မြန်မာ့ဒီမိုကရေစီရေး သုခမိန်

Art by Pwint Phyu Nandar (2011)

မြန်မာ့ဒီမိုကရေစီရေး သုခမိန်
သိပ္ပံချစ်သူ (သန်းဝင်းလှိုင် (ကွယ်လွန်))
ဇွန် ၁၆၊ ၂၀၁၁
(ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်မြောက်မွေးနေ့အမှတ်တရ)
စာရေးဆရာ သန်းဝင်းလှိုင် မကွယ်လွန်မီ သုတေသနစာအုပ်အဖြစ် ထုတ်ဝေခဲ့တဲ့ ဆောင်းပါးကို စု ၆၆ မွေးနေ့ စာအုပ်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ယခု ၂၀၁၁ ခုနှစ် နောက်ဆုံးအကျယ်ချုပ် လွတ်မြောက်ချိန်အထိ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဖြတ်သန်းမှုကို စုစည်းထားတာကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ သည်နေရာမှာ အဲသည်အချိန်က NLD ပါတီ ဦးသိန်းစိန်၏ အစိုးရလက်အောက်မှာ ပြန်မှတ်ပုံတင်ဖို့၊ ကြားဖြတ် ရွေးကောက်ပွဲဝင်ဖ်ို့ အစီအစဉ်တွေ မဖြစ်လာသေးတဲ့ အခြေအနေကို တွေ့ကြရမှာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးနေ့ဟူ၍ မြန်မာနို င် ငံနှင့် ကမ္ဘာတဝန်း၌ နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခု အခါ နှစ် (၂၀) ကျော်ခဲ့ပြီဖြစ်သည်။ ယခုနှစ် တွင် မြန် မာနိုင်ငံအမျိုးသမီးများနေ့ (ဒေါ် အောင်ဆန်းစုကြည်မွေးနေ့) အထိမ်းအမှတ် ရိုးရာယဉ်ကျေးမှုဂီတပွဲတော်ကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်မှ ၁၉ ရက်နေ့အထိ (၁၀) ရက်တိုင်တိုင် စည်းကားသိုက်မြိုက် စွာကျင်းပရန် စီစဉ်လျှက်ရှိသည်။
ယခုနှစ် ဇွန်လ ၁၉ ရက် တနင်္ဂနွေနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆) နှစ်မြောက်မွေးနေ့ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်မှစ၍ နိုင်ငံ ရေးလောက သို့ ခြေစုန်ပစ်ဝင်ရောက် ကာ မြန် မာနိုင်ငံတွင် စစ်အာဏာရှင်အစိုးရအား ဖြုတ်ချ၍ ဒီမိုကရေစီရရှိရေးအ တွက် လူထုကြီးနှင့်အတူ ဦးဆောင် တိုက်ပွဲဝင်ခဲ့သည်မှာ (၂၃) နှစ်တိုင်ခဲ့ပြီးဖြစ်သည်။ သို့သော် ၂၃ နှစ်ကာလအတွင်း စစ်အစိုးရ၏နေအိမ်အ ကျယ်ချုပ် အကြိမ်ကြိမ်ချခံခဲ့ရသည့်အတွက် သူမ၏မွေးနေ့များကို နှစ်စဉ်မကျင်းပ ဖြစ်ခဲ့ချေ။
ယခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ပွဲ၌ ပြည်နယ်နှင့်တိုင်းအသီး သီးမှ တိုင်းရင်းသားများ၏ရိုးရာ အကများ၊ ရိုးရာဓလေ့၊ စာပေအနုပညာယဉ်ကျေးမှုပြပွဲ များနှင့် ဂီတပြိုင်ပွဲများ၊ ဖြေဖျော်ပွဲများကို စည်ကားစွာကျင်းပရန်ပြင်ဆင်ထားသည်။
လူထုခေါင်းဆောင် ငြိမ်ချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့တပ်မတော်ဖခင်ကြီး ဗိသုကာဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ ၏သမီးဖြစ်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရရှိရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဆောင်ရွက်နေသူဖြစ်သည်။ သူသည် စစ်အာဏာရှင်စနစ်ကို ဖယ်ရှား နေသူသက်သက်သာမဟုတ်ချေ။ ဒီမိုကရေစီရရှိရေးအတွက် အပင်ပန်းခံအဆင်းရဲ ခံကာ မိမိကိုယ်ရေး ကိုယ်တာများကိုဘေးချိပ်၍ အထီးကျန်ဘဝကို ပျော်ပျော်ကြီးပေး ဆပ်ကာ ရဲရဲဝံ့ဝံ့တိုက်ပွဲနေသူဖြစ်သည်။ ဤအချက်များကပင် သူ၏အမွန်မြတ်ဆုံး သော ဂုဏ်ဒြပ်ဖြစ်သည်။ သူသည် မြန်မာ့ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေ သော သာမန်နိုင်ငံရေးခေါင်းဆောင်တစ်ဦးမဟုတ်ပေ။ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကဲ့ သို့ ခေါင်းေ ဆာင်မှုအရည်အသွေးနှင့် သိမ်မွေ့ထက်မြက်သော နိုင်ငံ ရေးအ သိအ မြင်ရှေိ သာ မြန်မာ့နိုင်ငံရေး သုခမိန်ဖြစ်သည်။
၁၉၄၅ ခုနှစ်ဇွန်လ ၁၉ ရက်နေ့နံနက် ၃ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့သည်။ ဖခင်ဗိုလ် ချုပ်အောင်ဆန်းလုပ်ကြံခံရစဉ်က (၂) နှစ်သမီးအရွယ်သာ ရှိသေးသည်။ ငယ်စဉ်က ၁၉၄၉ မှ ၁၉၅၇ ခုနှစ်အထိ ရန်ကုန်မြို့ စိန့်ဖရန်စစ် ကွန်ဗင့် ကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ၁၉၅၇ မှ ၁၀၆၀ ပြည့်နှစ်အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့သည်။
၁၉၆၀ ပြည့်နှစ်တွင် မိခင်ဖြစ်သူဒေါ်ခင်ကြည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင် ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသဖြင့် မိခင်နှင့်အတူ အိန္ဒိယနိုင်ငံနယူးဒေလီမြို့ သို့ လိုက်ပါခဲ့သည်။ ယေရှုနှင့် မေရီကွန်ဗင့်ကျောင်း (Convent of Jesus and Mary) နှင့် လေဒီရှယ်ရီရမ် ကောလိပ် (Lady Shri Ram College) တို့၌ ဆက်လက် ပညာသင်ကြား ခဲ့သည်။
၁၉၆၂ - ၆၃ နှစ်များတွင် ဒေလီတက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာဆည်းပူးခဲ့သည်။ ၁၉၆၄-၆၇ နှစ်များတွင် လန်ဒန်မြို့၊ အောက်စဖို့တက္ကသိုလ်ရှိ ဟူးစ်ကောလိပ်၌ ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာ ဆည်းပူးခဲ့ပြီး ဝိဇ္ဖာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။
ဘွဲ့ရပြီးနောက် ၁၉၆၈ ခုတွင် လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိက လေ့လာရေးဌာန နိုင်ငံရေးသိပ္ပံဌာန ၌ သုတေသနလက်ထောက်အဖြစ် တာဝန်ထမ်း ရွက်ခဲ့သည်။ ၁၉၆၉-၇၁ ခုနှစ်များတွင် အမေရိကန်ပြညေ် ထာင်စု နယူးယောက် ကုလမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ် များ အ ကြံပေးကော်မတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ်ထမ်းရွက်ခဲ့သည်။
၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလ ၃၁ ရက်နေ့တွင် ကောလိပ်ကျောင်းသူဘဝကပင် ရည်ငံခဲ့သော ဒေါက်တာမိုက်ကယ် အဲရစ် (Dr. Michael V. Asis) နှင့် လက်ထပ်ခဲ့သည်။ ဒေါက်တာမိုက်ကယ်အဲရစ် သည် အောက်စဖို့ဒ် တက္က သိုလ်မှ ပညာရှင်တဦးဖြစ်ပြီး၊ မြောက်ပိုင်းဗုဒ္ဓဘာသာ (မဟာယန) ၏ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်း ကို အထူးပြုလေ့လာနေသော သုတေသီဖြစ်သည်။ ယင်းပညာရပ်နှင့်သက်ဆိုင်သော စာအုပ်စာ တမ်းများကိုလည်း ရေးသားပြုစုထုတ်ဝေခဲ့သည်။ ဒေါ်စုသည် မိုက်ကယ်အဲရစ်နှင့်အိမ်ထောင်ကျပြီး ၂ နှစ်အ ကြာတွင် သားကြီးမြင့်ဆန်းအောင်ခေါ် အလက်ဇန်း ဒါးကို ၁၉၇၃ ခုနှစ် ဧပြီ ၁၂ ရက်နေ့တွင်လည်းကောင်း၊ ၁၉၇၇ ခုနှစ်စက်တင်ဘာလ ၂၄ ရက်နေ့တွင် သားငယ်ထိန်လင်းခေါ် ကင်မ်တို့ထွန်းကားခဲ့သည်။
၁၉၇၂ - ၇၃ ခုနှစ်များတွင် ဘူတန်ဘုရင့်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးရုံးတွင် ကု လသမဂ္ဂကိစ္စများဆိုင်ရာ အကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် ၁၉၇၅-၇၇ တွက် အောက်စဖို့ဒ်တက္ကသိုလ် ဘော့ဒလီယန်စာကြည့် တိုက်၌ မြန်မာစာ အုပ်များနှ င့် ပေပုရပိုဒ်များ စာစုပြုစုသူ ပညာရှင်အဖြစ် တာဝန်ထမ်း ရွက်ခဲ့သည်။ ၁၉၈၅-၈၆ နှစ်များတွင် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှ ဆိုင်ရာလေ့လာရေးဌာနတွင် သုတေသီအဖြစ် သွားရောက်သုတေ သနပြုခဲ့သည်။ ၁၉၈၇ တွင် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ရှိ အဆင့်မြင့် အိန္ဒိယသိပ္ပံဌာန၌ သုတေသန အရာရှိအြ ဖစ် လုပ်ကိုင်ခဲ့သည်။ ထိုနှစ်မှာ ပင် ၁၉၈၇ တွင် လန်ဒန်တက္ကသိုလ် အရှေ့ တိုင်းနှင့် အာဖရိကလေ့လာရေးဌာနသို့ တင်သွင်းမည့် ဘွဲ့လွန်စာတမ်းတစောင်ကို ပြုစုလျက်ရှိသည်။ စာတမ်းအမည်မှာ “ ၁၉၁၀ မှ ၁၉၄၀ နှစ် အတွင်း ထုတ်ဝေခဲ့သော မြန်မာ့စာနယ်ဇင်းများ၌ ထင်ဟပ်နေသော အမျိုးသားရေး ဝါဒ” ဖြစ်သည်။
ထို့နောက် ၁၉၈၈ ခုနှစ်မတ်လမှစ၍ တပါတီအာဏာရှင်စနစ်အား ဆန့် ကျင်ကန့်ကွက်နေစဉ်အတွင်း ကျင်းမော ရး အခြေအနေဆိုးဝါးလာသော မိခင်ဖြစ်သူ ဒေါ်ခင်ကြည်အား အနီးကပ်ပြုစုရန် မြန်မာနိုင်ငံ သို့ ပြန်လညေ် ရာက်ရှိခဲ့သည်။ ထို့ ကြောင့် ဘွဲ့လွန်စာတမ်းအတွက် လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိကလေ့ လာရေးဌာနတွင် သုတေသနပြုနေမှုကိုရပ်နားလိုက်ရသည်။
ရန်ကုန်မြို့သို့ရောက်ပြီး ၅ လအကြာတွင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး တော်ပုံကြီး အတွင်း ပြည်သူ့အ တိုင်ပင်ခံကော်မတီဖွဲ့စည်းရန် သြဂုတ်လ ၁၅ ရက်တွင် အကြံပြုခဲ့သည်။ ယင်းနောက် သြဂုတ်လ ၂၆ ရက်နေ ့တွင် ရွှေတိဂုံစေတီတော်အ နောက်ဘက်မုခ်၌ လူထုအစည်းအဝေးတွင် လူထုတသိန်းကျော်အား မိန့်ခွန်းပြောကြား ကာ ဒီမိုကရေစီအစိုးရထူထောင် ရန်တောင်းဆိုခဲ့သည်။
ထိုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ် မှူးချုပ်ဟောင်း အောင်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးတို့နှင့်အတူ “ပြည်သူ တရပ်လုံးသို့ပန်ကြားချက်” စာတစောင်ကို ပူးတွဲထုတ်ပြန်ခဲ့သည်။ ထို့နောက် ‘အောင်၊ စု၊ တင်’ အဖြစ် ပူးတွဲလှုပ်ရှားနေရာမှ ၁၉၈၈ ခုနှစ်စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင် (ရုပ်ရှင် မင်းသား)၊ ဦးအောင်ကြီးဘက်မှ ဦးကြည်ဟန် ၊ ဦးဘရွှေ၊ ဦးချစ်ခိုင်၊ ဦးတင်ဦးဘက်မှ ဦးလွင်၊ ဦးအောင်ရွှေ၊ ဦးကြည်မောင် စသည့် (၁၂) ဦး ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy-NLD) ကို ဖွဲ့စည်း တည်ထောင်၍ စက်တင်ဘာ ၃၀ ရက်နေ့၌ ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်မှတ်ပုံတင်ခဲ့ သည်။ ကော်မ ရှင်က NLD ကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ကြေညာချက်အမှတ် (၃) ဖြင့် တရားဝင်ပါတီအဖြစ် အတည်ပြုထုတ်ပြန်ပေးခဲ့သည်။
၁၉၈၈ ခုနှစ်ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မိခင်ကြီး ဒေါ်ခင်ကြည်သည် ကွန် လွန်သွားခဲ့သည်။ မိခင်ကြီးဈာ ပနကိစ္စ အဝ၀ပြီးနောက် ၃ လအကြာတွင် ၁၉၈၉ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်းသို့ အဖွဲချုပ်ကိုယ် စားစည်းရုံးရေးဆင်းရာ အာဏာပိုင်တို့မှ အမျိုးမျိုးလိုက်လံနှောက်ယှက်နေရုံ သာမက စစ်တပ်မှ သူမအား သေနတ်ဖြင့်ချိန်၍ ခြိမ်းခြောက်ခဲ့သည်ကို မကြောက်မရွံ့ ထိပ် တိုက်ရင် ဆိုင်ခဲ့သည်။ အမှန်စင် စစ်နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူလူထု၏လိုလား ချက်နှင့်ဆန္ဒကို ညီညွတ်စုစည်း မှုပြုနိုင်ရေးအတွက် နိုင်ငံရေးအရ စနစ်တကျဖွဲ့စည်း ထားသည့် အဖွဲ့အစည်းတခုဖြစ်ရာ တရားဝင်မှတ်ပုံ တင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါ တီတရပ်သည် ဒီမိုကရေစီကို မှန်ကန်စွာကျင့်သုံးနိုင်ခွင့်နှင့် ပြည်သူလူထုကို စစ်မှန်စွာ ကိုယ်စားပြုခွင့်ရရှိရေးအတွက် စည်းရုံးရေးလှုပ်ရှားခွင့်ရရှိရေးသည် အဓိကအချက်ဖြစ် သည်။ သို့မှသာ နိုင်ငံရေးပါတီတရပ်သည် အရှည်သဖြင့် တည်တည်ငြိမ်ငြိမ်ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်ပေသည်။ သို့အတွက် စည်းရုံးရေးစွမ်းရည်ပေါ်တွင် တည်မှီနေ သောကြောင့် နိုင်ငံတော်အတွင်း လွတ်လပ်စွာစည်း ရုံးလှုပ်ရှားခွင့် ရရှိရမည်ဖြစ်သည်။ သို့သော် ပြည်တွင်းပြည်ပ ဒီမိုကရေစီဖော်ဆောင်မည်ဟု အသံကောင်း ဟစ်ကြွေးနေသော စစ်အစိုးရ၏ဇာတိရုပ်သည် ထိုစဉ်ကပင် ပေါ်လွင်နေသည်မှာ ထင်ရှားပေသည်။
ထို့နောက် ၁၉၈၉ ဇွန်လ ၂၁ ရက်နေ့တွင် ဒေါ်စုသည် ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံအတွင်း ကျဆုံးသွားေ သာသူများအတွက် အမှတ်တရအထိမ်းအမှတ် အခမ်းအနားကိုတက်ရောက်ခဲ့ရာ စစ်တပ်မှ အခမ်းအနား တက်ရောက်သူ ကျောင်း သားများနှင့် လူထုမြောက်များစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် (၄၂) နှစ်မြောက်အာဇာနည်နေ့ နှစ်ပတ်လည်အခမ်းအနားကျင်းပ၍ လူထုနှင့်အတူ အာဇာနည်ကုန်း၌ ပန်းခွေချအ လေးပြုရန်စီစဉ်ထားသော်လည်း နဝတခေါ် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် စစ်တပ်အင်အားများစွာတိုးချထားခြင်းအား ထိပ်တိုက်ရင်ဆိုင်တွေ့ မည် ကိုရှောင်ရှားနိုင်ရန် ဒေါ်စုသည် စီစဉ်ထားသည့် အာဇာနည်နေ့နှစ်ပတ်လည်အခမ်း အနားကို ဖျက်သိမ်း လိုက်သည်။
အာဇာနည်နေ့အခမ်းအနားပျက်သွားပြီး နောက်တ နေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူ များ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေပုဒ်မ (၁၀) (ခ) ဖြင့် နေ အိမ်အကျယ်ချုပ်ချ ထားခြင်းခံရသည်။ ဒေါ်စုသည် နေအိမ်မှ ကျောင်းသားများကို စစ် ကြောရေးစခန်းများသို့ ဖမ်းဆီး၍ ညှင်းပမ်းနှိ ပ်စက်နေသည်ကို ကန့်ကွက်သည့်အ နေဖြင့် အစာငတ်ခံဆန္ဒပြခဲ့သည်။ နေအိမ်အကျယ်ချုပ်ချခံရသည်ကို အပြည်ပြည်ဆိုင် ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးမှ ‘အပြစ်မဲ့အကျဉ်းသား’ အဖြစ် အသိအမှတ်ပြုခဲ့ သည်။
၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် နဝတမှဦးစီး၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်သည် ဆက်လက် အကျယ်ချုပ်ခံနေရသော်လည်း အမျိုးသားဒီမိုကေ ရစီအဖွဲ့ချုပ်သည် တရားဝင်မဲဆန္ဒ ပေါင်း၏ ၈၂ ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲတွင်အနိုင်ရရှိလိုက်၏။ နဝတသည် NLD ၏ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ယုတ်မာစွာငြင်းပယ်ခဲ့လေသည်။ ၁၉၉၁ ဇူလိုင်လ ၁၀ တွင် ဒေါ်အောင်ဆန်းစုကြည်အား၊ ဥရောပပါလီမန်၏ လူ့အခွင့်အရေး ဆုဖြစ်သော ‘ဆာခါရော့ဗ်ဆု’ ကို ထိုက်တန်စွာချီးမြှင့်ခဲ့သည်။ ထိုနှစ် အောက်တိုဘာလ ၁၄ ရက်မှာပင် နော်ဝေးနိုင် ငံ၊ အော်စလိုမြို့ ရှိ နိုဘယ် လ်ဖောင်ဒေးရှင်းက ‘ငြိမ်းချမ်းရေး ဆုနိုင်ဘယ်ဆု’ ကို ဒေါ်အောင်ဆန်းစုကြည်အားချီးမြှင့် ရာ စစ်အာဏာရှင်များ တုန် လှုပ်သွားခဲ့ရသည်။ နိုဘယ်ဆုကော်မတီက “ဒေါ်အောင်ဆန်းစုကြည်၏ရဲ စွမ်းသတ္တိ တွေဟာ အခြားနိုင်ငံတွေရဲ့အထူးအံ့သြဖွယ်၊ ချီးကျုးလေးစားဖွယ်တွေထဲက တခုဖြစ် ပါတယ်။ သူမဟာ ဖိနှိပ်ချုပ် ချယ်ခြင်းကလွတ်မြောက်ဖို့တိုက်ပွဲဝင်နေတဲ့ အဓိကအရေး ပါတဲ့ပုံရိပ်တခုလည်းဖြစ်ပါတယ်” ဟူ၍ ပြောကြား သွားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့အထိ တကြိမ်၊ ၂၀ဝ၀ ပြည့်နှစ်စက်တင်ဘာလ ၂၃ ရက်မှ ၂၀ဝ၂ ခုနှစ်၊ မေလ ၆ ရက်နေ့ တကြိမ်၊ ၂၀ဝ၃ ခုနှစ်၊ မေလ ၃၀ ရက်မှ ၂၀၁၀ပြည့်နှစ်၊ နိုဝင် ဘာလ ၁၃ ရက်နေ့အထိ တကြိမ် နေအိမ်အကျယ်ချုပ်အဖြစ် ထိန်းသိမ်း ချုပ်နှောင်ထား ခြင်းခံရသည်။
နောက်ဆုံးအကြိမ် အကျယ်ချုပ်ချခံရသည်မှာ ၂၀ဝ၃ ခုနှစ်၊ မေလ ၃၀ ရက် နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် စည်းရုံးရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်၏ယာဉ်တန်းအား ကျည်ရွာအနီးတွင် စစ်အစိုးရ၏ ဒေါက်တိုင်အဖွဲ့အစည်း များဖြစ်သော ကြံ့ဖွတ်နှင့် စွမ်းအားရှင်များ၊ စစ်တပ်မှခေါ်ဆောင် လာသော နှစ်ကြီးအ ကျဉ်းသားများက အကြမ်းဖက်တိုက်ခဲ့ရာ ဒေါ်စုအားထောက်ခံသည့် အဖွဲ့ချုပ်အဖွဲ့ဝင် များစုစုပေါင်း ၂၈၂ ဦး သေကျေ၍ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အ ပြင် မတရားအရိုက်ခံ ရသည့် အဖွဲ့ချုပ်နှင့် ပြည်သူရာပေါင်းများစွာကို စစ်အစိုးရသည် မတရားဖမ်းဆီးခဲ့ သည်။ ဒေါ်အောင်ဆန်း စုကြည်သည် သူမစီးနင်းလာသည့် ကား၏ ယာဉ်မောင်းဖြစ်သူ ကျော်စိုးလင်းအကူအညီဖြင့် ထိုဖြစ်စဉ်နေရာမှ လွတ်မြောက်ခဲ့ သော်လည်း ဒဏ်ရာပြင်းထန်စွာရရှိပြီး ရေဦးမြို့သို့အရောက်တွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ကို ခံခဲ့ရသည်။ ထို့နောက် သူမကို ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း၌ ခေတ္တ ထိန်းသိမ်း ထားပြီး နောက်ဆုံး ကျန်းမာရေးအခြေအနေကြောင့် အထူးကုဆေး ခန်းမှ နေအိမ်သို့ပြောင်းရွှေ့ကာ အကျယ်ချုပ်ဖြင့် တတိယ အကြိမ် အပြစ်ဒဏ်ချမှတ် ခြင်းခံရသည်။
နေအိမ်အကျယ်ချုပ်ကာလအတွင်း ၂၀ဝ၄ မတ်လတွင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ရာဇာလီအီ စ်မေးလ်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ ၂၀ဝ၄ မတ်လ ၂၈ ရက် နေ့တွင် ကုလသ မဂ္ဂ၏ အကြောင်းမဲ့ထိန်းသိမ်းြ ခင်းဆိုင်ရာ အလုပ်မှုဆောင်ကော်မတီမှ သဘောထားမှတ်ချက် (၂၀ဝ၄ ခု အမှတ် ၉) ကိုထုတ်ပြန်ခဲ့ပြီး “၁၉၄၈ ခုနှစ် လူ့အ ခွင့်အရေးပဋိဉာဏ်စာချုပ်” နှင့်ဆန့်ကျင်နေသဖြင့် မြန်မာအာဏာပိုင်များ ထံသို့ ဒေါ် အောင် ဆန်း စုကြည်အား ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့ သော်လည်း စစ်အစိုးရ သည် ခေါင်းမာ စွာဖြင့်ပင် အဆိုပါတောင်းဆိုမှုကို မသိကျိုးကျွံပြု ခဲ့သည်။
၂၀ဝ၆ မေလ ၂၀ တွင် ကုလသမဂ္ဂနိုင်ငံရေးဌာနမှ လက်ထောက်အထွေ ထွေအတွင်းရေးမှူးချုပ် အီဘရာ ဟင်ဂမ်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံခွင့်ရခဲ့သည်။ ထိုတွေ့ဆုံမှုသည် ၂၀ဝ၄ မှစ၍ ပြည်ပနို င်ငံမှ အထူးကိုယ်စားလှယ် များနှင့် ပထမအကြိမ် တွေ့ဆုံခွင့်ရခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၂၀ဝ၆ မေလ ၂၇ တွင် နေအိမ်အကျယ်ချုပ်သက်တမ်းကုန်ဆုံးခါနီး၌ ကုလသမဂ္ဂအထွေထွေအတွင်းရင်းမှူးချုပ် ကိုဖီအာနန်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ တိုက်ရိုက်တင်ပြတောင်းဆိုခဲ့သော်လည်း စစ်အာဏာရှင်ခေါင်းဆောင် ဗိုလ်သ န်းရွှေ အမိန့် ဖြင့် အကျယ်ချုပ်သက်တမ်းကို ထပ်မံတနှစ်တိုးခဲ့ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေပုဒ်မ ၁၀ (ခ) ဖြစ် အကျဉ်းကျခံနေရပြီး ထိုဥပဒေဖြင့် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံး မတင်ဘဲ ဥပဒေမဲ့ (၅) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။
၂၀ဝ၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘမ်ကီမွန်း သည် မြန် မာနိုင်ငံ ရှိ စစ်ခေါင်းဆောင်များကို ဒေါ်အောင်ဆန်းစု ကြည်အား ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့သော် လည်း လျစ်လျူရှုခဲ့ပါသည်။ ၂၀ဝ၇ ခု ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား သူ၏နိုဘယ်လ် ဆုကြေးများကို အခွန်ပေးဆောင်ခြင်းမရှိဘဲ ပြည်ပတွင်အသုံးပြုခဲ့သည်ဟူ၍ စစ်အ စိုးရပိုင် မြန့်မာ့အလင်း သ တင်းစာမှ စွပ်စွဲရေးသားလိုက်သည်။ ယင်းစွပ်စွဲမှုသည် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်း အဝေး တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ လုံခြုံရေးကို အန္တရာယ်ပေးနိုင်သောနိုင်ငံဖြစ်သည်ဟု ထုတ်ဖော်ပြော ဆိုခဲ့ပြီးချိန်တွင် ဖြစ်သည်။
၂၀ဝ၇ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးကြောင့် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီတွင် အရေးပေ ါ်အစည်းအဝေး တရပ် ခေါ်ဆိုခဲ့သည်။ ယင်းအစည်းအ ဝေး၏ ဆုံးဖြတ်ချက်အရ အောက်တိုဘာလ ၂ ရက်နေ့တွင် ကုလအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ရောက်ရှိလာပြန် သည်။ ထို ခရီးစဉ်တွင် နအဖခေါင်းဆောင် ဗိုလ်သန်းရွှေအပါအဝင် စစ်ကောင်စီဝင်များနှင့် တွေ့ ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ထပ်မံတွေ့ဆုံခဲ့ပါသည်။
၂၀ဝ၇ အောက်တိုဘာလ ၂၄ တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အ ကျယ်ချုပ် သက်တမ်း ၁၂ နှစ်ပြည့် အဖြစ် နိုင်တကာရှိ မြန်မာ့အရေးလှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ယုံကြည်ချက်ကြောင့် မတရား ဖမ်းဆီးခြင်းခံရသော နိုင်ငံရေးအကျဉ်းသား ၂၀ဝ၀ ကျော်လွတ်မြောက်ရေး အတွက် ကမ္ဘာ့မြို့ကြီး ၁၂ မြို့တွင် တပြိုင်နက်ထဲ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
၂၀ဝ၇ အောက်တိုဘာလ ၂၅ တွင် နအဖစစ်အာဏာရှင် ဗိုလ်သန်းရွှေသည် ကမ္ဘာနှင့် မြန်မာပြည်သူလူထု အားလှည့်စားရန် ဒေါ်အောင်ဆန်းစုကြည်နှင့် စကား ပြောဆိုနိုင်ရန်အတွက် ကြားခံဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်ကြည်ကို ခန့် အပ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရေး အတုအယောင်များဖန်တီးခဲ့ပြန် သည်။ မြန်မာနို င်ငေံ ရး ပြဿနာများကို စစ်အာဏာရှင်များသည် ဒိုင်ယာလော့ခေါ် စေ့စပ်ဆွေးနွေးခြင်းဖြစ် အဖြေရှာလိုသူများ မဟုတ်ပေ။ ၎င်းတို့သည် အကြမ်းနည်း သို့မဟုတ် လက်နက်ကိုင် လမ်းစဉ်ဖြင့် အစွန်းရောက်နည်းများဖြင့်သာ ယဉ်ပါးအသုံးချတတ်သည့် ခပ်တိမ်တိမ်လူရိုင်းများဖြစ်သောကြောင့် ငြိမ်းချမ်းစွာ နိုင်ငံရေးပြသနာများကို အဖြေရှာရန်အတွက် မည်သည့်အခါမှ စဉ်းစားမည်မဟုတ်ပေ။
သိ်ု့သော် ထူးခြားချက်မှာ ၂၀ဝ၇ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်သည် ၃ နှစ်အတွင်း ပထမဦးဆုံးအကြိမ် သူမ၏ပါတီဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ သည်။ ဒေ ါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ် အဖွဲ့ဝင်များအား “အကောင်းဆုံးကိုမျှော်လင့်ထား၍ အဆိုးဆုံးအ တွက် ပြင် ဆင်ကြ ပါ” ဟု တိုက်တွန်းခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်သက်တန်း ပြည့်ခါနီး၌ ၂၀ဝ၉ ခု၊ မေလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တော သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ စစ်အာဏာရှင်အစိုးရ၏ စီစဉ် ပေးမှုဖြင့်ဝင်ရောက်မှုကို ပုံကြီးချဲ့ကာ ဥပဒေချိုးဖောက်သည်ဟု တဖက် သတ် စွပ်စွဲကာ ပုဒ်မ ၂၂ ဖြစ် မေလ ၁၈ ရက်နေ့တွင် ရုံးတင်တရားစွဲ၍ အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် အထူးတရားရုံးက ၂၀ဝ၉ သြဂုတ် ၁၁ တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါ သည်။ ပြစ်ဒဏ်ချသည့်နေ့၌ လူထုအုံကြွမှုတရပ်ပေါ်ပေါက်လာမည်ကို ကြိုတင်သိရှိထားသည် စစ်အစိုးရသည် အစိုးရိမ်လွန်ကာ စစ်အာဏာရှင် ဗိုလ်သန်းရွှေက ပြစ်ဒဏ်ထက်ဝက်ကိုဆိုင်းငံ့ထား ပြီး နေအိမ်တွင် ပြန်လည် ချုပ်နှောင်ခဲ့ ပါသည်။
ပြစ်ဒဏ်ချခံရပြီးနောက် သုံးလအကြာ ၂၀ဝ၉ နိုဝင်ဘာ ၄ တွင် ဒေါ်အောင် ဆန်းစုကြည်အား အမေရိကန်ပြညေ် ထာင်စု အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက် ထောက်နိုင်ငံခြားရေးဝန် ကီး မစ္စတာကာ့တ်ကမ်ဘဲ သည် တွေ့ ဆုံခွင့်ရခဲ့ပါသည်။
ထို့နောက် ၂၀ဝ၉ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် စိန်းလဲ့ကန်သာဧည့်ရိပ်သာတွင် ကျန်းမာရေးမကောင်းသော NLD ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့ကို ဂါဒဝပြုခွင့်ရရှိခဲ့ပြီး NLD ဗဟို အလုပ်မှုဆောင်အဖွဲ့ကို ပြန်လည်ပြင်ဆင်တိုးချဲ့ဖွဲ့စည်းရန်ခွင့်ပန်ခဲ့ရာ ဥက္ကဌ၏ ခွင့် ပြုချက်ဖြင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို ၁၁ ဦးမှ ၂၀ ဦးဖြင့် ၂၀၁၀ ဇန်နဝါရီ ၁ တွင် ပြန်လ ည်ဖွဲ့စည်းခဲ့သည်။
၂၀၁၀ ပြည့်နှစ်မတ်လတွင် နအဖသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ တို့ကို ပြထမ်းခဲ့ရာ ဒေါ်အောင် ဆန်းစုကြည်က ၂၀၁၀ မတ်လ ၂၉ တွင် NLD ဗဟိုကော်မတီသို့ အချက်(၆) ချက်ပါ ၎င်း ၏သဘောထား တရပ်ကို ပေးပို့ခဲ့သည်။ ပေးပို့ခဲ့သော သဘောထား (၆) ချက်မှာ ...
(၁) ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို စွဲကိုင်ထား ရမည်။
(၂) တရားမျှတမှုမရှိသော တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအ ရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
(၃) အဖွဲ့ချုပ်သည် ကျမ၏ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတ ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
(၄) အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆ နိုင်သည့်အလုပ်များကို လုံးဝမကြိုက်၊ လက်မ ခံ။
(၅) ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမို ကရေစီရရှိရေးကြိုးပမ်းမှုကို ဆက်လကေ် ဆာင်ရွက်သွားမည်။
(၆) အဖွဲ့ချုပ်ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ်ပျက်ဆီးသည်ဟု မယူဆ၊ ပျက်ဆီးခြင်းမဟုတ်ဟူ၍ ဖြစ်သည်။
၂၀၁၀ မေလ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ပြည် ထောင်စု အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးရာဝန်ကြီး ကာ့တ်ကမ်ဘဲ သည် ထပ်မံတွေ့ဆုံ ဆွေးနွေးခွင့်ရရှိခဲ့ပါသည်။ မစ္စတာ ကာ့တ်ကမ်ဘဲက ဒေါ်အောင် ဆန်းစုကြည်နှင့် NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များအား “သူ့အနေနဲ့ လက်ရှိ အ တိုက်ခံအင်အားစုဖြစ်သည့် NLD သည် မည်သည့်ပုံစံဖြင့် တည်ရှိနေသည်ဖြစ်စေ မှတ် ပုံတင်တင်သည်ဖြစေ် စ၊ မတင်သည်ဖြစ်စေ တရားဝင်ပါတီဖြစ်သည်ဖြစ်စေ၊ မဖြစ် သည်ဖြစ်စေ NLD ကို အမေရိကန်ပြည်ထောင်စု သည် ဆက်လက်အားပေးထောက်ခံကူညီပူပေါင်းဆောင်ရွက်သွားမည်” ဟု ပြောကြားသွားသည်။
ထို့နောက် ၂၀၁၀ မတ် ၂၉ တွင် NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့က နအဖ စစ်အစိုးရထုတ်ပြန်ခဲ့သောရွေးေ ကာက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝ မရှိသဖြင့် နိုင်ငံရေးပါတီအဖြင့် ထပ်မံမှတ်ပုံတင်မည်မ ဟုတေ် ကြာင်း NLD ကိုယ်စား လှယ် ၁၁၃ ဦးတို့က ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ နိုဝင်ဘာ ၁၃ တွင် နေအိမ်အကျယ် ချုပ်သက် တမ်းစေ့တော့ မည်ဖြစ်သေော ကြာင့် နအဖ စစ်အစိုးရသည် ရွေးကောက်ပွဲကို သူမမလွတ်မီ တပတ်အလို နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျင်းပရန် တက်သုတ်ရိုက် စီစဉ်လိုက်လေသည်။ နေအိမ်အကျယ်ချုပ်ကျခံနေရ သည့် ဒေါ်အောင် ဆန်းစုကြည် သည် မြန်မာပြည်သူလူထုအား ရှေ့နေဦးဉာဏ်ဝင်းမှတဆင့် မဲဆန္ဒရှင်များအနေဖြင့် မဲပေးခွင့်ရှိသ လို မဲမပေးဘဲနေနိုင်ခွင့်ရှိသည် ဟူ၍မှာကြားလိုက်လေသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ ့မြန်မာစံတော်ချိန် ၅ နာရီခွဲတွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက် လာခဲ့သည်။ လွတ်မြောက်ပြီးမကြာမီမှာပင် သူမခြံ ဝရှေ့၌ စောင့်ကြိုနေသော ထောင် ပေါင်းများစွာသော လူထုကြီးအား ထွက်၍ နှုတ်ခွန်းဆက်စ ကားပြောကြားခဲ့ သည်။ သို့ သော် အသံချဲ့စက်များတပ်ဆင်ထားခြင်းမရှိသောကြောင့် စောင့်ကြိုနေသော လူထု သည် အသံကိုကောင်းစွာမကြားနိုင်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်က နက် ဖြန် ၁၂ နာရီတွင် အဖွဲ့ချုပ်ရုံး၌ လူထုကြီးကိုမိန့်ခွန်းပြောစရာရှိသည်ဟူ၍ မှာကြားခဲ့ သည်။ ယင်းနောက် နေအိမ်အတွင်း၌ပင် NLD အဖွဲ့ ချုပ် ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယင်းနောက် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဗဟန်း ရွှေဂုံတိုင်လမ်းရှိ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပေ် ရှ့၌ နေ့လယ် ၁၂ နာရီတွင် လူထုပရိသတ် ၁ သိန်း ကျော်ကို မိန့်ခွန်းပြောကြားရာတွင် ...
“ပြည်သူတွေမပါဘဲနဲ့ ဘာကိစ္စမှမအောင်မြင်ဘူး၊ ဘာမှလုပ်လို့မရဘူး၊ ကျမ တို့အလုပ်ကို လုပ်ကြရမယ်။ ကျမတို့က ကံ .. ကံလို့ ပြောတယ်။ ကျမတို့အလုပ်ကို လုပ်ကြရမယ့်တာဝန်တွေကို မကြောက်ဘူး။ တာဝန်မကျေမှာကိုဘဲ ကြောက်ပါတယ်။
လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ ကျမမသိသေးဘူး၊ လူထု အသံတွေကို နားထောင်ရဦးမယ်။ လူထုအသံကို နားထောင်ချင်တယ်။ တယောက် တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။ တယောက်တည်းကပြောနေတာကို ကျန် တဲ့လူတွေ နားထောင်နေရတာကိုက ဒီမိုကရေစီနည်းလမ်းမကျဘူး။
သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနှင့် ကိုယ်လိုချင်တဲ့ကိစ္စကို မှန်မှန်ကန် ကန်လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ်။
ကျမပြောနေတာလဲ နိုင်ငံရေးပဲ။ အားလုံးနိုင်ငံရေးပဲ။ ကျမတို့ပြည်သူတွေ အားလုံး နိုင်ငံရေးကို နားလည်အောင်လုပ်ကြပါ။ အရှေ့ကလုပ်နေတဲ့သူတွေကို အ နောက်ကလူတွေက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီပဲ။ ကျမကတော့ ပြည်သူတွေ ကျမကို ထိန်းသိမ်းတာကိုခံပါ့မယ်။ အခြားသူတွေထိန်းသိမ်းတာကို မခံနိုင်ဘူး။
အမျိုးသားရင်ကြားစေရေးကို ဆက်လုပ်သွားမယ်။ ကျမတို့အားလုံး အနစ် နာခံရပါတယ်။ လုပ်ဖော်ကိုင် ဖက်တွေလည်း အနာခံခဲ့ရပါတယ်။ အမှားအမှန်ကို ခွဲခြားပြီး သိရမယ်။ အမှန်တရားဘက်က ပြတ်ပြတ် သား သားရပ်တည်ရဲရမယ်။ အမှန် တရားနဲ့ကိုက်ညီတဲ့အင်အားကို ဘယ်သူကမှဖြိုလို့မရဘူး။” ဟု စသည်ဖြင့်ပြောကြား သွားသည်။
ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖစစ်အစိုးရ၏ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖျက်သိမ်းလိုက်ပြီး နောက် NLD ဆက်လက်ရပ်တည်ခွင့်အယူခံမှု ကို နေပြည်တော် တရားရုံးချုပ်သို့ ဦး တိုက်လျှောက်ထားခဲ့ရာ ပယ်ချခံရသည်။ ထို့နောက် ဥပဒေကြောင်း အရ နောက်ဆုံး အထူးအယူခံကို ဆက်လက်လျှောက်ထားခဲ့ရာတွင်လည်း ပယ်ချခံရပြန်သည်။
ဒီမိုကရေစီသည် မည်သည့်လူမျိုး သို့မဟုတ် မည်သည့်ယဉ်ကျေးမှုနှင့်သာ သက်ဆိုင်သည်မဟုတ်။ အားနည်း သူနှင့် အားကောင်းသူများအားလုံး၏ အခွင့်အ ရေးများကိုကာကွယ်ဖို့ရာ ဒီမိုကရေစီစနစ်က အာမခံချက်ပေး ထားပေသည်။ ဒီမိုက ရစီသည် ပြီးပြည့်စုံသောစနစ်မဟုတ်သော်လည်း လွတ်လပ်မှုနှင့်လုံခြုံမှုကို အ ကောင်း ဆုံးမျှတအောင် လက်တွေ့လုပ်ဆောင်ထားသည့်စနစ်တစ်ခုဖြစ်ရာ လူတိုင်း သည် မိမိတို့ ရသင့်ရထိုက်သည့် အခွင့်အရေးအတွက် တိုက်ပွဲဝင်ရမည်ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ယင်းတိုက်ပွဲသည် လူသားအားလုံး၏ တရားသောတိုက်ပွဲ၊ အမှန် တရားကို မြတ်နိုးသူများအားလုံး၏တိုက်ပွဲလည်းဖြစ်ပေသည်။
မည်သို့ဆိုစေ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်း ၏သမီးပီပီ မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမို ကရေစီရရှိရေး အတွက် တိုင်းပြည်နှင့်လူထုအပေါ်တွင် သစ္စာရှိရှိ အမြော်အမြင်ရှိရှိ ရဲရဲဝံ့ဝံ့ သတ္တိရှိစွာဖြင့် ဆက်လက်တိုက်ပွဲဝင်နေရာ လူထုတရပ်လုံးကလည်း အမှန် တရားသည် နောက်ဆုံးအောင်ပွဲဟုမှတ်ယူကာ မြန်မာနိုင်ငံတွင် စစ်မှန်သည့်ပြောင်း လဲမှုများ (ဝါ) ဒီမိုကရေစီရရှိရေးအတွက် အားလုံးညီညီ်ညွတ်ညွတ် ဇွဲသတ္တိရှိရှိ တာ ဝန်ယူမှုအပြည့်ဖြစ် အမှန်တရား အတွက် တိုက်ပွဲဝင်ရမည်မှာ လူတိုင်း၏ တာဝန်ပင်မ ဟုတ်ပါလော။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar