တပ်ဦးလ - စစ်ပွဲရေ ဝါး
စစ်ပွဲရေ ဝါး
တပ်ဦးလ
(မိုးမခ) မတ် ၂၊ ၂၀၂၅
ပဲနဲ့ အသားငါးတွေ
အပြိုင်ဈေးတက်နေတော့
ချဉ်ပေါင်ရွက်က စိတ်လှုပ်ရှားမှာပေါ့
စပါးခင်းဟာ
ဂျုံခင်းကို ငေးလို့
ဆီ ငရုတ် ကြက်သွန်
ဆားနဲ့ အချိုမှုန့်ဆို
နေစရာ နေရာမရှိတော့
ပြည်တွင်းစစ်မီး ပြီးခဲ့ရင်
ကျနော့်ကို အရင်ခွဲစိပ်ပေးပါ မေမေ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar