Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးသရမ်းရဲ့ ပြေးခန်း

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးသရမ်းရဲ့ ပြေးခန်း

မိုးမခ ၊ မေ ၁၁ ၊ ၂၀၂၅


တာအဖွဲ့ကတော့ အန်ကယ်ကတော့ နိုးပါလို့ ပြောလိုက်ပြီ။ တိမ့်ရှီကျွင်းရဲ့ အမိန့်အတည်သွင်းလည်း ဟင့်အင်းဘဲ။ တိုက်နိုင်ရင် ရမယ်၊ ဒါက တောင်းရတာ မဟုတ်ဘူး၊ တိုက်ရတာသူတောင်းစားရဲ့လို့ ပြောလိုက်တာပေါ့လေ။ စောက်ပုတို့အုပ်စုကလည်း တကယ့်ဟာသ။ TNLA အာဏာထိန်းထားတဲ့ မြို့တွေက ဝန်ထမ်းတွေကို အလုပ်ရော အထုတ်ရောပြင်ထားဖို့ပြောသတဲ့။ ဖေကြီးဖျင်ကို ဖင်ပေးထားပါတယ်ပေါ့။ အဲသာ ဖေကြီးဖိအားနဲ့ အညှိစကားရရင် ပြန်ရသာနဲ့ ချက်ချင်း အလုပ်စဝင်ရမယ်ဆိုဘဲ။ TNLAက အဲသာ တိုက်ယူရတာ၊ ရှိုက်ယူရတာ မဟုတ်ဘူးသားကြီးရေဆိုတော့ ဂွမ်းချက်။

အာဏာသိမ်းပြီး တိုင်းပြည်ကို စိန်ခေါ်လိုက်ကတည်းက တော်လှန်ပြည်သူက စစ်အုပ်စုတခုလုံးကဘယ်သူမဆို ဘယ်နေရာမဆို ခွေးမဝင်ရနယ်မြေလို့ စာကပ်ပြီးပြီလေ။ အင်း စာကပ်ထားလည်း မဖတ်တတ်တော့လည်း နှုတ်သီးကို တုတ်နဲ့တီးပြမှ တဂိန်ဂိန် မြည်တာ မဟုတ်လား။ မဟုတ်ရင် ခွေးသူခိုးထုံးစံ ခွေးတိုးပေါက်ရှာတိုးပြီး ကြက်ဝင်ဆွဲ ထမင်းအိုး ဟင်းအုံးဖုံး လှန်ဖို့ပဲ ချောင်းနေတာ။

ဒီရက်ပိုင်း တရုတ်ကတော့ တော်တော်လွန်နေပြီ။ လက်နက်ကိုင်ထားတဲ့သူတွေကို ကျပ်ရုံမကဘူး။ SNLD ကိုပါ ရွေးကောက်ပွဲဝင်ခိုင်းပြီး ဝန်ကြီးဌာနတွေပါ ကမ်းလှမ်းသတဲ့။ ကျားခေါင်းပါတီကိုပါ နိုင်ငံရေးကျားဖြန့် ဝင်လုပ်တာ။ မအလက ဆီပုလင်းခါးချိတ် တရုတ်တွေ ထင်သလို ကြိတ်ပါလုပ်ထားတာတွေ ပေါ်လာပြီ မဖုံးနိုင်မဖိနိုင် ပေါ်လာပြီ ဆိုပါတော့။ ခုတော့ အမျိုးဘာသာ သာသနာကနေ  အမျိုးဘာသာ လဘာဂျာ‌လုပ်ပြီပေါ့လေ။

တပ်ထဲမှာ တပ်ထွက်မိန့်ခွန်းသစ်တခု ပေါ်နေသတဲ့။ အဲဒါကတော့ "တပ်မတော်သားတွေ မင်းတို့ကို မှာချင်တယ်။ ရှေ့တန်းမှာ လက်နက်ချဖို့၊ ဆွေးနွေးပြီး လစ်ဖို့အသင့်ဖြစ်နေရမယ်။ မချတဲ့ကောင်တွေ ကျသွားပြီ။ လက်နက်ချတဲ့ကောင် အရက်ကောင်းကောင်းသောက်ရတယ်။ တိုင်းမှူးဖြစ်တယ်။ ဆွေးနွေးပြီး လစ်တဲ့ကောင်တွေ အေးဆေးဘဲ။ အငယ်နဲ့တောင် နှပ်နေကြတယ်။ အေး PDF နဲ့ ပူးပေါင်းပြီး တပ်မတော်သားတယောက်ရဲ့ မူလတာဝန်ကို ပြန်အကောင်အထည်ဖော်ဖို့ လုပ်ဆောင်တာကတော့ အကောင်းဆုံးပဲ"တဲ့။ 

မင်းအောင်လှိုင် Air Bus အပိုင်ဝယ်ကတည်းက ဒီကောင် ဘယ်စောက်ချိုး ချိုးတယ်ဆိုတာ အကုန်သိကြပြီဆိုတော့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပဲ မဟုတ်လား။ မင်းအောင်လှိုင်က သူ့သား သမီး မြေးတွေနဲ့ ရုရှားသွားပြီး ပြေးလမ်းရှာနေတဲ့အချိန်မှာ ဒီနေ့ပဲ စစ်သင်တန်းတက်ဖို့ အခေါ်ခံရသူတယောက် ကြိုးဆွဲချ သေဆုံးသွားတယ်။ သူ့အဖို့တော့ "သေသော်မှတည့် ဪ ကောင်း၏" အခြေအနေလေ။ ကိုယ့်အဖိနှိပ်ခံချင်း ပြန်သတ်ရမယ့်အခြေအနေ၊ ကိုယ့်လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်ပေးနေသူတွေကို ပြန်တိုက်ရမယ့်အခြေအနေမှာ သေသော်မှတည့် ဪ ကောင်း၏လုပ်သွားတာ။ ရွာသုဉ်းမြို့သုဉ်း နိုင်ငံသုဉ်းနှင့် မိသုဉ်းဖသုဉ်း ညီကိုသုဉ်း၍ စီးသုဉ်းပွားသုဉ်း ပညာသုဉ်းသည့် သုဉ်းရပြန်လစ် ငတုံးခေတ်ဝယ် လူဖြစ်ရလေ ဒို့တတွေသည် သေသော်မှတည့် ဪကောင်း၏လုပ်သွားတာ။ တိုင်းပြည်ဖျက်တဲ့ထဲမှာ ငါမပါ၊ ခက်သီ ပြောခဲ့သလို ရှင်သန်မှုဟာ တမိနစ်ပဲ ကျန်တော့မယ် ဆိုရင်တောင် အဲဒီတမိနစ်ကို လိပ်ပြာသန့်သန့်နေသွားတဲ့စိတ်ဓာတ်တမျိုးပေါ့လေ။

ခုဆို တရုတ်ကြီးက မြန်မာတင် ရှုပ်တာ မဟုတ်ဘူး၊ ဘာဘူနဲ့ မာမူကြားပါ ဝင်ရှုပ်ပြီ။ မာမူတချို့ကလဲ ရိုတွေအတွက် ရခိုင်က နယ်မြေပိုင်းခြားပေးဖို့ဆိုပြီး တရုတ်ဆီ တောင်းသတဲ့။ ကောင်းကြသေးရဲ့လား။ ဆီပုလင်းခါးချိတ် တရုတ် ကြိတ်ချင်သလို ကြိတ်ကောင်ဆီ တောင်းစရာ မလိုတော့ဘူးဆိုတာတော့ ပိုရှင်းသွားသပေါ့လေ။ သူ ပိုင်တာ ဘာမှမရှိတော့။ တရုတ် မကယ်ရင် နယ်မှန်သမျှအကုန်အသိမ်းခံရ ခွေးပြေး ဝက်ပြေး ပြေးရကိန်းဆိုက်ပြီ မဟုတ်လား။ အဲဒီလိုဆိုတော့ ဒီတိုင်းပြည်က ပေးတဲ့ နန်းသက်မရှိတော့။ တရုတ် ကျွေးတဲ့ တလုပ်ကလေးစား အသက်ရှင်နေရတော့ ခွေးကိုဘယ်သူ လူထင်တော့မလဲ။ 

ဟော ခုလဲ မဟုတ်တရုတ်က ဘာဘူနဲ့ မာမူကို ပဝါမကူ ရေမရှူတမ်း ကစ်အောင် ကျစ်ပေးနေတာ။ သူ့အတွက် မာမူ့ဆီ လက်နက်ရောင်းရမှာရော သူ့ပြိုင်ဘက် ဘာဘူ ချည့်နဲ့သွားစေအောင်ရော ဒေသတွင်း တန်ခိုးထွားကျိုင်းသွားစေအောင်ရော တချက်ခုတ် ခြောက်ချက်ပြတ် ခွင်တွေ ဖျင်တော့တာ။ သူကသာ သူများကို အဲဒီလိုအနိုင်ကျင့်နေတာ။ သူ့ဖျင်ချတဲ့ မေဒီးကားကျတော့ ဖက်ဆစ်တဲ့။ အင်း ကွန်မြူနစ်ထက်တော့ တော်သေးပြောရမယ်။

စစ်တပ်ဟာ သူတို့တသက်လုံး ကြောက်လာခဲ့တဲ့ ကွန်မြူနစ်ကြီး အားကိုးနဲ့ ဖင်ခေါင်းတွေကျယ်ပြီး AA နဲ့ ဆက်ဆံလို့ဆိုပြီး ဘင်္ဂလားဒေ့ရှ်ကို ကန့်ကွက်သတဲ့။ ဟိုကလည်း မင်းနယ် ဘယ်နှလက်မရှိလဲလို့ မမေးလိုက်ရုံ တမယ်ပါဘဲလေ။ မင်းက ငါတို့အကျိုးစီးပွား ဘာလုပ်နိုင်တုံးဆိုပြီး နားရင်းတီးလွှတ်လိုက်တာသာ အဖတ်တင်တာလေ။ ဘင်္ဂလားဒေ့ရှ်မှာ အာဏာမရတဲ့ ပါတီကတောင် ရိုနယ်မြေသတ်သတ်ပေးရေး တရုတ်ဆီ တောင်းတာသိရက်နဲ့ သွားဟောင်တာ။

မအလ နဲ့ သူ့မိသားစုက ‌ကိုယ်ပိုင်‌လေယာဥ်နဲ့ ရုရှားသွားပြေးလမ်းရှာနေတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကကောင်တွေက ပြတ်တယ်။ စစ်မှူထမ်းဖို့ ဖမ်းလာတဲ့သူတွေကို ဗြောင်ဝယ်ရောင်းလုပ်တယ်။ သူဌေးတွေ ဖမ်းပြီးငွေညှစ်တယ်၊ ပြန်ပေးဆွဲတာပေါ့။ အဲဒါ ဒုတိုင်းမှူးခေါင်းဆောင်ပြီးလုပ်တာ။ ဆိုတော့ တိုင်းမှူးလည်း ပါတာပေါ့။ အကုန်လုံးက ကိုယ့်လွတ်လမ်းကို ရှာကြရပြီလေ။ မရှာလို့ကလဲမရ။ နေပူတော်လဲ ပြိုပြီ။ အခိုင်အမာဆိုတာ လူရော မူရော ဘာမှမရှိတော့။ တိုင်းပြည်ကိုလဲ သရေကြိုးကြီးနှစ်ကောင်က တရုတ်ကို ရောင်းစားလိုက်ပြီ။ ဒါ တပ်မှူးဟောင်းတွေရော အသစ်တွေပါ အကုန်သိတယ်။ မဟရဲ။ မဟရဲဆို စစ်သားဆိုတာ နိုင်ငံရေးသတ္တိ မရှိဘူးလေ။ နိုင်ငံရေးသတ္တိ မရှိလို့ဘဲ စစ်သားလုပ်နေတာလို့ ပြောရင်ရတယ်။ သေနတ်ပြပြီး နိုင်ငံရေးထိုင်ခုံဝင်ဝင်ထိုင်ချင်တာ။ ခုက စစ်ရေးသတ္တိလဲ မရှိတော့ဘူး။ နိုင်ရင် သတ်မယ်၊ တိုက်မယ်၊ မီးရှို့မယ်၊ ဖျက်ဆီးမယ်၊ လုယက်မယ်။ မုဒိမ်းကျင့်မယ်။ မနိုင်‌ရင် ပြေးမယ်၊ လက်နက်ချမယ်၊ အဖမ်းခံမယ်၊ ဒါပဲ ရှိတော့တာ။ လူမည်တဲ့လူ တယောက်မှ မရှိတော့ဘူး။ ပြည်သူကိုပဲ သတ်နေမှတော့ ဘယ်သူမှ လူစာရင်းမသွင်းတာ အဆန်းမဟုတ်။ တိုင်းပြည်တပြည်လုံး တရုတ်လက် ရှရှားလက်အပ်လိုက်မှတော့ တပ်မှာ မူမည်တဲ့မူဆိုတာလဲ ဝေးရော။ ဘာခံယူချက် ဘာရပ်တည်ချက်မှကို မရှိတော့တာ။ 

ပြည်သူကို သတ်တာကတော့ စစ်ပွဲထဲထိ သွားမကြည့်နဲ့။ ငလျင်မှာကယ်ရင် မီတဲ့အသက်တွေအများကြီး ဆိုတာ သိရက်နဲ့ မကယ်ဘဲ၊ ကယ်ဖို့ ဦးမဆောင်ဘဲ ပစ်ထားပြီး အဲဒီအခြေအနေတွေကို လက်ညှိုး‌ထိုးပြပြီး နိုင်ငံတကာကို အကူအညီတောင်းတယ်။ ရလာတဲ့ငွေနဲ့ ပစ္စည်းတွေကို ဖြောင်လိုက်တယ်လေ။ ချက်ချင်း သတ်တယ်၊ မျှင်းသတ်တယ်ပေါ့။ 

ဖြစ်ဖြစ်ချင်း နိုင်ငံပိုင်ယန္တရားတွေ သုံးပြီး မကူတာက  ချက်ချင်းသတ်တာ။ အဲဒီယန္တယားတွေဟာ ကျူးတွေဆိုပြီး မြေသိမ်းချင်တဲ့အခါ တိုက်အိမ်တွေ ဖြိုဖို့ ထင်သလို သုံးခဲ့တာတွေလေ။ အကုန်အရန်သင့်ရှိတယ်။ ရလာတဲ့ငွေကြေးထုတ်မသုံး ဆေးကုမပေး ပြန်လည်တည်ဆောက်ရေးလုပ်မပေးဘဲ ဗုံးထားတာက မျှဉ်းသတ်တာ။ 

ပိတ်မိနေသူတွေ ဝင်ရောက်ကယ်တင်သူတွေကျွေးရမယ့် ဘီစကစ်တောင် ဈေးကွက်ရောက်နေတာကြည့်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar