်ရုံအကြောင်း တစေ့တစောင်း
(မိုးမခ) မတ် ၈၊ ၂၀၂၅
ဒီရက်ပိုင်း ရုရှားနိုင်ငံက အသေးစား အဏုမြူစွမ်းအင်သုံးဓါတ်အားပေးစက်ရုံ (small modular reactor- SMR)ကို မြန်မာနိုင်ငံမှာ တည်ဆောက်ပေးဖို့ သဘောတူညီမှုသတင်း ထွက်ပေါ်လာပါတယ်။ ဒါနဲ့ပတ်သက်ပြီး မေးခွန်းများ စွာ ရှိတဲ့အနက်က တည်ဆောက်ဖို့ ကြာမြင့်ချိန်နဲ့ ကုန်ကျစရိတ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ဖို့ လိုအပ်ပါတယ်။
ရုရှားဖက်ဒရေးရှင်းထဲမှာ ပါဝင်တဲ့ နယ်မြေအားဖြင့်လည်း အကျယ် ဆုံးဖြစ်တဲ့ ဆာခါသမ္မတနိုင်ငံ ( Republic of Sakha)အကြောင်းကနေပဲ စလိုက်ချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ဆောက်လုပ်ဖို့ သဘော တူညီထားတဲ့ SMR ဓါတ်အားပေးစက်ရုံမျိုးကို၊ ရုရှားကုမ္ပဏီဘက်က ပထမဆုံးအကြိမ်မြေပေါ်မှာ သွားတည် ဆောက်နေတဲ့ နေရာဖြစ်လို့ပါ။
‘ဆာခါ’က ဧရိယာအားဖြင့် မြန်မာနိုင်ငံထက် လေးဆခွဲလောက် ပိုကြီးတယ်လို့ ပြောနိုင်ပါတယ်။ ရုရှားနိုင်ငံမှာ စိန်နဲ့ ခနောက်စိမ်း အများအပြားထွက်တာ ‘ဆာခါ’မှာပဲ ဖြစ်ပါတယ်။ သူကအာတိတ် သမုဒ္ဒရာနဲ့လည်း ဆက်စပ် နေပါတယ်။
အခုသတင်းတွေမှာ ကြားသိရတာက မြန်မာနိုင်ငံမှာ လာတည်မယ့် စက်ရုံက OKBM AFRIKANTOV ရဲ့ RITM-200 အမျိုးအစားလို့ သိထားရပြီး မိခင်ကုမ္ပဏီကတော့ ရုရှားအစိုးရပိုင် ROSATOMပါ။ ၁၁၀ မဂ္ဂါဝပ်လို့ သိရတဲ့အတွက် ၅၅ မဂ္ဂါဝပ်အား ဓါတ်ပေါင်းဖို ၂လုံး ပါဝင်မယ်လို့ ယူဆရပါတယ်။ ရုရှားနိုင်ငံက ရေခဲခွဲတဲ့ သင်္ဘော ( nuclear-powered icebreaker)တွေဖြစ်တဲ့ Arctica,Sibir,Ural တို့မှာ RITM-200 တွေကိုစအသုံးပြုခဲ့တာပါ။ ၅နှစ်-၆နှစ်မှ တ ကြိမ် လောင်စာပြန်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ RITM-200မှာ စီးရီးမျိုးကွဲတွေရှိပြီး သက်တမ်းကတော့ ၃၅ နှစ်-၆၀နှစ် အကြမ်းဖျင်း ပြောကြပါတယ်။
ဆာခါသမ္မတနိုင်ငံ ‘ယာကုတီရာ’( Yakutia)မှာ တည်ဆောက်တဲ့ အသေးစား အဏုမြူစွမ်းအင်သုံး ဓါတ်အားပေး စက်ရုံ (SMR)ရဲ့ အမျိုးအစားက RITM -200N ဖြစ်ပြီး ဒါဟာ RITM -200 စီးရီးတွေထဲကပထမဆုံး မြေပြင်မှာ ဆောက်လုပ်ဖို့ ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ကျန်တဲ့စီးရီးတွေက ရေခဲခွဲသင်္ဘောတွေ၊ရေပေါ်သုံးစက်ရုံ တွေမှာပဲ တပ်ဆင်ထားပါ တယ်။
ရုရှားနိုင်ငံမှာတောင် RITM-200Nကသာ တခုတည်းသော မြေပြင်ပေါ်တည်ဆောက်ဖို့ ရည်ရွယ်ထုတ်လုပ်ထား တာ ဖြစ်တဲ့အတွက်၊ မြန်မာနိုင်ငံမှာ လာဆောက်ရင်လည်း ဒီအမျိုးအစားပဲ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ အခုအ ချိန်အထိ သတင်းမီဒီယာမှာ RITM -200 လို့ပဲ တွေ့ရပါသေးတယ်။

ဘယ်လောက်ကြာမြင့်နိုင်ပါသလဲ?
ဒီရက်ပိုင်း ဘီဘီစီရဲ့ ထုတ်လွှင့်မှု့တခုမှာ ကြားလိုက်ရတာက အံ့အားသင့်စရာ ဖြစ်စေခဲ့ရပါတယ်။ အဲဒီသတင်းမှာ ဒီစီမံကိန်းအကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ‘ဒီစက်ရုံက လုပ်မယ်ဆိုရင် တနှစ်အတွင်းမှာကို ပြီး အောင် ဆောက်လို့ရတယ်’လို့ ပြောသွားတာကို အသံအစားထိုး ဖတ်ကြားသွားခဲ့ပါတယ်။
တကယ်တော့ နျူကလီးယား ဓါတ်အားပေးစက်ရုံတခု စတင်လည်ပတ်ဖို့က စက်ရုံကိုယ်ထည်ပိုင်း တည်ဆောက် ရုံ သက်သက်မဟုတ်တာကို သတိပြုရပါလိမ့်မယ်။ စက်ရုံတည်နေရာ ရွေးချယ်တာကိုက ဒီနေ့ကာလမှာ တည် ဆောက်လိုသူတွေအတွက် ခေါင်းစားစရာပါ။ စစ်ကောင်စီအနေနဲ့ သူ့ရဲ့ခြေတံလက်တံမီတယ်လို့ ယူဆနိုင်တဲ့ ဒေ သတွေက စစ်ကိုင်းပြတ်ရွေ့ကြော နဲ့ ဆက်စပ်တည်ရှိနေသလို၊ လွတ်ကင်းတဲ့နယ်မြေတွေကိုလည်း စိုးမိုးမထား နိုင်ပါဘူး။
အခုနေက လက်ရှိထိန်းချုပ်မှုအောက်မှာ ရှိနေသေးလည်း ဘယ်အချိန် တော်လှန်ရေးအင်အားစုတွေလက်ထဲ ရောက်သွားမလဲလို့ တွေးပူနေရတဲ့ကာလဆိုတာ စစ်ကောင်စီကိုယ်တိုင် သိပါတယ်။ အခုအချိန်မှာ စိတ်ချလက်ချ တည်ဆောက်နိုင်မယ့်နေရာ မရွေးချယ်နိုင်တာကိုက စီမံကိန်းကို ကြာမြင့်စေမှာပါ။
စက်ရုံအတွက် လိုအပ်တဲ့အကျယ်အဝန်းကတော့ ‘ဆာခါ’မှာ ဆောက် လုပ်နေတဲ့ မြေပြင်စက်ရုံ အတွေ့အကြုံအရ ဧက(၃၀)လောက်ပဲ လိုအပ်ပါတယ်။ ဒါပေမဲ့ ဘေးအန္တရာယ် ကင်းရှင်းလုံခြုံမှုကို ရှေ့ တန်းတင်ရတဲ့ ဒီလိုစီမံကိန်း အတွက် အနီးပတ်ဝန်းကျင်ဧရိယာ ဘေးကင်းဇုန်ကိုပါ ထည့် သွင်းစဥ်းစားရပါတယ်။
International Standards and Regulations ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA) အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ သတ်မှတ်ချက်တွေပြည့်မီ/မမီ အဆင့်ဆင့် စစ်ဆေး အကဲဖြတ်မှုတွေကို ဖြတ်သန်းရတာဖြစ်လို့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်မှု ပြီးစီးတာနဲ့ စတင်လည်ပတ်နိုင် တာမျိုး မဟုတ်တဲ့ စီမံကိန်းအမျိုးအစားပါ။ အရောင်း ပြခန်းထဲရှိတဲ့စက်ကိရိယာလိုမျိုး ချက်ချင်းဝယ်ပြီး ချက် ချင်းတပ်ဆင်လို့ ရတာလည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အတွေ့အကြုံအရ ROSATOMရဲ့ RITM-200 နဲ့ စီးရီးမျိုး ကွဲ တွေ တည်ဆောက်ချိန်ကိုက ၃နှစ်-၄နှစ်ဝန်းကျင် မှတ်တမ်းတင်ထားပါတယ်။ ဒါတွေကလည်း မြေပြင်လုပ်ငန်း ခွင်တွေ မဟုတ်ခဲ့ပါဘူး။
အသေးစား စက်ရုံဖြစ်နေလို့လည်း ဒီနှစ်အပိုင်းအခြားလောက်လို့ ခန့်မှန်းနိုင်တာပါ။ IAEA အစီရင်ခံစာအရ တ ကမ္ဘာလုံး အဏုမြူစွမ်းအင်သုံးဓါတ် အားပေးစက်ရုံတွေ တည် ဆောက်ရန် ပျမ်းမျှကြာချိန်က ၂၀၂၁ခုနှစ်-၂၀၂၃ ခုနှစ်အတွက် (၉၁)လ ကြာမြင့်ပါတယ်။ ၁၉၉၁ခုနှစ်က ပြန်ကြည့်ရင် ၂၀၀၁ခုနှစ်- ၂၀၀၅ခုနှစ်အတွင်းက စက်ရုံ တ ရုံအတွက် ပျမ်းမျှ(၅၉)လကြာခဲ့လို့ အမြန်ဆုံး ကာလလို့ ဆိုနိုင်ပါတယ်။
ဒီစာရင်းတွေမှာ SMR ထက်ကြီးမားတဲ့ စက်ရုံကြီးတွေလည်းပါတဲ့အတွက် အခုမြန်မာနိုင်ငံမှာ တည်ဆောက်မယ့် စက်ရုံသေးနဲ့တော့ ထပ်တူမကျနိုင်ပါဘူး။ ဒါပေမယ့် IAEA စစ်ဆေးမှု အတည်ပြုမှုတွေကတော့ အလားတူ စေ့ စပ်သေချာစွာ ဆောင်ရွက်မှာ ဖြစ်သလို၊ ကြိုးနီစနစ်ရဲ့ ချုပ်ကိုင်မှုကိုလည်း ကြုံတွေ့ ဖြတ်သန်းရမှာပါ။
ဒါ့ကြောင့်၊ ဒီ SMR ဓါတ်အားပေးစက်ရုံက နေ့ချင်းညချင်း မြန်မြန်ဆန်ဆန် စတင်လည်ပတ်နိုင်မှာ မဟုတ်ဘူး ဆိုတာကို ထည့်ပြောလိုပါ တယ်။ ပိုပြီးရှင်းလင်းစေဖို့ ‘ဆာခါ’က ‘ယာကုတီရာ’( Yakutia) စီမံကိန်း တည်ဆောက် တဲ့ အချိန်ဇယားနဲ့ ဥပမာထပ်ပေးလိုပါတယ်။ ဒီစီမံကိန်းက ရုရှားနိုင်ငံတွင်းမှာပဲ ရုရှားကုမ္ပဏီက သက်ဆိုင်ရာ ပြည်တွင်းအာဏာပိုင်အဆင့်ဆင့်နဲ့ ညှိနှိုင်း အကောင်အထည်ဖေါ်ခဲ့တာပါ။ နိုင်ငံတကာ စံနှုန်းစံထား သတ်မှတ် ချက်တွေ လိုက်နာရတာကိုတော့ အထူးထည့်မပြောတော့ပါဘူး။
၂၀၁၉ခုနှစ်မှာ ဆာခါသမ္မတနိုင်ငံ နဲ့ ROASTOM တို့ ပထမဆုံး မြေ ပြင်ပေါ်ဆောက် RITM-200N ဓါတ်ပေါင်းဖိုကို ဆာခါသမ္မတနိုင်ငံ‘ယာကုတီရာ’မှာ တည်ဆောက်ဖို့ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပါတယ်။
၂၀၂၀ခုနှစ်မှာ ဆောက်လုပ်ရေးစတင်ဖို့ တရားဝင် သဘောတူညီချက် နှစ်ဘက်ရယူနိုင်ခဲ့ပါတယ်။
၂၀၂၁-၂၀၂၃ခုနှစ်အတွင်း လူထုသဘောထား ရယူဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။
၂၀၂၂ခုနှစ် ဇွန်လမှာ RITM-200N ဓါတ်ပေါင်းဖို စက်ရုံ အပြီးသတ်ဒီဇိုင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။
၂၀၂၃ခုနှစ် ဧပြီလမှာ Rostechnadozor က လိုင်စင်ထုတ်ပေးပြီး စတင် တည်ဆောက်ပါတယ်။ Rostechnadozorက ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊နည်းပညာ၊နျူကလီးယား စီမံကြီးကြပ်ရေး ဖက်ဒရယ် အေဂျင်စီ အဆင့်ပါ။
၂၀၂၄ခုနှစ်မှာတော့ RITM-200N တည်ဆောက်ရေးစတင်ဖို့ လျာထား ဆောင်ရွက်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီလမှာ တည်ဆောက်ရေးသမားတွေ လုပ်ငန်းခွင်မှာ နေထိုင်ဖို့ ယာယီတဲစခန်းတွေ၊ လမ်းအသစ်တွေဖေါက် တာတွေ စ တင်ခဲ့ပါတယ်။
၂၀၂၈ခုနှစ်မှာ စတင်လည်ပတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
RITM-200N နဲ့ မြေပြင်ပေါ်ဆောက် SMR ဓါတ်အားပေးစက်ရုံကို ‘ယာကုတီရာ’မှာ ပထမဆုံး တည်ဆောက်နေတာ ဆိုတာကိုလည်း သတိပြုရမှာပါ။ ရရှိတဲ့အတွေ့အကြုံတွေနဲ့ နောက်ပိုင်းဆောက်လုပ်တဲ့ အခါများမှာ ပိုမြန် ဆန် လာတာလဲ ဖြစ်နိုင်ပါတယ်။

ဘယ်လောက်ကုန်ကျနိုင်ပါသလဲ?
နျူကလီးယားဓါတ်အားပေးစက်ရုံ စီမံကိန်းဆိုတာမျိုးက မတည်ငွေကြေး အကုန်အကျ များပြားပါတယ်။ ဒါဆို ရင် ‘ယာကုတီရာ’ပရောဂျက်မှာ ငွေ မလည်ပတ်လို့များ ကြာနေတာလားဆိုတဲ့ မေးခွန်းနဲ့ ကုန်ကျစရိတ်အကြောင်း ကို စလိုက်ပါမယ်။
တကယ်တမ်းက ‘ယာကုတီရာ’RITM-200N စီမံကိန်းအတွက် ဘဏ္ဍာ ငွေကြေးက ပူပန်စရာမရှိဘူးလို့ပဲ ပြောရမှာ ပါ။ ဘာ့ကြောင့်လဲဆိုတော့ ၂၀၂၁ခုနှစ်တုန်းက ရုရှားအစိုးရက နျူကလီးယားနည်းပညာသစ် ပရောဂျက် အ ထောက်အပံ့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါ်လာ (၇.၄)ဘီလီယံ အတည်ပြုခဲ့ဖူးတယ်။ ယာကုတီရာ’RITM-200N စီမံကိန်း လည်း အဲဒီထဲမှာ အကျုံးဝင်လို့ပါ။
SMR တွေနဲ့ပတ်သက်တဲ့ IAEA (2016)စာအုပ်အရဆိုရင် RITM-200 မြေပြင်စက်ရုံအတွက် $6000/kW လို့ ခန့်မှန်းထားပါတယ်။ ဒီတော့ အခုကြားနေရတဲ့ 110 MW အတွက်ဆိုရင် ဒေါ်လာသန်း(၆၆၀)ဝန်းကျင်လို့ ပြောနိုင် ပါတယ်။
အမှတ်တံဆိပ်၊အမျိုးအစား၊ခုနှစ်၊နိုင်ငံနဲ့ တွက်ချက်ပုံပေါ်မူတည်ပြီးလည်း စျေးနှုန်းကွာဟတာတွေ တွေ့ရပါတယ်။ အမေရိကန်ကုမ္ပဏီထုတ် NuScale SMR ကို $5100/kW, General Electric BWRX-300 ဆိုရင် $2250/kW ဆိုပြီး U.S. Department of Energy Laboratory အောက်က Idaho National Laboratory (INL)ရဲ့ 2024 အစီရင်ခံစာ မှာ တွေ့ရပြန်ပါတယ်။
Institute for Energy Economics and Financial Analysis ရဲ့ ၂၀၂၃ခုနှစ် ဆန်းစစ်ချက်အရ NuScale SMR (462 MW)ကို မူတည် တွက်တဲ့အခါ $20139/kW ကုန်ကျနေပြန်ပါတယ်။ အဲဒီနှုန်းထားအရဆိုရင် RITM-200 ထက် ၃ဆကျော် ပိုစျေးကြီးနေတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ဖို့ တခြားဆက်စပ် အကြောင်းတွေလည်း ရှိနိုင်ပါတယ်။
Rolls Royce ကုမ္ပဏီကလည်း ဒီစျေးကွက်ထဲမှာ ရှိပါတယ်။ ၂၀၁၉ခုနှစ်က 440MW စက်ရုံကို ဩစတြေးလျ နိုင် ငံမှာ ဆောက်ဖို့အတွက် အခုငွေစျေးနဲ့ဆို ဒေါ်လာ ၁.၇ ဘီလီယံ ဝန်းကျင် ကျသင့်မယ်လို့ တွက်ပေးခဲ့ဖူးပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံမှာ ဆောက်မယ့် (၁၁၀)မဂ္ဂါဝပ်အတွက် ဒေါ်လာ ၄၂၅သန်း လို့ ခန့်မှန်း ကြည့်ရမလိုပါ။
အာဆီယံနိုင်ငံ ဥပမာကိုလည်း ပေးလိုပါတယ်။ဒီလို SMR စီမံကိန်းမျိုး အင်ဒိုနီးရှားနိုင်ငံက ဘော်နီယိုကျွန်းမှာ ဆောင်ရွက်ဖို့ ဒိန်းမတ်ကုမ္ပဏီတွေနဲ့ ၂၀၂၃ခုနှစ်က သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရည်ရွယ် ချက် ကတော့ ဓါတ်မြေဩဇာ စက်ရုံကြီးတွေအတွက် အဓိကကျတဲ့ အမိုးနီးယားထုတ်လုပ်ရေးအတွက်ပါ။ သိုရီယမ် (Thorium)သုံး နျူကလီးယားစွမ်းအင်နဲ့ လည်ပတ်မယ့် Thorium powered ammonia production ဖြစ်ပါတယ်။ ဒေါ်လာ ၄ ဘီလီယံ ကုန်ကျမယ်လို့ခန့်မှန်းထားပြီး ၂၀၂၈ခုနှစ်မှာ စတင်လည်ပတ်နိုင်မယ်လို့ ယူဆထားကြပါ တယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ အကောင်အထည်ဖေါ်မယ့် ဒီစီမံကိန်းဟာ ဘယ်ဘက်က ပဲတွက်တွက် ပြည်သူ့ဘဏ္ဍာ ဒေါ်လာ သန်းရာပေါင်းများစွာ ရင်းနှီးမြှုပ်နှံဖို့လို အပ်တာကို တွေ့ရပါလိမ့်မယ်။ ကနဦးမှာ(၁၁၀) မဂ္ဂါဝပ်နဲ့ စတင် ပေမယ့် (၃၃၀) မဂ္ဂါဝပ်အထိ ဆက်လက်တိုးမြှင့်သွားမယ့် အလားအလာရှိတယ်လို့လည်း ကြားသိရတဲ့အတွက် ဒေါ်လ ဘီလီယံနဲ့ ချီတဲ့ စီမံကိန်းလည်းဖြစ်သွားနိုင်ပါတယ်။
လျှပ်စစ်ဓါတ်အား ထုတ်လုပ်ကြတဲ့အခါ ပတ်ဝန်းကျင်ပေါ် အကျိုးအပြစ် သက်ရောက်မှုကို ထည့်သွင်း စဉ်းစားသင့်ပေမယ့်၊ အခုပြောနေကြတဲ့ နျူကလီးယားစွမ်းအင်နဲ့ လက်ရှိဓါတ်အားထုတ်လုပ်ရေးကဏ္ဍရဲ့ လျှပ်စစ် ထုတ်လုပ်မှု ပမာဏသက်သက်ကိုပဲ ဒီနေရာမှာ နှိုင်းယှဉ်ပြသ လိုပါတယ်။
ပင်လောင်းမြို့နယ်မှာရှိတဲ့ တီကျစ်ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံမှာ (၆၀)မဂ္ဂါဝပ် ဓါတ်အားပေးစက် ၂လုံး ရှိလို့ ၂လုံးပေါင်း (၁၂၀) မဂ္ဂါဝပ် တပ်ဆင်ထားတယ်လို့ ပြောရမှာပါ။ ချီဖွေငယ် ရေ အားလျှပ် စစ်စီမံကိန်းကလည်း (၃၃) မဂ္ဂါဝပ် စက်၃လုံး တပ်ထားတော့ စုစုပေါင်း (၉၉) မဂ္ဂါဝပ်အင်အားလို့ ပြောနိုင်ပါတယ်။ဒါဆိုရင်အကြမ်းဖျင်း ယှဉ်ကြည့်လို့ရသွားပြီး၊ SMR ဓါတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးရင်တောင် တနိုင်ငံလုံး လျှပ်စစ်ထုတ်လုပ် သုံးစွဲနေမှုအတွက် သိသာပြောင်းလဲတဲ့ သက်ရောက်မှု မရှိနိုင်ဘူးလို့သာ ဆိုရပါလိမ့်မယ်။
အဏုမြူစွမ်းအင်သုံးဓါတ် အားပေးစက်ရုံတွေက မတည်ရင်းနှီးစရိတ် ကြီးမားပါတယ်။ စျေးပိုသက်သာတဲ့SMR လို အသေးစား ဓါတ်ပေါင်းဖိုတွေ ဆိုရင်တောင်မှ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းပြီး အဂတိလိုက်စားတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက်တော့ ဝန်ထုတ်ဝန်ပိုး အသေအချာ ဖြစ်နိုင်ပါတယ်။
၂၀၂၃ခုနှစ် ဒီဇင်ဘာလ စာရင်းအရ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)ရဲ့ အဖွဲ့ဝင် ၃၁နိုင်ငံက နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ် အသုံးပြုနေကြတဲ့အတွက်၊ သဘာဝပတ်ဝန်းကျင် ရှု ထောင့်က ကြည့်ရင်တော့ ခေတ်နဲ့ယှဉ်လိုက်တဲ့ နည်းပညာကို အသုံးပြုတယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ နျူကလီးယားနဲ့ ပတ်သက်လာပြီ ဆိုတာနဲ့ ဘေးကင်းလုံခြုံရေးက ထိပ်တန်းဦးစားပေးပါ။ ပွင့်လင်း မြင် သာမှု၊တာဝန်ယူမှု၊တာဝန်ခံမှု စတဲ့ ရိုးအီနေတဲ့ စကားလုံးတွေကိုလည်း၊ ဒီနေရာမှာ ပေါ့ပေါ့တန်တန် သဘော ထားလို့မရပါဘူး။ အရည်အချင်းပြည့်မီတဲ့ စီမံခန့်ခွဲမှု လိုအပ်ပါတယ်။ ဒီကနေ့ အာဏာသိမ်းအဖွဲ့အစည်းရဲ့ စွမ်း ဆောင်ရည်နဲ့ ကျင့်ဝတ်၊စည်းကမ်းလိုက်နာမှုတွေက နျူကလီးယားစွမ်းအင် စီမံကိန်းတွေအတွက် အဆင်သင့် ဖြစ်နေပါပြီလား။ ဒါ့အပြင် ကုန်ကျစရိတ် အင်မတန်ကြီးမားတဲ့ ဒီစီမံကိန်းဟာ အခုအချိန်မှာ မြန်မာနိုင်ငံအတွက် မရှိမဖြစ်လိုအပ်ချက်လား ဆိုတာကလည်း မေးသင့်မေးထိုက်တဲ့ မေးခွန်းပါ။
အဓိကထပ်မေးရမှာက တကယ်တမ်း ရိုးသားစစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်လိုတာလား ဆိုတာကိုပါ။ ဘာ့ကြောင့်လဲဆိုရင်တော့ အရင်စစ်ခေါင်းဆောင်တွေ လက်ထက်ကတည်းက နျူကလီးယားနည်းပညာရရှိဖို့ အားထုတ်ခဲ့မှုတွေကို တွေ့မြင်ခဲ့ရပြီးသားပါ။ IAEA ကိုယ်တိုင်လည်း မြန်မာနိုင်ငံဘက်ကသတ်မှတ်တဲ့ လိုအပ် ချက်တွေပြည့်မီအောင် မဆောင်ရွက်ပေးလိုတာကြောင့် အရင်အဆိုပြုခဲ့တဲ့ ရုရှားနဲ့ စီမံကိန်းတွေ အကောင်အ ထည် ပေါ်မလာခဲ့ရတဲ့ ၂၀၀၀ ခုနှစ်များကို ပြန်သတိရမယ် ထင်ပါတယ်။ မူလကတည်းက ရည်ရွယ်ချက် မကောင်း ခဲ့ရင်တော့ သေးငယ်တဲ့ ဓါတ်ပေါင်းဖို အရွယ်အစားကနေ စတင်လည်း တချိန်ကျအန္တရာယ်ကြီးမား လာနိုင်ပါ တယ်။
မြောက်ကိုရီးယားဆိုရင်လည်း သူ့ရဲ့ နျူကလီးယားခရီးလမ်းကို ဆိုဗီယက်ယူနီယံက တည်ဆောက်ပေးခဲ့တဲ့ 2 megawatts thermal- (MWth) IRT-2000 သုတေသန ဓါတ်ပေါင်းဖိုပါဝင်တဲ့ ‘ယွန်ဗြန်’ နျူကလီးယားသိပ္ပံ သုတေ သနစင်တာ(Yongbyon Nuclear Scientific Research Centre )နဲ့ အစပြုခဲ့တာကိုတော့ မမေ့သင့်ဘူး ဆိုတာနဲ့ပဲ အ ဆုံးသတ်လိုပါတယ်။
သီအိုဇော်
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar