ခန့်ဝါငြိမ်း - ၈၀
၈၀
ခန့်ဝါငြိမ်း
(မိုးမခ) မေ ၁၈၊ ၂၀၂၅
စကားမပီသေးတဲ့ကလေးဟာ
၈၀ကိုချစ်တယ်လို့အသံထွက်သလို
ဒီမိုကရေစီမပီသေးတဲ့နိုင်ငံဟာလည်း
၈၀ကိုချစ်တယ်လို့အသံထွက်တယ်။
ပြည်သူတွေပြုံးရင်
သူမရင်ထဲမှာဆောင်းရာသီ
ပြည်သူတွေမဲ့ရင်
သူမရင်ထဲမှာနွေရာသီ
ပြည်သူတွေငိုသံမစဲတော့
သူမရင်ထဲမှာ
အမြဲတမ်းမိုးရွာလို့ပေါ့။
ထောင်ထဲနေရလည်း
ပြည်သူ့ရင်ထဲနေရသလိုသေဘာထားတဲ့သူ
ထောင်ပြင်နေရလည်း
ပြည်သူ့ရင်ထဲနေရသလိုသဘောထားတဲ့သူ
ဆိုတော့
သူမ တရားကျင့်တယ်ဆိုတာ
သူမ နိဗ္ဗာန်ရောက်ဖို့မဟုတ်ဘူး
ပြည်သူတွေနိဗ္ဗာန်ရောက်ဖို့။
လူ့အဖြစ်မပီသေးတဲ့ပြည်သူတွေဟာ
၈၀ကိုချစ်တယ်လို့အသံထွက်တော့
တိမ်မည်းတွေကြားမှာမိုးမိနေတဲ့လမင်းကြီးဟာ
တစ်ချက်ပြုံးရော့မယ်။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar