Breaking News

မောင်လွမ်းဏီ - အုတ်ကျိုးကျောက်စထဲက ကဗျာ

Photo- Credit
အုတ်ကျိုးကျောက်စထဲက ကဗျာ
မောင်လွမ်းဏီ
(မိုးမခ) ဧပြီ ၅၊ ၂၀၂၅

စေတီပုထိုး
မြို့ရိုးပြဿဒ်ပြိုလဲ ၊ သေကွဲ ရှင်ကွဲ
ကျီးမည်းအုပ်တွေ လန့်ပျံကြတဲ့
နွေနေ့လည်ခင်းရဲ့ တစ္ဆေခြောက်သံ။

လက်တကမ်းစာလောက်မှာ
ကောက်ရိုးတမျှင်ပါပဲ
ငလျင်တော်လဲသံ၊ ရင်နံရံကို ပဲ့တင်ထပ်
ပြတ်ရွေ့အက်ကြောင်း၊ ထောင်းလမောင်း‌ကြေ။

မြို့ပျက်နဲ့ မျိုးဆက်
သွယ်ယှက်တဲ့ခေတ်ပေလား
ငြိမ်းချမ်းစိမ်းလန်းမယ့်
အနာဂတ်ရဲ့ ဂီတသစ်တေးသံ
ကမ္ဘာမြေမှာ လွင့်ပျံနိုင်ပါစေ။

တဘဝစာ
ဒဏ်ရာဗလပွနဲ့
ကျန်ရစ်ခဲ့ရပါပြီအမေ။ ။

၂၀၂၅ ဧပရယ် ၄ ။

*** ဓာတ်ပုံဆရာလေးကိုလည်း လေးစားစွာ ***
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar