မနအ - တခါသော်
တခါသော်
မနအ
(မိုးမခ) မေ ၁၈၊ ၂၀၂၅
တခါသော်
ငလျင်မင်းကြီးသည် သူ့ထက် အအိပ်မက်၊ သူ့ထက် အအိပ်ကြီးလွန်းလှသော
ကာလနဂါးထံသွားရောက်
တွေ့ဆုံရန် အကြံ ဖြစ်ပေါ်လာ၏၊
ယင်းသို့ဖြစ်ရခြင်းမှာ သူနိုးထလိုက်မိသည့်အခါတိုင်း
လူအများက သူ့အား ဆဲရေးတိုင်းထွာကြခြင်းကြောင့်
ဖြစ်၏။ ရိုးရိုးဆဲခဲ့လျှင် ကိစ္စမရှိ။ ငလျင်မင်း( ငလမ )
ငလမ၊ ငလမ ဟု ဆဲသည်ကို သူ မခံနိုင်။ ကာလနဂါး
လို အိပ်နိုင်လျှင် ကောင်းမည်ဟု တွေးမိသောကြောင့်
ဖြစ်၏။
ကာလနဂါးကြီးရှိရာ သမုဒ္ဒရာမြို့တော်သို့ လာရောက်
လည်ပတ်ခွင့်ပြုလိုပါကြောင်းနှင့် ကာလနဂါးမင်းကြီး
အား ဂါရဝပြုလိုပါကြောင်း ခွင့်တောင်းခံ သံတမန်စာ
တစ်စောင်ကို သူ ပို့လိုက်၏။
သမုဒ္ဒရာမြို့တော်ဝန်က လာရောက်လည်ပတ်နိုင်ပါ
ကြောင်းပြန်ကြားစာ ရလျှင်ရချင်းပင် သူ့ခရီးစဥ်ကို
အားချင်းစီစဥ်စေလျက် သူ၏ကမ္ဘာရပ်ခြားခရီးကို
စတင်ပါတော့သည် ။
ငလျင်မင်းကြီးသိသည်မှာ ကာလနဂါးသည် သူ့ထက်
ပို၍ အိပ်စက်သူ ဖြစ်ပြီး၊ သူ မသိသည်မှာ ကာလနဂါး
သည် ရွှေခွက်ချင်းထိသံ ကြားရသည်အထိ အိပ်စက်
နေသူ ဖြစ်နေသည့်အချက်ပင်။
ကာလနဂါးနှင့်တွေ့ခွင့်မရသည့် သမုဒ္ဒရာမြို့တော်ပြန်
ငလျင်မင်းကြီးသည် အိပ်မက်မက်နေရာမှ ငေါက်ခနဲ
ထ လိုက်၏။ သူ ထ လိုက်မိသည်နှင့် (ငလမ ) ငလမ၊
ငလမ ဟူသော ဆူဆဲသံများသည် ဆူညံစွာ ထွက်ပေါ်
လာပြီးနောက် ပူဆွေးသံများက စကြဝဠာနံရံကို ထိမှန်
သွားလေ၏။ ။
မ န အ
*** ( ၂၈ မတ်လ ၂၀၂၅၊ ငလျင်ဘေးကဲ့သို့ နောင်လာနိုင်
ဖွယ်ရှိနေဦးမည့်ငလျင်ဘေးများ၊ မမျှော်မှန်းနိုင်သည့်
ဘေးအန္တရာယ်များမှ ကင်းဝေးစေလိုသော ဆန္ဒဖြင့် )
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar