လင်းလက်နွေဦး - ပိုးတောင်မာ
KT#
ပိုးတောင်မာ
လင်းလက်နွေဦး
(မိုးမခ) မတ် ၇၊ ၂၀၂၅
ငြိမ်းချမ်းရာ တကွက်မရှိ
ငါတို့အားလုံး
မြေရှားပါပဲ
ခေါင်းကိုမော့ အဆုတ်နှစ်ဘက်
တင်းတင်းပြည့်ဖို့
လေအိပ်လေးတွေ ပိန်ကပ်တဲ့အထိ
ရှူမထုတ်ရဲ
အသက်ဟာ ဆီလို အပေါက်ရှာတယ်
သေနည်းလေးမျိုးရှိတယ်
ဘယ်နည်းနဲ့မဆို
အိုကြည့်ချင်တယ်
အဘ ပြောခဲ့တဲ့ ဂျပန့်ခေတ်
အပိုင်း နှစ်
အပိုင်း သုံးတွေ ဆက်ပြောချင်တယ်
မြေးလေးတွေ
ပေါင်ပေါ်တင်ပြီး မျက်လုံးအဝိုင်းလေးတွေကြားမှာ
တပတ်ပြီး တပတ်
လည်နေတဲ့ လှည်းဘီးမှာ ကပ်ပါနေတဲ့
အကောင်ငယ်
နာကျဉ်ချိန်ပို ကြာလွန်းတယ်
နွေဦးမှာ သတ်ချခံရတဲ့ ရိုးတံများ
ပုရစ်ဖူးနိုင်အုံးမလား။
5.3.2025 11:19am
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar