မိုးသိကြား - ထရန့်-ပူတင် ကမ္ဘာ့ဒိုင်မေးရှင်း

(မိုးမခ) မတ် ၂၇၊ ၂၀၂၅
(ပုံက ချက်ဂျီပီတီကို ဆွဲခိုင်းပါတယ်)
"ဘယ်လိုလဲကိုဗမာရဲ့၊ခေတ်သစ်အာဏာရှင်တော်လှန်ရေးလို့ကြွေးကြော်ထားတဲ့ခေါင်းစဥ်ကြီးအခုထိမပြောင်းနိုင်သေးပါလား"
"အေးဗျာ၊ကိုယူအက်စ်ရေ၊အငြင်းပွားစရာတွေရှိတာတော့ဝန်ခံပါတယ်၊၃နှစ်ကျော်၄နှစ်အထိတော့အတော်ရွေ့နိုင်ခဲ့တာပါ၊အခု"
"ဘာလဲဗျ၊ကမ္ဘာ့နိုင်ငံရေးဒိုင်မေးရှင်းအသစ်ဖြစ်လာလို့ခင်ဗျားတို့စဥ်းစားနေပြီမို့လား"
"မှန်သဗျို့၊သမ္မတဘိုင်ဒင်လက်ထက်က ဒိုင်မေရှင်းမဟုတ်တော့ပဲကိုးဗျ"
"အမှန်တော့ဒိုင်မေးရှင်းတို့ရဲ့ပင်ကိုယ်သဘောကိုကအလျား၊အနံ၊အနက်၊ရွေ့လျားနူန်းတွေနဲ့အမြဲဆန်းသစ်တဲ့သဘာဝလက္ခဏာလေဗျာ၊ အခု ထရန့်နဲ့ပူတင်တို့က အဲဒါကိုလက်တွေ့ပြနေပါကောလား၊ ကမ္ဘာကြီးဟာမနေ့ကလိုမဟုတ်တော့ဘူးဗျ၊ဒါကြောင့် ပြောရမှာအားနာသဗျို့၊ခင်ဗျားတို့နွေဦးခရီးဟာ မေးရမှာတွေ ရဲရဲမေးကြဖို့လိုလာပြီဗျို့"
"အဲဒါလည်းခက်လားလားကိုယူအက်စ်ရယ်၊ ၄နှစ်စာလောက် ဟုတ်တုတ်တုတ်ဖြစ်လာပြီးကမှ၊ အခုဒိုင်မေးရှင်းအသစ်နဲ့ တိုးလေတော့ ဘယ်မှာ ရုတ်တရက် အသားကျပါ့မလဲဗျာ"
"အင်း၊ကျနော်မှတ်မိနေတဲ့ ဝါရှင်တန်ရဲ့သဘောထားတချို့ဒီနေရာမှာခင်ဗျားကို ဆွေးနွေးမယ်ဗျ"
"ဟုတ်၊ဆွေးနွေးပါဗျ"
"ဟိုးလွန်ခဲ့တဲ့သမ္မတအိုဘားမားလက်ထက်ကပေါ့ဗျာ၊ ဝါရှင်တန်ဘက်က နိုင်ငံရေးပရောဟိတ်တချို့ကခင်များတို့မြန်မာပြည်ကို တွက်ကိန်းထုတ်တာရှိသဗျ၊ အဓိကကတော့ဗျာ၊ စစ်အာဏာရှင်မျိုးဆက်ကိုမွေးထုတ်မြဲ မွေးထုတ်နေတာတွေက စစ်တပ်အသိုင်းဝိုင်းကချည်း မဟုတ်ဘူး၊ လူထုဘက်ကလည်း ၅၀ရာခိုင်နူန်း ပါနေတဲ့အချက်ပဲဗျ၊ အဲဒါ ခင်ဗျား ကြိုက်ချင်မှကြိုက်မယ်"
"ကြိုက်မကြိုက်ဆိုတာထက်၊ ဘာကိုအခြေခံပြီး ဒီအချက်ထွက်လာတာလဲ ပိုသိချင်သဗျို့"
"ဒီလိုကိုဗမာရဲ့၊ ၁၉၆၂က စလို ပေါ့ဗျာ၊ လူထုအရေးတော်ပုံတွေပေါ်လာတာကနေ၊ ၁၉၈၈၊ ရွှေဝါရောင်သံဃာအရေးတော်ပုံ၊ နောက်၂၀၂၁၊ အခုနွေဦးတော်လှန်ရေးဆိုပါတော့ဗျာ၊ အဲဒီအရေးတော်ပုံကြီးတွေရဲ့ ကြားကာလစစ်တမ်းအရဆိုရင် ခင်ဗျားတို့ပြည်သူလူထုကပဲ စစ်တပ်ကို "မ" တင်ခဲ့ကြတယ်လို့ ဆိုလိုတာဗျ၊ စစ်တပ်နဲ့ မကင်းမရှင်း လုပ်ကိုင်နေထိုင်တဲ့စနစ်ကို ဆိုလိုတာဗျ၊ လွတ်လပ်ရေးကျေးဇူးရှိလို့စစ်တပ်နဲ့ ပြည်သူ ကြည်ဖြူတာမျိုးတင်မကဘူး၊ စစ်အာဏာရှင်တွေနဲ့ စီးပွားဘက်လို နေထိုင်လာတာအသားကျလာတဲ့ စနစ်ကို ပြောတာ၊ ဘာသာရေးအင်အားစုတွေက ပိုဆိုးသဗျ။"
"ဟုတ်ပဗျို့၊ကျုပ်မှတ်မိပါပြီ၊ ဘာသာရေးအသိုင်းအဝိုင်းကတော့ ဘုရင်ခေတ်ကတည်းကမို့ ထားတော့ဗျာ၊ လူထုဖြစ်နေပုံက၊ ဒီကနေ့၁၀တန်းအောင်စာရင်းထွက်တာနဲ့ နောက်နေ့ နိုင်ငံပိုင်သတင်းစာတွေတအား ရောင်းရတော့တာပဲ၊ မှန်သဗျာ၊ ဗိုလ်လောင်းသင်တန်းခေါ်စာတွေ အလုအယက်ဖြစ်ကြသကိုး၊ဟုတ်ပြီ၊ ဟုတ်ပြီ"
"မကသေးဘူးကိုယ့်လူရဲ့၊ စစ်တပ်ကြီးဟာ ကြီးပွားတိုးတက်ရာ အခြေခံအခွင့်အလမ်းဌာနကြီးအဖြစ် ၈၈နောက်ပိုင်းမှာ အတိအလင်းပုံပေါ်လာတာ မှတ်မိဦးမလားဗျာ၊ နိုင်ငံပိုင်စီးပွားရေးတွေ စစ်တပ်က ဝင်လုပ်တော့ ဘယ်မိဘကများ ကိုယ့်သားသမီး အဲဒီထဲဝင်မပါဖို့ တားကြသလဲ၊ နိုင်ငံရေးအခြေခံရှိတဲ့မိသားစုများမှတပါး ဘယ်မိဘမဆို စစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးထဲ သွားစေချင်ကြ မဟုတ်လားဗျာ၊ ပြည်ပထွက်နိုင်သူတွေက ထားတော့ပေါ့"
"မှန်နေပါရောလားဗျ"
"အေးလေ၊ အဲဒီစနစ်ကြီးက နှစ်ပေါင်း၃၀ကျော်လာတော့ စစ်တပ်ဆိုတာ နည်းတဲ့ထုထည်ကြီး ဖြစ်မလာပေဘူးလားဗျာ၊ တစ်နိုင်ငံလုံးနဲ့ တွက်စစ်ကြည့်တော့ မကင်းရာမကင်းကြောင်းက ၅၀ရာခိုင်နူန်း ဖြစ်နေပေသကိုးဗျ၊ ပြီးတော့က နယ်မြေဒေသအလိုက် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ထပ်ထပ်ပေါ်လာပြီး စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး စီးပွားဖြစ်ကြတဲ့ခေတ်ကြီး မဟုတ်ပေလားကဗျ၊ အဲဒါကို ဝါရှင်တန်က သိထားသဗျို့"
"သြော်၊ ဒါကြောင့် ကျုပ်တို့ကို ကူညီရေး သိပ်မတွေးကြပေသကိုး"
"ကိုင်း၊ အခုနွေဦးမှာ အလွန်အားကိုးရတဲ့ တော်လှန်ရေးခေါင်းဆောင်တွေ တိုက်ပွဲတွေနဲ့အတူ ပေါ်လာတာကို ဆက်လေ့လာကြစို့ဗျာ၊ သူတို့ပန်းတိုင်ကအလွန်မြင့်မားပါတယ်၊ ဒါကြောင့် ကြားကာလတစ်ခုလိုလာတယ် မို့လားဗျ၊ အဓိကကတော့ငွေကြေးနဲ့ နိုင်ငံတကာမျက်နာစာ ထိတွေ့ဆက်ဆံရေးပေါ့ဗျာ၊ အဲဒါတွေက ရန်သူစစ်တပ်နဲ့ယှဥ်ရင် အခက်ခဲဆုံးဖြစ်နေတာ လက်တွေ့မဟုတ်လားဗျ၊ ဒီအထဲ အခု ထရန့် - ပူတင် ဒိုင်မေးရှင်းအသစ် ဝင်လာတော့ အလျား၊အနံ၊အနက်၊ အရွေ့တွေနဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ပြောင်းစပြုနေပြီလေဗျာ၊ အဲဒါကိုဘယ်လိုစီးမျှောရွေ့ကြမလဲ၊ လိုကို လိုလာပြီမို့လား"
"လိုသမှသိပ်လိုပေါ့ဗျာ"
" အေးဗျာ၊ ရန်သူကအားသာသွားရင် ခင်ဗျားတို့ဒီနွေဦးဟာ အလွန်ရှည်ကြာတဲ့ခရီး ဖြစ်သွားနိုင်သပေါ့ဗျာ၊ တော်လှန်ရေးအစုအဖွဲ့ကြီးတွေကလည်း ငြိမ်းချမ်းရေးခေါင်းစဥ်အောက်ကနေ ရွေ့သွားနိုင်သဗျ၊သူတို့မှာ နေ့စဥ်စားဝတ်နေရေးတွေ၊ အသက်ရှင်သန်ရေးတွေက ခင်ဗျားတို့ အွန်လိုင်းသမားတွေလိုမှမဟုတ်ပေသကိုး၊ အညံ့ခံတာမျိုးမဟုတ်ပေမယ့်၊ အသက်ရှူချောင်ဖို့၊ ရေရှည်ခရီးကို ဘယ်လိုသွားရမလဲဆိုတာ လိုပေသဗျ"
"အေးဗျာ၊ လွန်ခဲ့တဲ့နှစ်တွေက ကြွေးကြော်ထားတာတွေ ထပ်ထပ်သက်တမ်းတိုးရတာလဲ ကြာတော့၊ အင်း ကြာတော့လည်း ကြာသပေါ့လို့ ဆိုရရုံဖြစ်နေပြီဗျ၊ ဒါဘဲ တတ်နိုင်ပေသကိုး"
"အဲဒီ ဒိုင်မေးရှင်းအဟောင်းကြီးကို ခင်ဗျားတို့စွန့်တော့ဗျ၊ ထရန်-ပူတင်စနစ်ကို ကျုပ်လည်း မကြိုက်ဘူး၊ တကမ္ဘာလုံးလည်း မကြိုက်ဘူး၊ ဒါပေမယ့်ဒီအရွေ့မှာ ကိုယ်ရပ်တည်နိုင်ဖို့ လမ်းစဥ်အဟောင်းကိုတွယ်ထားလို့တော့ မဖြစ်ရေးချမဖြစ်ပဲဗျို့၊ တော်လှန်ရေးမှာ လူငယ်တွေ အများကြီးဗျ၊ သူတို့ဘယ်လိုရွေ့လျားမယ်ဆိုတာ နည်းနာကြည့်ဖို့ အလွန်ကောင်းတယ်လို့သာ ကျုပ်တော့ တိုက်တွန်းချင်ပါ့ဗျာ၊အောင်ကြပါစေနော့"
မိုးသိကြား
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar