ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပေါက်ဖော်ဂျီးနဲ့ စောက်ကျော်ကြီး
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပေါက်ဖော်ဂျီးနဲ့ စောက်ကျော်ကြီး
မိုးမခ ၊ မတ် ၁၈ ၊ ၂၀၂၅
မအလလေးလဲ ပြေးပွဲဆင်နေရတော့ လေယာဉ်ကွင်းတွေချည်း ပတ်လုပ်နေရတယ်။ မကြောက်ဖို့ပြောရင်း ထောက်ပို့တွေ အသည်းအသန် အူယားဖားယား လုပ်ရတာပလေ။ မဟုတ်ရင် နောက်သို့သေနတ်ပြန်ချိန်ကြတော့မှာ မဟုတ်လား။
AA နဲ့ ပီဒက်တွေ တက်ခုန်လို့ စက်ရုံတွေ ပျက်ကုန်ရင် မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထရုံကျန်တော့တာကလား။
အလင်းဝင်ရင် ပီဒက်တွေက မင်းတို့ကို နှိပ်စက်သတ်ဖြတ်မှာဆိုတဲ့ အပင်းကလဲ ဆက်သွင်းလို့မရတော့။ ဘာ့ကြောင့်ဆို လတ်တလောဖမ်းပြီး အတင်းအကျပ် တပ်ထဲ ထည့်ခံရတဲ့အသစ်တွေ ရောက်လာတာကိုး။ သူတို့က အပြင်အခြေအနေအကုန်သိ။ ဇွတ်အတင်းမဟားဒယား မတရားအနိုင်ကျင့်ယုတ်မာဂုတ်စာဒဏ် ကော့နေအောင် ခံခဲ့ကြရတာလေ။ သူတို့ဆီကတဆင့် ရှိနှင့်ပြီးသား စိတ်ကျလက်ကျ ခြေကျလေကျတပ်သားဟောင်းကြီးတွေဆီရောက် သဘောအမှန်ပေါက်ပြီး ဘယ်သူမှ အသက်မပေးတော့ဘဲ အတူထွက်ပြေးကြတာလဲ များလာပြီလေ။
မအလခမျာ လေတပ်လမ်းကြောင်းဖော်သလို ငွေကျပ်လမ်းကြောင်းလဲပေါ်ဖို့ ပူမီးရယ်ဖြာ ကြူကြီးရယ်အာနေရတယ်။ အာသာအာ မပြဲဆိုသလို တကယ်လည်ပတ်ဖို့ကလဲ ဆန်ရှင်နဲ့ဆော့ဝဲ မကွဲတဲ့ကောင်အဖို့မလွယ်ရေးချအခက်။ ကျားဖြန့်တွေကို တရုတ်က ဖုတ်နေတော့ ဒေါ်လာမရ အော်ဒါမကျ၊ ယွမ်မရ ပွမ်မရဘဲ ဒွမ်နေတယ်ဆိုပါစို့။ ငွေရပေါက်ကလဲ ဒါဘဲရှိတော့ ပေါက်ဖော်ဂျီးကို စောက်ကျော်ကြီးလုပ်ပြီး ကျားဖြန့်တွေကို ရန်ကုန်မန်းလေးမြို့ကြီးတွေမှာ လက်ခံထားလိုက်ပါပြီ။ တပ်ရင်းတပ်မ တပ်ဌာနချုပ်တွေထဲတောင် အကောင်ဘလောင်တွေအစောင့်ရှောက်အပြုစုအယုယနဲ့ ရေမီးအစုံ လေထီးခုန်နေကြတယ်လို့ ပြောကြပါတယ်။ ရှမ်းမြောက်ကနေ ဟတ်စကီးနဲ့ သယ်ထုတ်လာတဲ့ ကျားဖြန့်ကိုယ်တော်ကြီး ကိုယ်တော်လေးတွေက ကိုယ်ပျောက်ဝတ်ရုံခြုံထားကြတုန်းဘဲမဟုတ်လား။ ရွှေကုက္ကိုမှာလဲ ငွေပုဂ္ဂိုလ်တွေ ဆိုပြီး သူတို့က လေသလပ်တောင် မခံရဘူးလေ။ ဤကျားဖြန့်သည် မအလ သရေကြိုး ခွေးသူခိုးစောင့်ရှောက်မှုအောက်တွင် ရောက်နေပါသောကြောင့် အမှန်တကယ်ရန်စွယ်အန္တရာယ်ကင်းရှင်း၍ အလျံပယ်ကြွယ်ဝပါသည်ပေါ့။ ဒါဟာ ကျားဖြန့်ခေါင်းကိုင် မင်းအောင်လှိုင်အဖို့ ကျားရီးဆွဲစုပ် ငလှိုင်ပြုတ်ကိန်းဆိုက်လာတဲ့ ခြေနေပေါ့။ ၁၀၂၇ စစ်ဆင်ရေးကိုက ကျားဖြန့်နှိမ်နင်းရေး နွားကြံ့ပိန်ဖျင်းရေး မဟုတ်လား။
စစ်က ရှုံးလွန်းမကရှုံးနေတော့ စိတ်ကလေးမှကြွကြွဆိုပြီး သူရ အဲလေ သူရဲ၊ ဟုတ်ပေါင် သရဲဘွဲ့တွေ စွတ်ရွတ်ပေးနေရတယ်။ သရဲဖြစ်မှ ရတဲ့ဘွဲ့မို့ သူရ=သူရဲလို့ ဘူမှ ခေါ်တော့ဘူးတဲ့။ အဲဒီတော့ သူရဘွဲ့ပေးလဲ မရဲရင့် မတင့်တယ် မကြွယ်ရဲ။ မရဲဆို သေမှာကိုး။ သေမှ ပြတ်မှ ရတာလေ။ သေမလား သေ၊ မသေ ပြတ်။ ဒါဘဲရှိတယ်။ အကောင်းအတိုင်း မိမွေးတိုင်းဖမွေးတိုင်း ခြေစုံလက်စုံ ဇက်စုံနဲ့ ရတဲ့သူရယ်လို့ မရှိတော့။ ခုက စစ်သားကိုယ်တိုင်က သူဘဲ ရပါစေ၊ ငါ မရပါစေနဲ့လို့ ဆုတောင်းနေရသလို မိန်းမတွေကလဲ သူ့ယောက်ျားဘဲ ရပါစေ၊ ငါ့ယောက်ျား မရပါစေနဲ့ချည်း။ မဟုတ်ရင် မုဆိုးမဖြစ်ရမှာလေ။ ဖြစ်ရင်လဲ ပင်စင်က မအလလက်ထက်မှာတင် မရေရာ၊ တော်လှန်ရေးလက်ထက်မှာတော့ ပင်စင်ဆို မူးလို့တောင် ရှူစရာရှိမယ်မဟုတ်တော့။ အပြတ်နဲ့ကျန်ရစ်လဲ လူသတ်တရားခံဖြစ်အုံးမယ်။ သားမယားနဲ့မိဖညီကို မျက်နှာငယ်ရမယ်။ သေပြန်တော့လဲ ကျန်ရစ်မိသားစုက အသက်အာမခံကြေးမရ သရေကြိုးသားက ထုတ်မပေး။ သေလေ ကြိုက်လေဆိုတဲ့သားအဖ။ အပြတ်ဆို ဖအေက တင်မကျွေးချင်၊ ဗုံးကြဲအပြီးရှင်းခိုင်း။ အသေဆို အလောင်းမပြနိုင်ဘူးအကြောင်းပြချက်နဲ့ သူ့သားက အသက်အာမခံကြေး မပေး။ အလောင်းပြရအောင်ကလဲ မသေသေးတဲ့ကောင်တောင် အမြှီးဖင်ကြားညှပ် ဖနောင့်နဲ့တင်ပါး တသားတည်းကပ်အောင်ပြေးရတာ။ အဲတော့ စိတ်က ဘယ်သူမှမကြွ၊ ဒါနဲ့ဘဲ တပ်မှာ စိတ်ကြွဆေးမပြတ်ကြွေးနေရ၊ ခဲယမ်းဖိုးတင်ရှာရတာမဟုတ်၊ ဆေးပြားဖိုးပါရှာနေရတဲ့ မိလှိုင်ဘဝ ဖာတွင်းကျ။ စစ်မှုထမ်းတပ်သားသစ်တွေသေရင်လဲ လျော်ကြေးမပေး ခံစားခွင့်မပေးဘဲ သားဖနှစ်ကောင်ပေါင်းပြီး မသာတွေဆီက ညှစ်ထား ဘတ်ထားတာတောင် မလောက်လို့ ကြူကြီးပါ အာရတော့ပြီလေ။
ခုတလော ဘင်္ဂလားဒေ့ရှ်နဲ့ AAတောင် GtoG စကားပြောတော့မယ်။ တရုပ်ဆီမြေပေးထား၊ ရှရှားကိုမြေအပ်ထားတော့ အိန္ဒိယကလဲ နီးရာမြေ မျက်စပစ် လာပြီ။ ချင်းကို ဒို့နဲ့ပေါင်းမလား၊ ဟို ခွေးသတောင်းစားနဲ့ မနေနဲ့တော့၊ မင်းတို့ လူမွှေးလူတောင် မပြောင်ဘဲရှိရော့မယ်။ ကဘော်ချိုင့်ဝမ်းကိုလဲ နဂိုလို ကဘော်ချိုင့်တစ်ပြန်လုပ်မယ်တွေဖြစ်လာတယ်။ ထိုင်းကလဲ ဝတွေ ဝိလုပ်ထားတဲ့နေရာဟာ တို့ပြည်တို့မြေပါ၊ နောက်ဆုတ်ပါ စောက်ရှုပ်ရာပေါ့။ မအလကို ခွေးချီးခြောက်လောက်သဘောထား မြေအပေါင်ချမလားလုပ်လာကြပြီ။ အပေါင်ဆုံးမဲ့ ငတုံးကောင်မှန်းသိနေကြတာကိုး။ ဒီခွေးဝဲစားကလဲ အရင်လို တိုင်းပြည်ကိုတော့ တလက်မမှအထိမခံ၊ ငါ့သမီးဘဲ အဖိခံမယ်ဘာညာ မအာနိုင်တော့။ သူ့ဖို့ ခြောက်ပေကျန် ပြီးရောလုပ်နေတာ။ မြန်မာပြည်ကိုချစ်လှပါချည်ရဲ့ဆိုတဲ့ တပ်ထဲက ဘယ်သရေကြိုးဂျိုကုတ်မှ ဒီကိစ္စမဟရဲ။ မဘသတွေလဲ မြေကုန်မှာ ပြည်တုန်စရာတွေဘာတွေ မတွန်ဝံ့။ ဒီခွေးဝဲစားကို ဘယ်ကောင် အမြီးဖြတ်မလဲဆိုတော့ သူတို့အချင်းချင်း တကောင့်စောက်ခွက် တကောင်ကြည့်နေ။
အဲဒီလို ခွေးဝဲစားသရေကြိုးငစုတ်ကို တရုတ်က ဘာလို့ ပေါင်းနေသလဲဆိုတာ ဒုံးကျည်ထဲ ရေထည့်ထားတဲ့သတင်း ဖတ်ရတော့မှ သဘောပေါက်တော့တယ်။ သူခိုးချင်းကိုး။ ဒုံးကျည်ထဲ ရေထည့်ဖျောင်တဲ့ကောင်နဲ့ တိုင်းပြည်ရဲ့ မြေဖဲ့ပေါင်တဲ့ကောင် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြတာကိုး။ ဒါကတည်းက အမေဒိကသွားပြီး ဘာစစ်နေနေ တိုက်ဖို့အသင့်ဘဲတွေ အတည်ပေါက် သွားလုပ်နေတာ၊ ထရန့်က မခန့်တရန့် ခွီနေရော့မယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar