ဝင်းမင်းခိုင် - ငါတို့နားစွင့်ထားကြတယ်
ငါတို့နားစွင့်ထားကြတယ်
ဝင်းမင်းခိုင်
(မိုးမခ) မတ် ၁၉၊ ၂၀၂၅
သားဖွားခန်းထဲကကလေးငိုသံ
ငါတို့ကြားတုန်းက
ခြေလက်အင်္ဂါစုံရဲ့လားလို့မေးတော့
ကောင်းမွန်တဲ့အဖြေ
ငါတို့ရခဲ့တယ်
သူ့ဦးနှောက်နဲ့သူ့ခန္ဓာဖွံ့ဖြိုးပုံကလည်း
အားရစရာပါပဲ
အခုသူ
မတ်တပ်ရပ်နေပြီ
သူ့ခြေသံ
ငါတို့နားစွင့်နေကြတယ်
၁၃.၃.၂၅
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar