Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အထုပ်ထမ်း မဟန်လစ် မဆုတ်တမ်းခံစစ်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အထုပ်ထမ်း မဟန်လစ် မဆုတ်တမ်းခံစစ်

မိုးမခ ၊ မေ ၁၂ ၊ ၂၀၂၅


အထုပ်ထမ်း မဟန်လစ်တာကတော့ မဆုတ်တမ်း ခံစစ်တွေပါဘဲ။ ပြန်ပစ်ဖို့ဝေး မကျန်ရစ်ဖို့အရေး အမြန်လစ်လို့ပြေးပဲ။ ဖနောင့်နဲ့ တင်ပါး တသားတည်းကျမှ မဟုတ်ရင် ကိုယ့်ဟာကိုယ်တောင် မူစကူမဒူးလိုက်ရဘဲ စမုံတုံးသွားမှာ။ အပြီးအစီးတွေချည်း ဖထီးတို့ သိမ်းချက်တွေ ဆိုတာ ဆတိုးကိန်းနဲ့ တွက်သလား ထင်ရ။ တစခန်းပြီး တစခန်း ဖလန်းဖလန်း အဇမ်းအဇမ်းကို သိမ်းနေတော့တာ။ စကစတွေလည်း အရမ်းအရမ်းကို ဂိန်းနေတော့တာပါပဲလား ဟရို့။ ဗန်းမော်မှာ ဆော်ချက်တွေကလဲ အော်တက်။ စစ်တပ် ထုံးစံ ဘီလူးမ စိတ်ဓာတ်နဲ့ ပြည်သူကို ဗုံးကြဲသတ်ပြ ပြည်သူ့အသက်နဲ့ခြိမ်းခြောက်ပြတာသာ ရှိတာပေါ့။

ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ နေပြို‌တော်၊ ပဲခူး၊ ရန်ကုန်၊ ကရင်၊ တနင်္သာရီထိ တောင်က မြောက်၊ မြောက်က တောင် ရေခဲတောင်ကနေ ပင်လယ်ထိ အကြားအလပ်မရှိ တသီတတန်းကြီး ဂန်းကြီးဂန်းငယ် အသွယ်သွယ်နဲ့ ပြည်တွင်းမှာ အပီဗြင်းခံရချိန် အတည်ကြီး တဟင်းဟင်းနဲ့ ရုရှား သွားလေယာဉ်ပေါ် နှုတ်သီးထော်တက်လိုက်သွားတဲ့ ခေါကြူမခမျာလဲ ဟိုရောက်မှ ကြက်သအုပ်မ မောင်းချက်မှန်တဲ့ အခွက်နဲ့ ကြည့်တိကြောင်တက် စကားပြန်လေးလက် မလွှတ်တမ်းဆွဲ မရဲတရဲ ဘာဝယ်ရမှန်း မသိ၊ လင်တော်ကြောင်ကလဲ ငေါင်ငေါင်ငေးငေး ချောင်ကလေးမှာ။ အဲသမှာ သွားမိသွားရာ ညုကလီးယားဈေးတန်းထဲ ရောက်သွားရောဆိုပါတော့။ စကားပြန်လေး သေချာမမေးဘဲ ဒါလောက်တော့ ငါလည်း သိပါတယ်ပေါ့ ဆိုတဲ့အထာနဲ့ ညုကလီးယားကို ညုက+လီးယားဆိုပြီး နှစ်လုံးစီခွဲ မြန်မာလို တိုက်ရိုက်ဘာသာပြန်ပြီး သွားဝယ်ပါရောလား။ ဗိုလ်ကတော်ချင်းပြိုင် ဘယ်သူနိုင် ဆိုတဲ့ မျက်နှာပေးကြီးနဲ့လေ။ အဲဒီမျက်နှာပေးကြီးကို သိတယ်ဟုတ်။ 

အင်း ဂေါက်ကြူတပဲ့တွေကလဲ တကယ့်ငစားတွေ။ ငလျင်အပျက်အစီးကြား ခရီးသွားလုပ်ငန်းစဉ်သစ် ဆိုပြီး ကမ္ဘာကို ဗျို့ဟစ်သတဲ့။ အမှန်က ရှင်းလင်းဖြိုဖျက် တည်ဆောက်ရမှာတွေမလုပ်ဘဲ နိုင်ငံတကာအလှူငွေတွေ ဗုန်းထားတာကို ဖုံးဖိဖို့ တမတ်ကွက် ကြံကြတာ။ ငါတို့က မလုပ်တာမဟုတ်ဖူး၊ နင်တို့တွေ ကြည့်ရအောင် ထားတာပေါ့လေ။ ပြည်သူကတော့ ငလျင်ဒဏ်ရော လူစဉ်မမီ ဒဏ်ရော ခံပြီးရင်း ခံရတာ။ ပြည်သူသတ်အုပ်စုရဲ့သဘောထားကတော့ ရှင်းပါတယ်။ စားဝတ်နေမှု အဆင်မပြေနေတဲ့ကြား ငလျင်က မပြတ်တမ်း လှုပ်၊ မိုးရွာလိုက် လေကြီးလိုက် လုပ်နေလို့ ထပ်ပြိုလုလု တိုက်တာတွေအခြေအနေနဲ့ အမြဲတုန်လှုပ်နေရတဲ့ကြားမှာ ဒီပြိုလုလုတိုက်တာတွေ ပြိုကျနေတဲ့ အဆောက်အဦတွေနဲ့ ခရီးသွားလုပ်ငန်းလုပ်ဖို့ စဉ်းစားနေတယ်။ 

တကယ် ခရီးသွားလုပ်ငန်းဖြစ်မှာက စစ်ဘေးသင့် မြို့ရွာတွေ။ ချုံနွယ်ပိတ်ပေါင်းတွေအောက်က မြေမြှုပ်မိုင်းတွေနဲ့ မြို့ပျက်ကြီးတွေ။ ရွာပျက်ကြီးတွေ။ ဗုံးဒဏ်ခံ အဆောက်အအုံကြီးတွေ။ ဒင်းတို့ရဲ့ စစ်ကြောရေးစခန်းတွေ။ အကျဉ်းထောင်တွေ။ ငလျင်ကနေ ရလာတဲ့ အကူငွေတွေ ပစ္စည်းတွေကို ဗုန်းရုံမက ငလျင်ကယ်ဆယ်ရေးလုပ်ဖို့ အပစ်ရပ်တယ် ပြောပြီး လေယာဉ်နဲ့ ဗုံးလှည့်ကြဲ စစ်ကြောင်းထိုးတာတွေကလည်း တဖက်သတ်လုပ်နေသေးတာ။ ဖာခေါင်းစိတ်နဲ့ စစ်သား။ ဘုရားစူး စစ်သားရယ်။ စစ်သားလုပ်ပြီး စစ်တိုက်တယ်သာ ပြောတာ။ စစ်သားအသွေးအရောင်က တရည်မှ မပြောင်တော့။  သူရဲဘောကြောင်စိတ်က အပြည့်။ ကြောင်သူတော် ကြွက်သူခိုးစိတ်ကအပြည့်။ မိခင်တု ဘီလူးမစိတ်။ အင်္ဂုလိမာလကို ပုဏ္ဏကတိုက်ထားတဲ့စိတ်။ လူစာရင်းပျက်တဲ့ အမနုဿစိတ်။ ကိုယ့်ပြည်သူကိုသာ နည်းအမျိုးမျိုးနဲ့ သတ်ဖြတ်နေတာ၊ ကိုယ့်ကိုယ်ကိုယ် နိုင်ငံတော် နိုင်ငံတော်နဲ့ တစာစာ အော်နေတာ။ အိန္ဒိယဘက်က ကိုယ့်မြေပေါ်ခြံစည်းရိုးကျူးခတ်တာကျ မကိုက်ရဲ။ ကိုက်ဖို့ထား ဟောင်တောင် မဟောင်ရဲ။ ပြည်တွင်းမှာ ကိုယ့်အိမ် ကိုယ့်ယာနဲ့နေသူတွေကျ ကျူးဆိုပြီး ဖြိုဖျက်နှိပ်စက်။ ဘာဘူကိုတော့ မျက်ခုံးထော် မော်မကြည့်ရဲ။  ကိုယ့်တိုင်းပြည် တကယ်ချစ်တဲ့ တော်လှန်ရေးတပ်တွေကဘဲ အိန္ဒိယအစိုးရကို ကန့်ကွက်ပြောဆိုတာလုပ်ရဲတာ။

သရေကြိုးနှစ်ကောင်ရဲ့ တကောင်တမျိုး ကျပ်မပြည့်တဲ့ ဆိုးကျိုးတွေ ပြည်သူတွေ ခံနေရတယ်။ သူ့တပ်လဲ ကုန်သလောက်၊ မုဆိုးမနဲ့ ဒုက္ခိတဘဲကျန်တော့တာ။ ခု အဲဒီ မုဆိုးမနဲ့ဒုက္ခိတတွေကိုတောင် စစ်ပြန်တိုက်ခိုင်းနေပြီ။ ပင်စင်ပေး ကျွေးမထားတော့။ စိုးဝင်း ဆိုတဲ့ ဒုထရော်မာကောင်ကလဲ ဒုဆိုတဲ့အတိုင်း ရုရှားမျိုးချစ်စစ်အောင် နှစ် ၈၀ ပြည့်ပွဲ အတုပဲ တက်ရတဲ့ ထရော်မာနဲ့ ရှင်ပြုအလှူပွဲပါမကျန် ဗုံးပတ်ကြဲခိုင်းနေတော့တာ။ အင်းလေ ဒုဆိုတဲ့အတိုင်း ဒုစရိုက်လုပ်တယ်။ ဒုသနသောတွေ မွေးထုတ်တယ်။ ဒုက္ခပေးတယ်။ ဒုက္ခိတစက်ရုံ ထောင်တယ်။ ဒုဂ္ဂတိဘုံ တည်ဆောက်တယ်။

ဟို ပွဲအစစ်သွားတက်တဲ့ ကြောင်တောင်တောင်ကောင်ကိုလဲ ဒီကောင် ပေမမှီဒေါက်မမှီ‌ ထရော်မာကိုသိတော့  ရှီကျင့်ဖျင်က သေချာခေါ်ကြပ်တယ်။ တရုတ်ဝန်ထမ်းနဲ့ လုပ်ငန်းတွေကို လက်တွေ့ကျကျ အာမခံခိုင်းတယ်။ မင်း ပုံမှားရိုက်ဖို့ မကြံနဲ့။ မင်းတို့ ယူနီဖောင်းပြောင်းပြီး လူသတ်နေကျ၊ လုယက်နေကျ၊ အကျင့်ယုတ်နေကျ အထာတွေ သိပြီးသား‌နော်၊ နှစ်ကျပ်ကွက်မခင်းနဲ့။  မူးယစ်ဆေးအိမ်ထဲ သွင်းပြီး လူဖမ်းတဲ့ အကွက်မျိုး သုံးဖို့ မစဉ်းစားနဲ့လို့ အာမခံခိုင်းတာ။ မင်း မွေးထားတဲ့ပျူတွေ သုံးပြီး ဇာတ်မထွင်နဲ့။ မင်း တမိသားစုလုံး စမုံတုံးသွားမယ်လို့ ခေါ်ကြိမ်းတာ။ ဒီကောင် လူမျိုးရေး အဓိကရုဏ်းဖန်မယ့် စောက်ကွက်ကို ချုပ်တာ။ ငပုက မခို့တရို့လေးနဲ့ ဟုတ်ကဲ့ခမျဆိုပြီး မဟုတ်တာအကုန်လုပ်တဲ့ကြောင်ချီးမှန်း မဟုတ်တရုတ်က သူ့ထက်ပိုသိပြီးသား။ 

ဒီကောင်တွေရဲ့ ပေမမှီဒေါက်မမှီ ထရော်မာဆိုတာ ဒီလို။ ပေမမှီ ဆိုတာ စံမမှီ ဉာဏ်မမှီတာကို ပြောတာ။ စစ်ဗိုလ်ချုပ်တွေရဲ့ အရပ်သားတွေလို ပညာမတတ်တာ၊ အရပ်ဘက် အုပ်ချုပ်ရေးကို မသိတာ၊ အရပ်က တပ်ကို လက်မခံ တလျှောက်လုံး တွန်းလှန်ခံနေရတာပေါ့။ 

ဒေါ်စုကို အလကားနေရင်း မတရားဂျေဝင်နေတဲ့ စိတ်ရောဂါကတော့ ဒေါက်မမီတာလေ။ လူက အဲဒီစိတ်ရောဂါနဲ့ ချုံးချုံးကျ၊ တပ်ကလဲ ဗုံးဗုံးကျနေတဲ့အချိန် ဒီကောင်တွေ ဘာလုပ်မယ်ဆိုတာ မစ္စတာရှီကျင့်ဖျင်က သိတယ်လေ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar