Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စစ်တပ် ပစ်ခတ် ညစ်ပတ် ခေတ်ကျပ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - စစ်တပ် ပစ်ခတ် ညစ်ပတ် ခေတ်ကျပ်

မိုးမခ ၊ ဧပြီ ၄ ၊ ၂၀၂၅


သရေကြိုးကတော့ ငလျင်လှုပ် ဘုရင်ပြုတ် ကြောက်လို့ ပြည်သူ့ကယ်ဆယ်ရေးလုပ်ဖို့ ဒီဘက်က အနားပေးထားတာကို ဆက်တိုက်မယ်၊ နားဘူးတဲ့။ အေးလေ သူကတော့ ဘယ်သူသေသေ ငတေမာတပ်စိတ်နဲ့ကိုး။ သူ့မိသားစု မသေမချင်း ဖျင်ယားလို့ မပြီး ဖြစ်နေမှာပေါ့။ ဒါတောင် ငလျင်က ခေါင်းရှစ်စိပ်ခွဲဖို့အချက်ပြနေရက်တန်းလန်းနော်။ မထူးဇာတ်ခင်းနေပုံပါဘဲ။ ရှေ့တိုး ပီဒီအက်၊ နောက်ပြေး ငလျင်မဟုတ်လား။ သူ့လူတွေက ဘယ်နေ့ ဖင်ကြား၊ အဲလေ နံကြားထောက်မယ်မသိကလဲ ရှိသေးဆိုတော့ ဟန် ငါ့ဖို့မှာ မာန် ချလို့မဖြစ်ဘူး မဟုတ်လား။ စိုးဝင်း ခမျာလဲ တာလပတ်ရံတဲမှာ စည်းဝေးပွဲတွေ နွှဲနေရ၊ ဗိုလ်ရှုပ်တွေလဲ သမံတလင်း ဖျာခင်းနေရပြီလေ။ ခိုးဆိုးလုနှိုက် ဖျောင်ဖျောက်ဘတ်ထားတဲ့ ငွေနဲ့ စည်းစိမ်ကလဲ လူကြားထုတ်မရှိုးရဲတော့တဲ့‌ ပြက္ခဒိန်ရက်စွဲတွေလေ။

ဟုတ်တာဆို ဆုတ်ခွာ မဟုတ်တာဆို လုပ်မှာဆိုတဲ့စစ်တပ်က ခု ညဆယ်နာရီဆို ကယ်ဆယ်ရေးလုပ်တာ ရပ်ရမတဲ့၊ အမှန်က နေ့ဆို တအားပူ၊ ညမှ လုပ်လို့ကောင်းတာလေ။ လုပ်သူတွေက အလှည့်ကျနဲ့ မနားတမ်း အသက်လုနေကြတာ၊ နားရမှာလဲ မဟုတ်၊ သူတို့ကတော့ နားမိန့်ထုတ်လူသတ်ကြ။ သူကျတော့ ငရဲကြောက်လို့ စားပွဲအောက်ဝင်ဝတ်သတဲ့။ အတော်သတ္တိကောင်းတဲ့ စစ်ခေါင်းဆောင်ကြီးပေဘဲ။ အလွန်အားကိုးထိုက်တဲ့ ဝန်ကြီးချုပ်ကြီးပေါ့လေ။ အလွန်ကြည်ညိုစရာ သမတကြီးပေပေါ့။ ပိုလို့ ပိုလို့ ကြည်ညိုစရာက ခုကျုံးဘေးလာအိပ်သူတွေကို နှင်နေပြီ။ သင်္ကြန်မဏ္ဍပ် ဆောက်မှာမို့တဲ့။ လူမှ အသက်လုပြေးထွက် လက်သက်သက်ရှိသူတွေကို မှတ်ပုံတင်စစ်သတဲ့။ ပြည်သူကို ဒုက္ခပေးတဲ့နေရာမှာ ဧတဒဂ်လွန်ဘွဲ့ရှင်။ တကယ့်ချေးစားကောင်။ ခွေးနဲ့နဇိုင်းပြန်ရင်လဲ ခွေးကို အားနာရ၊ ဘယ်ခွေးမှ သူ့မီအောင် မယုတ်မာ။ သင်ပေးထားရင် သူ့ထက်အဆတရာ လိမ်မာယဉ်ကျေး လူရေးလူရာပါ နားလည်တာလေ။ 

ခု ထိုင်း သွားရမှာဆိုတော့ လူရုပ်ပေါက်လာမလား ဆိုပြီး အပစ်ရပ်တယ်တဲ့။ လူစိတ်ရှိသူတိုင်းက မတိုက်ဘဲ စစ်ရပ်ထားတာကို ကမ္ဘာကသိ၊ သူ့တယောက်တည်း ကယ်ဆယ်ရေးမလုပ်ဘဲ ပတ်ဗုံးကြဲနေတာတွေလဲ တကမ္ဘာလုံး ရွံရှာနေ၊ သူ့တပ်တွေက တရုတ်ကြက်ခြေနီကားတွေပါ ပစ်ခတ်မိထားတော့မှ အပစ်ရပ်တယ် လုပ်တော့တာ။ မရပ်ရင်လည်း တရုတ်ကပါ ထသတ်မှာက နောက် သူ့တပ်ကသူ့ကို ဖျင်တော့မှာ။ မဏ္ဍပ်တွေ ဇွတ်အတင်းဆောက်ပြီး ရေကစားခိုင်းချင်တာလည်း ပါတာပေါ့လေ။ အဓိကက သူ့ကောင်တွေကို ရေဆော့ပြီး ဖြေလျှော့ပေးချင်တာ၊ အားလုံးက သေတော့မှာချည်း တွေးနေကြရတာမဟုတ်လား။ ဟော ခု မအလစိတ်ဓာတ် စစ်တပ် ထုံးစံဆိုတဲ့အတိုင်း ပြိုနေတဲ့ အိမ်ပိုင်ရှင်တွေကို ဖြိုဖျက်ရှင်းခိုင်းနေပါပြီ။ ကူဖို့ ကယ်ဖို့ထက် ပူဖို့ တွယ်ဖို့သက်သက်ဘဲ လုပ်ရမှ တရက်တရက် စားဝင်အိပ်ပျော် နေသာထိုင်သာ ရှိရှာတော့လေ။

ဇော်မဲလုံး ပါးစပ်က လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ စကားလုံးကြီး ထွက်ကျလာလိုက်တာ သွားရည်တွေရော အံဖတ်တွေရော မစင်တွေရော ပေရေနံဆော်လို့။ အောက်က ဧရာဝတီရဲ့စာဖတ်ကြည့်။

“မန္တလေးမြို့ထဲက အိမ်တွေကို သူတို့(စကစ) လာကြည့်သွားတယ်။ တပတ်အတွင်း ဖြိုပေးရမယ်လို့ပြောတယ်။ ဖြိုဖို့ စရိတ်က ကျပ်သိန်း ၁၂၀၀ ဝန်းကျင်လောက်ထိ တောင်းတယ်။ အိမ်ဆောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေရတဲ့အချိန် ဒီလောက် ဖြိုခတောင်းနေရင် ဘယ်လိုဆောက်ရတော့မလဲ ပြန်ပြောတော့ ကိုယ့်ဘာသာဖြိုမယ်ဆိုရင် အခုထက် အခြေအနေ ဆိုးမယ်လို့လည်း ပြောသွားတယ်။ ကျမဆို မောင် ငါး ယောက် ဆုံးသွားတယ်။ နှစ်ယောက်က ပြန်တွေ့တယ်။ သုံးယောက်ကတော့ အလောင်းတောင်ပြန်မရဘူး” ဟု ဧရာဝတီကို ပြောသည်။

ပြိုကျမှုကြောင့် ပိတ်မိပြီး သေဆုံးခဲ့သော ရုပ်အလောင်းများ ပုပ်နံ့ထွက်နေသည့်အတွက် တပတ်အတွင်း ဖြိုချရှင်း လင်းပေးရမည်ဟု မြို့တွင်းရှိ အိမ်များကို စစ်ကောင်စီ တာဝန်ရှိသူများမှ လာရောက်ပြောဆိုသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အထပ်မြင့်တိုက်များကို ဖြိုချခဈေးနှုန်း ကျပ်သိန်းထောင်ချီ တောင်းခြင်းဖြစ်ပြီး ကိုယ့်အစီစဉ်ဖြင့် ဖြိုချမှုများလုပ်ပါက အရေးယူခံရနိုင်သည်ဟုလည်း ပြောဆိုသွားကြောင်း၊ မပြိုသေးသည့်တိုက်များ မြေစာပုံရှင်းရန်အတွက် ရှင်းလင်းခအား အိမ်ပိုင်ရှင်မှ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကရိန်းငှားရမ်းခမှာလည်း နာရီနှင့်ငှားရမ်းပါက တနာရီ ကျပ် ၅ သိန်းထိ ပြင်ပပေါက်စျေးရှိနေပြီး ပြိုကျတိုက်များအောက် ပိတ်မိနေသည့် အလောင်းများရှိနေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များမရောက်သော တချို့နေရာများတွင် အလောင်းဖော်ရန်အတွက်ပင် စျေးညှိ၍ပေးဆောင်နေရကြောင်း မန္တလေးမြို့ဒေသခံတဦးက ပြောသည်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar