Breaking News

လေးလေး - ဖတ်မိဖတ်ရာ

လေးလေး - ဖတ်မိဖတ်ရာ

မိုးမခ ၊ မေ ၂၁ ၊ ၂၀၂၅


 “သုံးယောက်ပေါင်းမှ မျက်နှာမည်းကြီး ခေါင်းဖြတ်စက်” 

တဘဝလုံးသာကုန်သွားမယ်၊ဖတ်စရာတွေက မကုန်သလို သိလာရတာတွေကလည်း တပုံတပင်ပါ။ဟိုစပ်စပ် ဒီစပ် စပ် ဝါသနာပါသူဖြစ်ပြီး သတင်းလောကထဲရောက်သွားပြန်တော့ ဖောက်သည်အသစ်တွေတိုးလာသလို အသိအ မြင်တွေကျယ်လာသပေါ့။အခုလို စာပဲဇောက်ချဖတ်နေ၊ဖတ်ပြီးတာလေးတွေ ပြန်”ရှယ်”နေတာဟာ အခုမှ လုပ် တာမဟုတ်ဘဲ ကြာတောင့်ကြာလှပါပြီ။အရင်ကတော့ သိလိုတာတွေစာအုပ်ပုံထဲခေါင်းစိုက်ပြီး လိုက်ရှာရတယ် ။ အင်တာနက်ခေတ်ရောက်တော့ လက်ညှိုးလေးနဲ့”အန်တာ”တချက်ခေါက်ပေါ့။လွယ်လာလိုက်တာများ။

ဒီတခါတော့ ဖတ်မိဖတ်ရာလေးတွေ ဟိုတစ၊ဒီတစ စပ်ဟပ်ကြည့်ပါ့မယ်။သိပြီးသူများ ကျော်သွားပါ။

ကြားဖူးကြမှာပါ။ ဒီကောင်တွေ သုံး ယောက်ပေါင်းလို့မှ လေးတန်းမအောင်ဘူး”ဆိုတဲ့စကား။ဘယ်သူတွေကို ချိုးချိုးဖဲ့ဖဲ့ပြောတာလည်း ဆို တာလည်း ရိပ်စားမိကြမှာပါ။ ဒါပေမဲ့ အဲဒီ သုံးယောက်ပေါင်းလိုလေးတန်းမ အောင်”စကားကို စွန့်ဦးတီထွင် ပြောခဲ့သူတွေ ကိုတော့ သိချင်မှ သိကြပါလိမ့်မယ်။ဘယ်တုန်းက ဘယ်လိုရည် ရွယ်ပြောခဲ့တာလဲဆို တာလည်း သိချင်မှသိကြ မယ်။ဇာတ်လမ်းက ၁၉၆၂ခုနှစ်က စတယ်။

“၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီအစိုးရတက်လာပြီးတော့ မြန်မာနိုင်ငံကို စစ်တပ်ကအုပ်ချုပ်တယ်။အဲ့ဒီ တော့ စကားတခွန်းထွက်လာတယ်။”ဒီကောင်တွေ(ဆိုလိုတာက ဒီစစ်ဗိုလ်တွေ)ဟာ သုံးယောက်ပေါင်းလို့မှ လေးတန်းမအောင်ဘူး”တဲ့။ 

ကနဦးမှာတော့ ဒီစကားဟာ မှန်လေသလားပဲ။

ဇာစ်မြစ်ကြည့်လိုက်တော့ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ကြိုးပမ်းကြစဥ◌်က ကျောင်းကစာသင်ခန်းကိုစွန့်ပြီး စစ်ထဲ ဝင်ခဲ့ကြရသူတွေ ရှိခဲ့ကြရတော့ အချို့က အတန်းပညာမှာ မပြီးခဲ့ကြဘူး။ဒါပေတဲ့၊အုပ်ချုပ်ရေးပိုင်းက အများစုဟာ ကောလိပ်ကျောင်းထွက်တွေ၊တက္ကသိုလ်ရောက်ခဲ့တဲ့သူတွေ၊သုံးယောက်ပေါင်းလို့မှ လေးတန်းမအောင်ဘူးဆိုတဲ့ စ ကား ထွက်လာတာက ကိုလိုနီလူဖြူစနစ်ရဲ့ လက်ကျန် အိုင်စီအက်စ်၊ဘီစီအက်(စ်)ကြီးတွေဆီကပဲ။”

ခြေခြေမြစ်မြစ် သိဖို့ဆိုတာ ကြိုကြိုကြားကြားမကျန် ဖတ်နေမှတ်နေမှပါကလား….။

မြန်မာတီဗီမှာ ပြခဲ့တဲ့ ပေါင်ချိန် ဇာတ်လမ်းတွဲကြည့်ဖူးကြသူများမယ်ထင်ပါတယ်။တရုတ်ဇာတ်လမ်းတွဲဖြစ်ပြီး ပေါင်ချိန်အဖြစ်သရုပ်ဆောင်သူတယောက်ပဲ မျက်နှာမည်းနေတယ်၊ကျန်တဲ့သူတွေက တရုတ်အသားဖြူဖြူပဲ။

ဇာတ်လမ်းထဲ စာတန်းထိုးတာကိုက”မျက်နှာမည်းပေါင်ချိန်”ဆိုတာပါပါတယ်။ဘယ်လိုထူးခြားမှုရှိလို့ တရား သူကြီးပေါင်ချိန်ကျမှ မျက်နှာကမည်းနေရတာတုန်း။တရုတ်အော်ပရာတွေရဲ့ထုံး တမ်းစဥ◌်လာကြောင့်ပါ ..တဲ့။ တရုတ်အော်ပရာတွေမှာ ဇာတ်ကောင်တွေရဲ့စရိုက်ကို မျက်နှာမိတ်ကပ်အရောင်နဲ့ပြလေ့ရှိတယ်။

“ဥပမာ-တရားမျှတမြင့်မြတ်တဲ့ ဇာတ်ကောင်အတွက် ကြက်သွေးရောင်၊သစ္စာရှိမှုကိုကိုယ်စားပြုတဲ့ ဇာတ် ကောင် ကို အနီရောင်၊ခေါင်းမာသူနဲ့စိတ်လိုက်မာန်ပါလုပ်တတ်သူတွေအတွက် အစိမ်းရောင်၊လူကြမ်းဗီလိန်အတွက် အဖြူ ရောင်၊ဖြောင့်မတ်ခြင်း၊ရဲရင့်ခြင်း၊ဘက်မလိုက်ခြင်း ကိုယ်စားပြုဇာတ်ကောင်အတွက် အမည်းရောင် ဖြစ်ပါတယ်။

တရုတ်အော်ပရာတွေမှာ မျက်နှာအမည်းရောင်ခြယ်ရတဲ့ ဇာတ်ကောင် သုံးဦး ရှိပါတယ်။”သုံးပြည်ထောင်နိုင်ငံ များ”ဇာတ်လမ်းထဲက စစ်သူကြီး ကျန်းဖေ့၊”ဆွေဟူကျွမ့်”ဇာတ်လမ်းထဲက “လိခွေ”နဲ့ တရားသူကြီး ပေါင်ချိန်တို့ပဲ ဖြစ်ပါတယ်။ 

မြန်မာအော်ပရာကရင်တော့ မျက်နှာရူး၊အာဏာရူး၊လူစဥ◌်မမီတဲ့ ဇာတ်ကောင်ကို အစိမ်းရောင်မိတ်ကပ် လိမ်းပေးရမယ်။ပါးစပ်သနတယ်။ ပါးစပ်သနတယ်သာပြောရတယ်၊အခုပြောမယ့်ကိစ္စက အဲ့ဒီလူကစပြန်တယ်။

“ဗိုလ်နေဝင်းက…………ကျဆုံးတာကို တကယ် ဟုတ်၊မဟုတ် သိချင်တော့၊အလောင်းကို ပြန်ဖော်ပြီး ခေါင်းကို ဖြတ်၊ရန်ကုန် ပြန်ယူလာပြရတယ်တဲ့ဗျာ၊အဲ့ဒါ ကျနော့်ကို ……….ပြန်ပြောပြတာ..ဟု ဦးလေးအုန်းမောင်က ပြန် ပြောပြသည်။


ထိုအခိုက်အတန့်လေးမှာပင် ပက်လက်ကုလားထိုင်ပေါ်ထိုင်ပြီး၊အသာနားထောင်နေသူ ဆရာ ဒဂုန်တာရာက လက်ကိုကာပြရင်း….. “အို…ကိုအုန်းမောင်ရယ်၊အဲ့ဒါတွေ မပြောပါနဲ့တော့ဗျာ၊စိတ်ထိခိုက်လွန်းလို့ပါ…ဟု ဟန့်တားလိုက်သည်။

ဆောင်းကြွင်းနှင်းတို့တင်ကျန်လျက်ရှိသော သစ်ရွက်တို့ကို ပြတင်းပေါက်မှတဆင့် ကျနော်မြင်နေရ သည်။ အလို…ဆရာတာရာ့မျက်လုံးမှာလည်း မျက်ရည်တွေ ဝေ့နေပါပေါ့လား။ဦးလေးအုန်းမောင်ကမူ တိတ်ဆိတ် လျက်…တုတ်ကောက်ကိုဆွဲပြီး အိမ်အပြင်သို့ ခြေထော့နင်းထော့နင်းနှင့် ထွက်သွားလေသည်။”

(လူနာမည်တွေနေရာမှာ ကွက်လပ်လုပ်ထားတာ အဆိုပါသူတွေကို နှောင်းလူတွေ မသိစေချင်လို့ဖြစ်ပါလိမ့်မယ်)

မှန်းဆကြည့်လို့ရနိုင်ပါတယ်။အာဏာရှင်ဆိုသူတွေဟာ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ ဟိုးရှေးအစကတည်းက ပါပဲ။အခုလည်း မြေကျန်ရင်တော်ပြီဆိုပြီး တနိုင်ငံလုံး ဗုံးတွေပတ်ကြဲနေတာသာကြည့် ပါ။"ဖတ်မိဖတ်ရာလေးတွေပါ။


စာကိုး-

-ဒါဖတ်ပြီးမှ (ညီစေမင်း) 

 -Echo( ငြိမ်းအေးအိမ်)




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar