ဟောလိဝုမင်းသားကြီး ဂျင်းဟစ်မင်နဲ့ ဇနီးသည်တို့ သေဆုံးရတဲ့ ဖြစ်ရပ်မှန် - ဝမ်းနည်းဖွယ် ဇာတ်သိမ်း

နိုင်ငံတကာသာဂိ (မိုးမခ) မတ် ၉၊ ၂၀၂၅
New York Times Newspaper ကနေ ဘာသာပြန်ပါတယ်
အမေရိကန်ပြည်၊ နယူးမက္ကစီကိုပြည်နယ်၊ ဆန်တာဖီးမြို့က ကိုယ်ပိုင်ခြံဝင်းနဲ့ အိမ်ယာမှာ သီးခြားနေထိုင်တဲ့ ၉၅ နှစ်အရွယ် ဟောလီဝုမင်းသားဟောင်းကြီး ဂျင်းဟစ်မန်နဲ့ ၆၅ နှစ်အရွယ် ဇနိးတို့ နေအိမ်မှာ သေဆုံးနေကြတာ ၁၀ ရက်ကျော်မှ ပြင်ပက လူတွေ သိကြပါတယ်။ သူတို့ဘယ်လိုသေဆုံးသွားကြတယ်ဆိုတာ ချက်ခြင်း ရဲဌာနက ထုတ်ပြန်နိုင်ခြင်း မရှိပါဘူး။ အခု သေဆုံးရတဲ့အကြောင်းရင်းကို အခု နောက်ထပ်သတင်းတပတ်ကြာမှ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များကို အတိအကျမသိရသော်လည်း အသက် ၉၅ နှစ်ရှိ အယ်လ်ဇိုင်းမားရောဂါရှိသူ မစ္စတာဟက်မန်းသည် ၎င်း၏ဇနီးက အရင်ကွယ်လွန်ခဲ့ပြီးနောက် သူတဦးတည်း ၁ပတ်လောက် ရှင်သန်နေသေးပါသည်။ ပြီးမှ သူလည်း ကွယ်လွန်သွားသည်ဟု စုံစမ်းမှုများက ထုတ်ပြန်ပါတယ်။
Gene Hackman နှင့် Betsy Arakawa တို့သည် 1991 ခုနှစ်တွင် လက်ထပ်ခဲ့ပြီး Santa Fe မြိ့လေးမှာ ဇာတ်မြုတ်နေထိုင်ခဲ့ပါတယ်။ နာမည်ကြီး ခေတ်ပြိုင်မင်းသား ကလင့်အိစ်ဝုနဲ့ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အော်စကာ ၂ ဆုလည်း ဆွတ်ခူးခဲ့ပါတယ်။
သူ၏ဇနီး Betsy Arakawa က သတိမေ့ရောဂါသည် ဟက်မန်းကို နှစ်ပေါင်းများစွာ ပြုစုခဲ့သူ ဖြစ်ပါတယ်။ သူ့ခင်ပွန်းထက်အရင် သူကွယ်လွန်လိမ့်မယ်လို့လည်း သူမ မျှော်လင့်ထားပုံမရပါဘူး။ Mr. Hackman သည် နှလုံးရောဂါဖြင့် နောက်ဆုံးမှ ကွယ်လွန်ခဲ့သော်လည်း အယ်လ်ဇိုင်းမားရောဂါကလည်း ၎င်း၏သေဆုံးမှု၏ ပယောဂဖြစ်နိင်တယ်လ်ု့ New Mexico ၏ ဆေးစစ်အရာရှိချုပ်က ပြောကြားခဲ့သည်။

မစ္စ အာရာကာဝါသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရှားပါးသော သဘာ၀ကူးစက်ရောဂါဖြစ်သည့် ကြွက်များဆီက ပိုးကူးစက်ပြီး ပထမဆုံးသေဆုံးသွားကာ မစ္စတာဟက်မန်းသည် အသက် ၉၅ နှစ်ရှိ အယ်လ်ဇိုင်းမားရောဂါဖြင့် ရက်ပေါင်းများစွာ အိမ်ထဲတွင် တစ်ယောက်တည်း နေထိုင်ခဲ့သည်။ တစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကွယ်လွန်သွားသည်ဟု ဆေးစစ်ချက်များက ပြောပါတယ်။
အိမ်နဲ့ ခြံသန့်ရှင်းရေးလာလုပ်သူ ဝန်ထမ်းများက သူတို့အိမ်တံခါးကို အိမ်ရှင်တွေ လာမဖွင့်ပေးတာကြောင့် ရဲကို အကြောင်းကြားခဲ့တာကြောင့် ဝင်ရောက်စစ်ဆေးတဲ့အခါ ရှစ်ရက်ကြာနေတဲ့ သူတို့ရဲ့ ပုပ်ပွနေတဲ့ အလောင်းတွေကို တွေ့ကြရတာပါ။ သူမ၏ သောက်နေကျ ဆေးပုလင်းအနီးရှိ ရေချိုးခန်းကြမ်းပြင်တွင် မစ္စ အာရာကာဝါ အသက် ၆၅ နှစ် ကို သေဆုံးနေတာ အရေးပေါ် ကျန်းမာရေးလုပ်သားများက တွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့ ခွေးသုံးကောင်ထဲက တစ်ကောင်ဖြစ်တဲ့ Zinna ဟာ ဗီရိုထဲက ခွေးလှောင်အိမ်ထဲမှာ သေဆုံးနေပါတယ်။ မစ္စတာ ဟက်မန်း၏ ရုပ်အလောင်းကို အခန်းတခန်းထဲတွင် လဲကျသေဆုံးနေတာကို တွေ့ကြရပါတယ်။
နယူးမက္ကဆီကို၏ ဆေးဘက်ဆိုင်ရာ စစ်ဆေးသူ အကြီးအကဲက အယ်လ်ဇိုင်းမားရောဂါသည် မစ္စတာဟက်မန်း သေဆုံးမှုမှာ သူ့ရောဂါကနေဆင့် နှလုံးသွေးရပ် သေဆုံးခဲ့ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။ မစ္စစ် အာရာကာဝါကတော့ နယူးမက္ကဆီကိုရှိ ကြွက်များ၏ မစင်တုံးများ အကြွင်းအကျန်များကို ထိတွေ့မိခြင်းကြောင့် ကြွက်ရောဂါပိုးဖြစ်သည့် ဟန်တာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သည်ဟု ဆိုပါတယ်။
Gene Hackman ၏ဇနီး Betsy Arakawa သည် ရောဂါပိုးရှိသော ကြွက်များနှင့် ထိတွေ့မိလေ့ရှိသော ရှားပါးရောဂါဖြစ်သည့် hantavirus ၏သက်ရောက်မှုကြောင့် သေဆုံးသွားခဲ့သည်။ Hantavirus သည် United States တွင် တွေ့ရှိရသောရောဂါများတွင် အချို့သောပြည်နယ်များတွင် ဖြစ်ပွားလေ့ရှိသည်။ ရောဂါဖြစ်နေသည့် ကြွက်တံတွေးမှတဆင့် ကူးစက် နိုင် သည်။ ကြွက်အမှုန်အမွှားများ သို့မဟုတ် စွန့်ပစ်ပစ္စည်းများကို ရှူရှိုက်ခြင်းဖြင့် ကူးစက်တတ်ပါသည်။
အစပိုင်းတွင် ဟန်တာဗိုင်းရပ်စ်သည် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်း အပါအဝင် တုပ်ကွေးကဲ့သို့သော လက္ခဏာများကို ဖြစ်စေသည်။ ဒါပေမယ့် ရောဂါတွေ တိုးလာတာနဲ့အမျှ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ပေါ်လာပြီး လူနာတွေဟာ အသက်ရှူကြပ်ပြီး အဆုတ် ဒါမှမဟုတ် နှလုံးရောဂါ ခံစားရနိုင်ပါတယ်။
ထိုရက်သတ္တပတ်အတွင်း အိမ်၌ဖြစ်ပျက်ခဲ့သော အသေးစိတ်အချက်အလက်များကို အတိအကျမသိနိုင်ကြပါ။ ခန့်မှန်းပြီးသား မှတ်ချက်ပေးနိုင်ကြပါတယ်။ ၂၀၂၀ ခုနှစ် Covid-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ၎င်းတို့စုံတွဲသည် ၎င်းတို့၏ တောင်စောင်းအိမ်တွင်သာ သီးသန့် အထီးကျန်နေထိုင်ခဲ့ကြကြောင်း အိမ်နီးချင်းများ မိတ်ဆွေများက ပြောကြပါတယ်။
မစ္စတာ ဟက်ခ်မန်းသည် ၎င်း၏ဇနီးဖြစ်သူ ရုတ်တရက်ကွယ်လွန်ပြီးနောက် ပြင်ပသို့ ဖုန်းဆက်၍ဖြစ်စေ အကူအညီတောင်းရန် မစွမ်းဆောင်နိုင်တော့ခြင်းလား သို့မဟုတ် အကူအညီတောင်းခံရန် မေ့လျော့နေပြီး သူ့ဖာသာသူ ရက်ပေါင်းများစွာ ရှင်သန်ဖို့ ကြိုးစားခဲ့သလား စသည့် ခြောက်ခြားဖွယ်ရာ နောက်ဆုံးနေ့များကို ဖြတ်သန်းခဲ့ပုံရပါတယ်။
မစ္စတာဟက်မန်းသည် ၎င်း၏ပထမဇနီးနှင့်ကွာရှင်းပြီးနောက် မကြာမီ 1980 ခုနှစ်နှောင်းပိုင်းတွင် Santa Fe သို့ ပြန်ရောက်လာပါတယ်။ 1971 သည်းထိတ်ရင်ဖိုရုပ်ရှင် “The French Connection” တွင် သူပါဝင်သရုပ်ဆောင်ခဲ့သောကြောင့် အော်စကာဆုရရှိခဲ့ပြီးဖြစ်သည်။ 1992 အနောက်တိုင်း “Unforgiven” တွင် ဇာတ်ပို့သရုပ်ဆောင်အဖြစ် နောက်ထပ် အော်စကာဆု ရခဲ့ပါတယ်။
မစ္စတာ Hackman၏ အသက် 13 နှစ်တွင် မိသားစုကို စွန့်ပစ်ခဲ့သော ၎င်း၏ဖခင်သည် သည်မြို့က သတင်းစာအတွက် သတင်းစာဆရာဖြစ်သည်။ သူ့အမေက စားပွဲထိုး။ သို့သော် မစ္စတာ ဟက်မန်းသည် လေလွင့်သူတဦးဖြစ်ခဲ့သော်လည်း သူသည် Santa Fe ၏ ရင်သပ်ရှုမောဖွယ် သဘာဝရှုခင်းနှင့် စိတ်အားတက်ကြွစေသော ရှုခင်းဆီကို ပြန်လာခဲ့သည်။ သူ့ဘဝ၏ ဒုတိယနှစ်ဝက်တွင် ပန်းချီဆွဲခြင်း၊ ပန်းပုထုခြင်းနှင့် စိတ်ကူးယဉ်၀တ္ထုများ ရေးခြင်းတို့ကို နဲ့ အချိန်ကုန်ဆုံးခဲပါတယ်။
မစ္စ အာရာကာဝါသည် ဟာဝိုင်အီတွင် မွေးဖွားသည့် စန္ဒယားပညာရှင်ဖြစ်သည်။ သူမသည် အားကစားကလပ်တွင် အချိန်ပိုင်းအလုပ်တစ်ခုလုပ်နေစဉ် လော့စ်အိန်ဂျလိစ်တွင် မစ္စတာ ဟက်မန်းနှင့် တွေ့ဆုံခဲ့သည်။ သူသည် ၎င်း၏အားကစားခန်းကဒ် ဝင်ခွင့်ကတ်ကို မေ့သွားခဲ့ပြီး သူမက သူ့ကို ဝင်ခွင့်မပြုခဲ့ကြောင်း သူငယ်ချင်းတစ်ဦးဖြစ်သူ Rodney Hatfield ကို ပြောကြားခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။ သူငယ်ချင်းများက အသက်ကြီးသော်လည်း အချစ်ရေးမှာ လိုက်ဘက်ညီသည်ဟု ဆိုကြပါသည်။

အာရာကာဝါသည် ဟက်မန်းအား အိမ်ရှင်မ ကောင်း၊ သူနာပြုကောင်းသဖွယ် ခင်ပွန်းသည်လူနာကို နှစ်ပေါင်းများစွာ ပြုစု စောင့်ရှောက်ပေးခဲ့သည်ဟု မိတ်ဆွေများက ပြန်ပြောင်းပြောကြပါတယ်။ အသက်ကြီးသောအမေရိကန်များစွာကဲ့သို့ပင် မစ္စတာဟက်မန်းသည် ကိုဗစ်အကျပ်အတည်းအတွင်း ဘေးကင်းရန် အိမ်တွင်းပုန်းခဲ့ကြသည်။ မကြာသေးမီနှစ်များအတွင်းတွင် ၎င်းတို့စုံတွဲနေထိုင်သည့် Santa Fe Summit တွင် သူတို့၏ အရိပ်အယောင်ကို မတွေ့ကြရတော့ပေ။ ပုံမှန်အားဖြင့် အပတ်စဉ်အမှိုက်ပုံးများ မြူနီစပယ်က လာကောက်ရန် ထုတ်ပေးထားသည်ကိုသာ မြင်ကြရလို့ သူတို့ ရှိနေသေးမှန်း သိရသည်။
သောကြာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း၊ Santa Fe ကောင်တီမှ ရဲအရာရှိ Adan Mendoza က ဖေဖော်ဝါရီ ၉ ရက် တနင်္ဂနွေနေ့တွင် မစ္စ Arakawa သည် တိရစ္ဆာန်ဆေးကုဆရာဝန်ထံမှ Zinna အမည်ရ ခွေးကို လာရောက် ခေါ်ဆောင် ခဲ့ကြောင်း ရှင်းပြသသည်။ ထို့ကြောင့် Zinna ကို ခွေးလှောင်အိမ်ထဲတွင် ခေတ္တထိန်းသိမ်းထားပုံ ရသည်ဟု ခန်ံ့မှန်းနိုင်သည်။
ဖေဖော်ဝါရီ ၁၁ ရက်၊ မသေဆုံးမီ နာရီပိုင်းအလိုတွင် မစ္စ အာရာကာဝါသည် နံနက်ပိုင်းတွင် အနှိပ်ကုထုံးဆရာထံ အီးမေးလ်ပေးပို့ခဲ့ပြီး နေ့လည်ပိုင်းတွင် ကုန်စုံဆိုင်သို့ သွားခဲ့သည်။ သူမသည် ဆေးဆိုင်တွင် ခဏဝင်ခဲ့ကြောင်း ဆေးဆိုင်၏ လုံခြုံရေးရုပ်သံက မှတ်တမ်းတွင် တွေ့ရသည်။ ရဲအရာရှိ Mendoza က သူမသည် ထိုနေ့တွင် လူမြင်ကွင်းတွင် မျက်နှာဖုံးတပ်ထားကြောင်း ပြင်ပက ကူးစက်မှုများ ခင်ပွန်းထံသို့ ပြန်မကူးအောင် နှာခေါင်းကာကို ဝတ်ဆင်လေ့ရှိကြောင်း သိရပါတယ်။
မစ္စ အာရာကာဝါသည် ထိုနေ့မွန်းလွဲပိုင်းတွင် ဒေသတွင်း အိမ်မွေးတိရစ္ဆာန် အစားအသောက်ဆိုင်တွင် ရပ်တန့်ကာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ရပ်ကွက်သို့ ပြန်သွားခဲ့သည်ဟု ရဲမှူးက ပြောသည်။ ထိုနေ့ပြီးနောက် သူမသည် မည်သည့်အီးမေးလ်ကိုမျှ တုံ့ပြန်ခြင်းမရှိပါ။
သူတို့လင်မယားနှစ်ယောက်မှာ မစ္စတာဟက်မန်းကို ပြုစုစောင့်ရှောက်ပေးသူ တစ်ယောက်ရှိမရှိကို မေးမြန်းရာမှာ ရဲအရာရှိ Mendoza က “ဒီအချိန်မှာ အိမ်မှာ အိမ်စောင့်တစ်ယောက်ရှိတယ်ဆိုတာ အရိပ်အယောင်မရှိဘူး” လို့ ပြောပါတယ်။
အိမ်နီးနားချင်းအဖြစ် ငါးနှစ်ခန့်နေထိုင်ခဲ့သော James Everett သည် မစ္စတာ Hackman ၏အသက်အရွယ်အရ ၎င်းတို့ဇနီးမောင်နှံတွင် ပြုစုစောင့်ရှောက်သူမရှိခြင်းမှာ ထူးထူးခြားခြားတွေ့ရှိခဲ့ရကြောင်း ပြီးခဲ့သည့်အပတ်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ “ကျွန်တော့်အဖေက ၉၅၊ ၉၆၊ ၉၇၊ ၉၈ တုန်းက သူ့အတွက် ထမင်းချက်နဲ့ အိမ်အကူတစ်ယောက်ရှိတယ်” လို့ သူကပြောပါတယ်။ "သူတို့မှာ သည်လို အိမ်စောင့် အကူတွေ မရှိလို့ အံ့သြတယ်"
အခြားအိမ်နီးချင်းဖြစ်သူ Robert Cecil က ၎င်းတို့စုံတွဲ၏ သိုသိုသိပ်သိပ်အေးဆေးစွာ နေလိုသောဆန္ဒသည် ယခုကဲ့သို့ ဝမ်းနည်းဖွယ်ဇာတ်သိမ်းကို ဆောင်ကျဉ်းလိမ့်မည်ဟု မမျော်လင့်ကြောင်း မှတ်ချက်ပေးပါတယ်။
(မိုးမခအယ်ဒီတာက နာရေးဆောင်းပါးတွေ မဖတ်ရတာ ကြာပြီ ရေးပါဦးဆိုလို့ လူအများစိတ်ဝင်စားတဲ့ နာရေးသတင်းကို ဘာသာပြန်ကြည့်ပြန်လိုက်ပါတယ်)
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar