ကပ္ပိ - ဗိုလ်ချုပ်မှူးကြီး ချံစော်နီး
ဗိုလ်ချုပ်မှူးကြီး ချံစော်နီး
ကပ္ပိ
(မိုးမခ) မေ ၂၅၊ ၂၀၂၅
မအလ အမည် တွင်၊ ကြင်စိုး အမည်ရ၊ သာဝဗ အမည်ပြောင် ရှိတော်မူထသည့် ဗိုလ်ကြောင်ချေးကား အာဏာသိမ်းခဲ့တာ ၄ နှစ်တောင်မှရှိခဲ့စေကာမူ သူ့အား ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံတော်ကမှ အစိုးရအဖြစ် အသိအမှတ်မပြုလေရာ သူကား ရှာမှရှားသည့် ပုဂ္ဂိုလ်ပါပေ။
မအလကား အရပ်စကားဖြင့်ဆိုရပါမူ " မြောင်း "ထဲရောက်နေသူ ဖြစ်ပါပေလေ၏။ သူ့အား ကမ္ဘာ့
နိုင်ငံအသီးသီးက အသိအမှတ်မပြုလေရာ သူက" ရှိတဲ့မိတ်ဆွေနိုင်ငံတွေနဲ့ပဲ ခရီးဆက်မယ် " ဟု
လူသိရှင်ကြား ပွားထားခဲ့သော်ငြား အာဆီယံနိုင်ငံတွေကပါ အစိုးရအဖြစ် အသိအမှတ်မပြုလေရာ
ကြင်စိုးကား မြောင်းထဲမှာသာ ရှိနေပါလေ၏။
သူ့မှာရှိသည့် မိတ်ဆွေတုနှစ်ဦးကလည်း အခြေအနေကိုသုံးသပ်ကာ မြောင်းထဲမှသူ့အား အပေါ်
သို့ဆွဲ၍မတင်နိုင်ကြ။ ထို ကိုပုတင်နှင့် ကိုကိုဖျင်တို့မှာ စားနေကျကြောင်ဖားကြီးများဖြစ်သည်နှင့်
အညီ မြောင်းထဲမှကြင်စိုးကို လက်ကမ်းမပေးဝံ့ကြ။ သူတို့၏အကြွေးများဆုံးမှာစိုး၍သာ အလိုက်
အထိုက်ကလေး နေပေးနေကြပုံ ရပါ၏။
တကယ်တော့ ကြင်စိုး သာဝ မအလသည် မြောင်းထဲသို့ကျနေသည်မှန်သော်လည်း ထိုမြောင်းကား
ရေမြောင်းမဟုတ်ပေ။ သူကျပြီး ယက်ကန်ယက်ကန်ဖြစ်ကာ နှာခေါင်းမြုပ်အောင် နစ်နေရှာသည့်
မြောင်းမှာ အခြားမဟုတ်၊ ကျွန်ုပ်တို့ပြည်သူလူထု၏ အစာဟောင်းအိမ်မှ ထုတ်ကုန်များဖြစ်သည့်
ကျင်ကြီးများစွန့်ထုတ်ရာ မိလ္လာမြောင်းကြီးသာ ဖြစ်ပါပေလေ၏။
သည့်အတွက် လူထုအချစ်တော်ကြင်စိုးကို ချေးမြောင်းထဲမှဆယ်ယူကယ်တင်ရန် မည်သူမှ
လက်ကမ်းမပေးဝံ့တာ ဖြစ်ပါလေ၏။
အကယ်၍ သူ့အား လက်ကမ်းပေးကာ ဆယ်ယူတော်မူမည်ဆိုပါလျှင် အကြင်ပုဂ္ဂိုလ်လည်း ကြင်
စိုးနှင့်ထပ်တူ ချေးပေတော်မူကာ ချေးစော်များနံပြီး လူတကာ အော့နှလုံးနာ၍ ရှောင်ကွင်းထွက်ခွာ
သွားကြခြင်းကို ဒင်းတို့ပါ ခံကြရပေလိမ့်မည်တကား။
ကပ္ပိ
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar