ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးနဲ့ချေး
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးနဲ့ချေး
မိုးမခ၊ မတ် ၁ ၊ ၂၀၂၅
ခွေး ချီးနိုင်သလို ဆိုတဲ့စကား ခုမှ အတိအကျ နားလည်တော့တယ်။ ခွေးမအလက ချီးစိုးဝင်းကို ဗိုလ်ချုပ်တွေရှေ့ဆို အသားကုန်ဆဲဆိုပဲ။ ခြေထာက်နဲ့များ ကန်သေးလား မသိ။ နိုင်ငံခြားသတင်းထောက်က တပ်က ပင်စင်မယူသေးဘူးလား မေးတုန်းကလဲ အောက်ကကောင်တွေ တပ်ခေါင်းဆောင် ဖြစ်လောက်တဲ့ကောင် မရှိလို့ မလွှဲတာဆိုပြီး ကမ္ဘာသိ ဒချိခဲ့သေးတာဆိုတော့ မိတင်တွေမှာ ထင်သလိုဆဲတယ် ဟောက်တယ်ဆိုတာ မဆန်းတော့ဘူးလေ။ အေးလေ ဆဲမယ်ဆိုလဲ ဆဲစရာ၊ မယားနဲ့သားတောင် အပိုင်မရှိတဲ့ကောင် မဟုတ်လား။
ဒီရက်ပိုင်း မအလက ဆင်ဖြူဆန့်သလို ခင်ကြူ ဂန့်မှာ ကြောက်နေသတဲ့။ အဲဒီဟာမကြီး သေမှာကြောက်တာထက် ပိုကြောက်တာ ရှိသေးတယ်တဲ့။ ဆင်နဲ့ အင်္ဂါနံချင်း တူတာက စစ် ဆိုတော့ ဆင်သေတာဟာ စစ်သေ စစ်ရှုံးတာပဲ ဆိုတဲ့သဘောမို့ ဆင်သေသတင်း သူ့တပ်တွင်း မသိအောင် လိုက်ဖုံးဖိနေပေမယ့် ဆင်သေကို ဆိတ်ရေနဲ့ ဖုံးမရတော့ ကုန်းလိုက် ကွလိုက် ဖြစ်နေဆိုဘဲ။ အင်း အဲဒါကြောင့်များ စိုးဝင်းကို ပိုဆဲနေသလားမသိ။ မအလ ဆိုတဲ့ကောင်က စိုးဝင်းကို တပ်ချုပ်ရာထူးသာမပေးတာ သရေကြိုးဘွဲ့တော့ ပူးတွဲချန်ပီယံ။
လောလောဆယ် ဆင်သေတဲ့အဖက်ကတော့ ကျောက်ဆည်ဆင်ကြီး အိမ်တော်စောင့်တွေ အလဲခံရတာဘဲ။ သာဂေါင်ကြီးရဲ့ ကျွန်ယုံတွေ ဖယ်ပြီး မအလက သူ့လူတွေ ထားလိုက်ပြီ။ သဘောကတော့ အကျယ်ချုပ်ပေါ့။ ရွှေကြီးဆီက ဒေါ်လှတွေ နွှာတော့မယ့်ပုံ။ ရွှေကြီးခေတ်လူတွေပါ မျက်ခုံးလှုပ်နေကြပတဲ့။ သမက်တော့ ကိုင်ပြီးပြီ။ မြေးကိုတော့ မွေးဂဏန်းထားပုံရတယ်။ အဲဒီ မန်ယူ မျက်စပစ်ကောင် နေရွှေသွေးအောင်ကို ဘယ်နေ့ကိုင်မယ် မသိ။ ဒီကောင် အရင်လောက် ဇောင်းမထရဲပေမယ့် ရန်ကုန်မှာ အိမ်သစ်တက်ပွဲတွေ ဘာတွေလုပ် ကဲနေတယ်ဆိုပဲ။
တော်လှန်ရေးစတော့ ဓမ္မနဲ့ အဓမ္မမှာ ကြားနေမရှိဘူး ဆိုတာကို လက်မခံချင်တဲ့သူတွေ ရှိတယ်။ ခုထိလည် ရှိကြပါတယ်။ တရားပြသလိုလို ကြားချသလိုလိုတွေ။ အဲဒီ ဓမ္မနဲ့ အဓမ္မမှာ ကြားနေမရှိဘူးဆိုတာ စစ်မှုထမ်းဥပဒေထုတ်တော့ ပိုရှင်းသွားတယ်။ အဲဒီဥပဒေရဲ့ အဓိကပစ်မှတ်က ကြားနေဆိုသူတွေပဲ။ ငါတို့ ဘာမှမဖြစ်ပါဘူးဆို နေနေတဲ့သူတွေဆိုတော့ ဆွဲရလွယ်သွားတယ်။ ဟော ခု သန်းခေါင်စာရင်း ကောက်ထားတဲ့အတိုင်း ခေါ်မယ်ဆိုတော့ ကြားနေဆိုတာ မရှိတော့ဘူးလေ။ နိုင်ငံခြားရောက်နေလဲ ခေါ်တဲ့အချိန် ပြန်လာရမယ်၊ မလာရင် မိသားစုကို ဒုက္ခပေးမယ်။ အဲ သူတို့လူတွေကိုတော့ ရုရှားမှာ မြန်မာလုပ်သား စေလွှတ်မယ်ဆိုတဲ့အစီအစဉ်နဲ့ အပြင်ထုတ်ဖို့ လမ်းကြောင်းဖွင့်ပေးတယ်။ ကျန်တဲ့ကောင်တွေ ပြန်လာ၊ မလာရင် နာမယ်ပေါ့လေ။ တချို့တွေက ကြားနေလို့ရတယ် ထင်ခဲ့ကြတာ။ အနီနဲ့ အစိမ်းကြားမှာတော့ ကြားရှိတာပေါ့။ ဒါက အရောင်ကိစ္စမဟုတ်။ ပါတီကိစ္စ မဟုတ်။ စစ်အာဏာရူး ဖြုတ်ချရေးကိစ္စ။ အဓမ္မ အမြစ်ဖြတ်ကိစ္စ။ ဓမ္မစိုးမိုးနယ်မြေက လူတွေတော့ ဘာမှပူစရာမလို။ အဓမ္မစိုးမိုးနယ်မြေမှာတော့ မိအိုဖအိုတွေဆိုတာ စိုးတထိတ်ထိတ်နဲ့ အိပ်မပျော်ကြ။ သားအရေး မြေးအရေးနဲ့ တမှေးမှ မပျော်ကြ။ ကျန်းမာရေးပျက်၊ စီးပွားရေး ခက်သထက်ခက်လာ၊ ဘယ်ချိန် တံခါးလာခေါက်မလဲ၊ သေနတ်နဲ့ လာချိန်မလဲ၊ ဘယ်သူ့ကို ဆွဲခေါ်သွားမလဲ၊ ဘာတွေကို ယူသွားမလဲ၊ မရဲတရဲနေနေရတဲ့ဘဝ။
မအေရိုးကတော့ ဘုရား ဘုရားနဲ့ မတရားပြီးမတရား ထပ်လုပ်ပြန်ပြီ။ သူ့ဘာသာ ကြောက်ပြီး ဆက်မကြောက်ရတော့ဘဲ အရင်လို ဆက်ခြောက်လို့ရနေအောင် ချောက်မှာ ဘုရားတည်မယ်တဲ့၊ သူ့ဘာသာ တည်တာ မဟုတ်၊ ဗိုလ်ချုပ်ဘုရား ဓားပြကောင်းမှု ဆိုတဲ့အတိုင်း အကုန်လုံးဆီက မဟာတရား ဓားပြတိုက်တေတော့တာ။ အမယ် နေရာက အပူရှောင်ကွင်းမှာ။ ဆက်ခြောက်ချင်လို့ချောက်မှာ ဘုရားတည်မယ် ဆိုပေမယ့် ကြောက်စိတ်ဖုံးနေတော့ အပူရှောင်ကွင်းမှာ နေရာရွေးသတဲ့။ ချောက် ဆိုတဲ့အတိုင်း ခြောက်ကပ်သွားမှာ သေချာတယ်လေ။ ကလေးလေးတွေကို ဦးစားပေး သတ်နေတဲ့ကောင်က အပူရှောင်ချင်သေးသတဲ့။ သူ့မြေးလေးတွေအတွက်ပေါ့လေ။ အဲသလို ကြောက်ချေးပန်းနေတော့ တရားအားထုတ်သလိုလိုနဲ့ အမှန်က တရုတ် အားထားနေရတာ။ ခု တရုတ်အားကိုးနဲ့ ဆွေးနွေးပွဲတွေ လုပ်ရင်း သွေးခွဲဖို့ ကြံတာ၊ တားဘုန်းကျော်ကတော့ ဒီစစ်ရာဇဝတ်ကောင်တွေနဲ့ ပြည်နယ်ပေးမယ် ဆိုရင်တောင် ဆက်မဆွေးနွေးဘူးပြောပြီ။ AA ကလည်း စစ်ခွေးကင်းစင် ရခိုင်တခွင်ပဲ၊ တပြားမှ လျှော့မယ် မဟုတ်။ ကပစ တွေ မရဘဲလည်း နောက်ဆုတ်ဖို့ မရှိ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar