ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဘီလူးမဗျူဟာ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဘီလူးမဗျူဟာ
မိုးမခ ၊ မေ ၂၇ ၊ ၂၀၂၅
ပြည်ဇမ္ဗူ ရွှေကူမှာလေလေ့
လေငနူ မိုးထက်အောင်လို လနာရီးစုပ်တွေငဲ့ပြင်
ဗျူဟာမှူးနဲ့ မသာမီးဖုတ်တတွေဟာ
ပြည်သူကို ဒုက္ခအထပ်ထပ်ဆင့်သမို့
လုပ်သမျှကပ်သင့်ကာ သေပွဲခရီးအောင်
အော် မဟုတ်သမျှ မဟတ်သဖြင့်မှာ လေထဲ မီးလောင်။
အင်း လေဘဲတို့ သေပွဲဝင်ချိန်တန်ပြီဆိုတော့ တရက်တည်း တကွက်တည်းမှာ တချက်ဆွဲလိုက်တာနဲ့ တနယ်တည်း တနာရီတည်း တမိနစ်တည်းမှာ တမီးတည်း အတူလောင် တတောင်တည်း အတူကျ ဝါးချွန်တံစို့မှာ ကိုယ့်သေနတ်နဲ့ ကိုယ့်ရဟတ်ယာဉ်ကို မီးရှို့ပြီး ကိုယ့်အလောင်းနဲ့ကိုယ် မီးပူဇော် သရေကြိုးနဲ့ ငမြွေထိုးမပျော်ပါစေ၊ အောင်ပြည့်စုံလေး လုံခြုံပါစေ၊ ခင်သီရိသက်မွန်လေး ဆက်ထွန်န်နိုင်ပါစေဆိုပြီး ဒန်တန့်တန်သွားကြလေပြီ တမုံ့။
အဲသာကို စစ်အုပ်စုတွေက မသနားတဲ့အပြင် ရဟတ်ယာဉ်တွေ ဆုံးရှုံးလို့ဆိုပြီး မအလကပါ ငါ ကိုင်တုတ် နာရေးကြေညာလည်း မထုတ်ရ သပိတ်သွတ်ပါ အလုပ်မခံ ငိုသံလည်း မကြားချင် လင်တခွင့်လဲမပေး အိမ်မွေးခွေးဘဝကနေ မကြာခင် သောင်ပြင်လွှတ်တဲ့ခွေး ဖြစ်ကြရချေတော့မယ်။ မိသားစုတွေခမျာ တပ်ရင်းကလည်း ကြာကြာလက်မခံ အမိန့်ပြန်ပြီးတာနဲ့ အရိပ်တောင် မချန်တဲ့သူတွေဆိုတာ သိပြီးသားမဟုတ်လား။ မွေးရပ်ပြန်ရအောင်ကလည်း လေမုဆိုးမမို့ အသေတုတ်ထိုးကျမှာ ကြောက်၊ ကလေးတွေခမျာလဲ ဂဠုန်စောရဲ့ မယားပါသားလောက် သဘောထားခံရမယ့်အရေးနဲ့ သွေးပျက်ရပြီ။
ကျောင်းတောင် ဘယ်ထားရမှန်းမသိ၊ လေမီးဖုတ် သားသမီးတွေမှန်း သိရင် ဘယ်ဘက်က ကြည့်ကြည့်၊ သူရဲကောင်း မဟုတ်၊ သူယုတ်နဲ့ သူစုတ်သာ ဖြစ်ရန်ရှိတော့သမို့ ကြမ္မာဝဋ်ဆိုး လွတ်ရိုးဘယ်ခါ မရှိရာ ဖြစ်ရရှာလေပြီ။ ရာထူးနည်း ရာထူးသေးတွေဆိုရင် တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူးကတော် ဗိုလ်ကတော်တွေဆီ တဆယ်တိုးနဲ့ ငွေချေး အသုဘလေး မည်တယ်ဆိုရုံ အသံလုံလုံ အမျှဝေ တဆယ်တိုးတောင်မရတော့ မသာပေါင်ဖဲဝိုင်းချ တိတ်တိတ်လေး ကြိတ်ကြိတ်ဆွေးရ။ မအလနဲ့ သူ့ခေါခေါကတော့ ဘောမတသိုက်ဝန်းရံ ပွဲမှန်သမျှ လျှောက်တက် လက်ကိုင်အိတ်မျိုးစုံနဲ့ကြိုးခုန် ပေါက်ကရ အကုန်လျှောက်အူ လူပုံပတ်ဖမ်း ခွေးသရမ်းကြီး လွတ်ကောင်းနေတုန်း။ လေဘဲတွေကတော့ သေပွဲကြို မိသားစုတွေလဲ ကြေကွဲငို။ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်ကတော့ အရည်ရွဲစို။
သူ့စစ်တပ်က ကရင်ဘက်မလဲ ဖုတ်ဖက်တောင် မခါနိုင်ဘဲ မသာပြိုင်ပွဲ ကျင်းပနေတော့ ဒင်းကသူ့ကိုယ်သူ လောကသရဖူဆိုက်အောင်ဆိုပြီး ဘောမငနူတသိုက်နဲ့ ခေတ်ပြောင်းချင် ခေါင်းပစ်ကရင်ဝစီပိတ်ကြီးဆီ မိစ္ဆာအရစ်တိုးဖို့ ဒိုးတယ်။ မဒိုးလို့ကလည်း မဖြစ် နေပြည်တော်နားထိ ရစ်နေကြပြီဆိုတော့ ဟိုကလည်း သူ ဂျင်းနေကျနှစ်အူကို လောကသရဖူ ထီးတင်ရင် လောကဇမ္ဗူခရီးတခွင်မှာ ဘောမတဆူ ဖြစ်ပြီ။ ရှီကျင့်ဖျင်ဘော ပူတင်ဘောတင်မက ထရန့်ဘောပါ မလို့ရပြီ၊ မြောက်ကွီးယားဘောလည်း မစေရမယ်၊ အီးယူဘော၊ အရှေ့အလယ်ပိုင်းဘော၊ အိန္ဒိယဘော၊ အာဆီယံဘော တဘောပြီးတဘော မနားတမ်းမပြီး လှိုင်ဘောလည်စေရမယ်၊ ကြူခေါရဲ့ အဖြုဘောမှန်သမျှ မချင်တဲ့စိတ်ဆန္ဒလည်း အဓိဋ္ဌာန်ကျပြီဆိုတော့ ဘောမချင်တဲ့လောဘ ငယ်ထိပ်စောင့်ပြီး ကရင်ကစခန်းတွေအတွက်တောင် ကြောင့်ကြမစိုက်အား အပြေးအလွှားလစ်ရပြီလေ။
ကရင်ကိုယ်တော်ကြီးဆီက ကရင်နိုင်အင်းရောများ ရမယ်ထင်တာလည်း ပါမှာပေါ့။ ဘောတွေများများ မရမှ သူ့သက်ဆိုးကလဲ ရှည်မှာမဟုတ်လား။ ကချင်မှာ ပုစဉ်းနှစ်ကောင် အမြီးချိုးသလို ကရင်မှာရှိသမျှ စစ်ခွေးတွေလဲ အမြီးချည်းနင်း ဗျင်းခံနေရလို့ ကိုက်ဖို့ ဆွဲဖို့ဝေး အူသံ ဟောင်သံကို မပေးနိုင်တော့တာ။ တရွတ်ဆွဲ ဖင်သီ တအီအီပဲ လုပ်နေကြရတော့တာ။ မန်းတိုင်း မြင်းခြံခရိုင်မှာလဲ ဂန်းမဆိုင်း အတင်းနှံကိုင်နေကြတာ၊ အဘား အဘားတောင် မအော်နိုင်တဲ့အထိ။ ပီဒက်တွေက ဂက်စ်ပိုက်လိုင်းပေါ်ရောက် ပေါက်ဖော်ကြီးကိုမျက်စပစ်ပြနေကြပြီ။
အဲလိုဖြစ်လေ စာသင်ကျောင်းတွေဗုံးလိုက်ကြဲ၊ မင်္ဂလာဆောင်တွေ ဗုံးလိုက်ကြဲ၊ အလှူတွေ ဗုံးလိုက်ကြဲ၊ အရပ်သား ပစ်မှတ်တွေ ဗုံးလိုက်ကြဲပြီး ဘီလူးမဗျူဟာနဲ့ မိခင်အစစ်တွေ ဆွဲအားလျှော့အောင် တော်လှန်ရေးကို ခြေလှမ်းနှေးအောင်လုပ်၊ လော်ဘီတွေနဲ့တမျိုး ဖိအားတွေနဲ့တပြန် ဆွေးနွေးပွဲဖြစ်အောင် ကြံ၊ လူငယ်တွေ ပြန်ပေးဆွဲ ဖျက်အားပြန်ဖြည့်၊ မိစ္ဆာသက်ဆက်ဖို့ လုံးပန်း၊ သူ့အတွက် လွတ်လမ်းမမြင်ရင်လည်း လေယာဉ်အသင့်စက်နှိုးခိုင်းထားပြီးသား။ ဒါပေမဲ့ လစ်မယ်ဆို သူ့အမြီးဆွဲရိုက်မယ့် ကောင်တွေကလဲ သူ့နားမှာပဲ အသင့်ရှိပြီးသား။
သူ့မလဲ အချိန်ဆွဲရသမျှ ဆွဲ သွေးခွဲ၊ တပ်ကို ဖျောင်းဖျ နှိမ့်သိမ့်ချင်လို့ ဆွေးနွေးမယ် ပြောရတာ၊ သွေးကြွေးက သူပဲ ဆပ်ရမှာလေ။ မြသွဲ့သွဲ့ခိုင်ကနေ ခု အိုးတိမ်တွင်းကလေးတွေအထိ သူပဲ ဆပ်ရမှာလေ။ သူ့အောက်ကကောင်တွေကလည်း ဘယ်သူမှ ကြားဝင်မဆပ်။ ရွေးကောက်ပွဲလုပ် အာဏာအပ်မယ်ဆိုတာကလည်း ဒီကောင် ရွှီးနေတာ အကုန်သိ။
ရွေးကောက်ပွဲကလည်း သူ ရှိနေသ၍ မပြီးမှန်း အကုန်သိ။ သမ္မတ နှစ်ထပ်ကွမ်း လုပ်ရလည်း တပ်လက်မလွှတ်ရဲတာ အကုန်သိ။ မအလ တပ်လက်လွှတ်တာနဲ့ တက်ဖွတ်ကြမှာ ကိုယ့်အလှည့်ကျဖို့တောင် လေးသင်္ချေနဲ့ ကမ္ဘာတသိန်းစောင့်ရကိန်း။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar