Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးနဲ့ ကြွက်


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးနဲ့ ကြွက်

မိုးမခ၊ မတ် ၉ ၊ ၂၀၂၅


ဘောမဂရုတခုခု တွေ့ရင် ရီပို့မထုခင် သရေကြိုးငပု ဆိုပြီး ဝိုင်းကြွေးကြသတဲ့။ သရေကြိုးငပု ဆိုတာ မအေရိုးဂရုလို့ သိပြီးသားဟုတ်။ ရိုးရိုးအရပ်ပုသူတွေနဲ့ မဆိုင်ပါဘူးနော်။ ဒါက သရေကြိုးငပုသီးသန့်ပါ။ တော်လှန်ရေးစစချင်း ဘွဲ့ကြိုက်ပုကို သရေကြိုးတင်းအောင်ကိုင် ဆိုပြီး ဒီသရေကြိုးဘွဲ့စချီးမြှင့်တဲ့သူကို အင်မတန်လေးစားပါတယ်။ သရေကြိုးမအလ ဆိုတဲ့ကောင်ဟာ လူရော ဉာဏ်ရော ပေမမီဒေါက်မမီနဲ့ သမ္မတလုပ်ချင်လို့ အာဏာသိမ်းတာမို့ ကလေးတွေက အာဏာရူးတဲ့မင်းအောင်လှိုင် ဖုန်ရှူလိုက် ဖုန်ရှူလိုက်လို့ ပြောခံရတာ နည်းသေးတယ်လို့ ဆိုရမယ်။ အဲဒါကြောင့် ကလေးတွေကို လေယာဉ်နဲ့ ဗုံးလိုက်ကြဲခိုင်းနေတာ ဖြစ်မယ်။

သူတင် ဖုန်ရှူတာ မဟုတ်။ သူ့မိန်းမကြီးကိုပါ "ကြူကြီးရဲ့အာ ဖာမယ်ညှီလှ" ဆိုပြီး ကြူအာငွေဆိုတာ လုပ်လာပြီ။ ကျားဖြန့်တွေနဲ့ပေါင်း တိုင်းပြည်ကို ထပ်ထောင်းချေဖို့ အကြံ။ အေး ဒီရပ်ရှားခရီးစဉ်အတွင်းမှာကို ကြူ အာပြီး ကုတ်သွားနိုင်တယ်နော။

တရုတ်အဖေ ခေါ် တရုတ်လော်နမ်း တရုတ်ပန်း အိုးထဲစိုက် တရုတ်အားကီးကြိုက်လို့ တရားအားထုတ်ပေမယ့် မောင်ပု ခမျာလဲ မသက်သာရှာ။ ဟိုက ဆီမဆွတ်ဖူးလေ။ တန့်ယန်းကျားဖြန့်နဲ့ပတ်သက်ပြီး တရုတ်က သတင်းပေးလို့တဲ့၊ တပ်ရင်းကလေးတခုဘေး အဖီချရုံးထိုင်ပြီး မအလစိတ်ကူးထဲက စစ်တိုင်းကို တိုင်းမှူးလုပ် အုပ်ချုပ်နေရတဲ့ကောင်အုပ်စု အဖမ်းခံရတယ်။ ကျားဖြန့်တွေဆီက လက်ဝါးဖြန့်မှုတဲ့။ ဖာခေါင်းက ဖာသည်ကို သတင်းပေးလို့ လိုင်းကြေးယူထားတဲ့ ရဲကပြန်ဖမ်းသလိုမျိုးဆိုတော့ မိသားစုဝင်တွေက ချေးကားတိုက်ခံရတာလို့ ပြောကြသတဲ့။ ခုတော့ ရှင်နဲရာ အဂ္ဂလူထွက်ကိန်း။ တိုက်ပွဲမှာ ပြတ်တာ သေတာ များတဲ့ကြား တရုတ်အုပ်တာနဲ့ ဖြုတ်နေရတဲ့ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေက မနည်းတော့။ ဒါ့ကြောင့်လဲ ဇော်ဖုန်းဟိန်းက မအလကို ငါကိုင်ကိုင်တုတ်တာကိုး။ 

ဟော ခု တရုတ်လော်နဲ့ အော်ရပေမယ့်လဲ မတင်းတိမ် အားမရ အလိုတော်မကျသေးလို့ ရုရှား ပြေးပြန်ပြီ။ တရုတ်နဲ့ ရုရှား နှစ်ပါးအပြိုင် တဆုံးကိုင်ချင်လို့ ပြည်ပတပ် ဝင်လို့ရတဲ့ ဥပဒေ ရေးပေးပြီး တိုင်းပြည်ကြီး ထိုးအပ်တာကတော့ ပြောရရင် ရှိတဲ့ တပေါက်နဲ့ အားမရလို့ ဖြတ်ဖောက်ချုပ်လုပ်တဲ့တာပါပဲ။ နိုင်ငံခြားတပ်တွေ ခေါ်သွင်း ဗျင်းချင်သလို ဗျင်းတော့ဆိုပြီး ကော့ကော့ကုန်းတော့တာကလား။

စစ်ဗိုလ်ချုပ်တွေ ဆိုတာ ဘာအသိဉာဏ် အမြော်အမြင်မှမရှိတော့ ပြည်သူ့အုံကြွတော်လှန်မှုပေါ်လာလို့ မတရားယူထားတဲ့အာဏာ လက်လွှတ်ရတော့မယ့် အခြေအနေ ရောက်လာတိုင်း ကိုယ့်တိုင်းပြည်ကို သူခိုးဈေးနဲ့ ထိုးထိုးရောင်းတတ်တာ တပ်သဘာဝတောင် ဖြစ်နေတာ ကြာပလေ။ သန်းရွှေကြီး ချပေးခဲ့တဲ့ လမ်းကြောင်းမှာ မအလကတော့ ဆရာ့ထက် တပည့်လက်စောင်းထက်တာပေါ့။ ထက်တယ်သာ ပြောရတာ၊ ဂျလုံးပလုံးသူခိုးဂျပိုး ကိုယ့်တိုင်းပြည်ကိုယ် ထိုးအပ် ဇာတ်ပျက်ကောင် ဆိုတော့ကား  တိုင်းပြည်လိုက် ထိုးပေးတာတောင် သူလာလဲ တရုတ်တို့ ရုရှားတို့က ရပ်ကွက်ထဲ ဆယ်အိမ်ခေါင်း ဝင်လာသလောက် သဘောထားတာ။ အဲဒီဆယ်အိမ်ခေါင်းကောင် ထောက်ကွ ထောက်ကွ မြှောက်ကြွမြှောက်ကြွနဲ့ ရပ်ကွက်ထဲ ဝင်လာတော့ ခွေးကဟောင်တာပေါ့။ "အံမာ ဒီခွေး ငါ့များ နှယ်နှယ်ရရမှတ်နေလား" ဆိုတဲ့ မျက်နှာနဲ့ ခပ်တည်တည်သွားတာဘဲ။ ဟိုက အရူးကီးခေါ်ခေါ်နှိပ်တာလေ။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ဆက်ဆံရမယ်ဆိုရင် ကိုယ့်တိုင်းပြည်က ဘာတွေ ဘယ်လောက် အမ်းရအမ်းရ ဆိုတဲ့ကောင် မဟုတ်လား။

အမယ် ရုရှားမသွားခင် ညစ်ပြာက သစ္စာတွေ ဘာတွေ ပြောသွားသေးတာ။ ဘယ်လောက်ယုတ်ယုတ်ရတယ်၊ သစ္စာတော့ မဖောက်နဲ့တဲ့။ သစ္စာဖောက်ရင် ခွေးမလွှတ်ဖူးတဲ့။ ခွေးဆိုတော့ ခွေးစကားပြောတာပေါ့။ ဘယ် သွေးစကားပြောမလဲ။ သူ့အတွက် အသေခံပေးတဲ့ စစ်သားဆီက ပိုက်ဆံတောင် သားနဲ့ပေါင်း သစ္စာဖောက်တဲ့ကောင်။ အဖေက ပင်စင်မပေး၊ သားက အသက်အာမခံကြေး ထုတ်မပေး။ ဒီမှာ သူတို့အတွက် သောက်သောက်လဲသေတဲ့ စစ်သားမသာတွေကိုတော့ တစက်မှ လှည့်မကြည့်ဘဲ ရုရှားကျမှ အညတြစစ်သည်သင်္ချိုင်းသွား လွမ်းသူပန်းခွေချသတဲ့။ စောက်ပုရဲ့ စောက်ပိုတွေလေ။ 

အင်း ရုရှားမှာ ခွေးမင်းနဲ့ ကြွက်မင်းတွေ့ကြပုံက တကယ့်ဟာသ။ လူရာမဝင်တဲ့ကောင်နဲ့ တွင်းအောင်းသတ္တဝါ တွေ့ကြတာ။ ဒီက တွေ့သမျှ လူလိုက်ကိုက်တဲ့ ခွေးရူး။ ဟိုက တွေ့သမျှပစ္စည်းလိုက်ကိုက်ဖျက်ဆီး လူတွေကို ဒုက္ခကြီးကြီးပေးတဲ့ တွင်းအောင်းကောင်။ ကြားက ဗုဒ္ဓက ဒုက္ခရောက်အုံးမယ်။ ပေါက်ကရ ရေးထားတဲ့ စာရေးဆရာရဲ့ စာတွေ ပေါတောတော ကောင်လက်ထဲရောက် အတည်ပေါက်လျှောက်ဖော ဘုရားဟောပါ လုပ်တော့ အင်း ပူတင်တောင် ဘုရားရဲ့ဒါယကာဟောင်းကြီး ဖြစ်သပေါ့လေ။ မသိရင် သူတို့က နောင်ပွင့်မယ့်ဘုရားမှာ လက်ဝဲတော်ရံနဲ့ လက်ယာတော်ရံလိုလို။ တကယ့် ခွေးနဲ့ကြွက်။

-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar