မိုးသိကြား - တချုပ်ကြီးရဲ့ နူစျေးကွက်
မိုးသိကြား - တချုပ်ကြီးရဲ့ နူစျေးကွက်
မိုးမခ၊ မတ် ၁၄ ၊ ၂၀၂၅
"တချုပ်ကြီး ခင်ညာ၊ အခု ရုရှားက ကြွက်မင်းကြီးနဲ့ နူ ရရှိရေး သဘောတူလာပြီဆိုတာ ဟုတ်ပါကလား ဗျာ"
"ဟုတ်ပါခင်ဗျ"
"နူရရင် ဘာများ လုပ်မလဲ ခင်ညာ"
"လျှပ်စစ်ပေါ့ဗျာ၊ ဒါ့ပြင် ခုဆိုရင် အနောက်နိုင်ငံကြီးတွေကလည်း နူလက်နက်တွေ ပြန်တပ်ကြတော့မကိုး၊ အဆွေတော်တို့ မီဒီယာတွေ မြင်နေ ကြားနေမှာပါလေ"
"ဟုတ်ကဲ့၊ မိန့်ပါဦး ခညာ"
"အင်း၊ ကျုပ်မလဲ အရှေ့တောင်အာရှကို ကာကွယ်ရမယ့် တာဝန်က ရှိပေသဗျ၊ အခုဆို ရုရှားကြွက်မင်းကြီးက ကျုပ်ကို အဲဒီတာဝန် သွယ်ဝိုက်ပေးသဗျို့၊ ဒီအာရှတလွှားမှာ နူဈေးကွက်တွေ ပေါ်လာတော့မလေဗျာ၊ အဲဒီအတွက် ကျုပ်က လိုချင်သူတွေ မြန်မြန်ရစေဖို့ ရုရှားရဲ့ နူတွေ ဖြန့်ပေးရတော့မပေါ့"
"ဒါဆို လျှပ်စစ်ကိစ္စက သိပ်အရေးမကြီးဘူး ဆိုလိုတာလားဗျ"
"တနည်းပြောရရင်တော့ မှန်သဗျ၊ ကိုယ့်နိုင်ငံမှာ နူစွမ်းအင် ရှိလာမယ်၊ ဒါပြီးတော့ နူလက်နက်တွေရှိလာမယ်ဆိုရင် ဒီနိုင်ငံကြီး ဘယ်သူ့ရန်မှ ကြောက်ရတော့ဘူးပေါ့၊ ဒီထဲ အရောင်းအဝယ်တွေဖြစ်လာရင် ဂျီဒီပီလည်း တိုးပေးတော့မပေါ့"
"ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ခွင့်ပေးတာလေး သိပ်မရှင်းလို့ပါ တချုပ်ကြီး ခင်ညာ၊ရုရှားက ဒီဘက်ကို ဘယ်တုန်းကများ ရေကြောင်းကုန်သွယ်မှု ရှိခဲ့လို့လဲ၊ သိပါရစေ"
"ပြောရရင်တော့ အာရှမှာ စစ်ရေး အခြေကုပ်လုပ်ချင်လို့ပါပဲ၊ အနောက်နိုင်ငံကြီးတွေထက် လက်ဦးမှု ယူထားရပေမပေါ့ဗျာ၊ ရုရှားအတွက် ဒီလုပ်ရပ်ဟာ အမြော်အမြင်ကြီးတယ် ဆိုရမပေါ့ဗျာ"
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar