လေးလေး - နိုး…နိုး..စာများ ခေတ်လား
လေးလေး - နိုး…နိုး..စာများ ခေတ်လား
မိုးမခ ၊ ဇွန် ၁၄ ၊ ၂၀၂၅
၁။ “အောင်မြင်သူတို့ ခရီးလမ်း(ကိုနေ)
၂။ စီမံခန့်ခွဲမှုအကြံဉာဏ် ၁၂၀(ဖြိုးမင်းသန့်)
၃။ ဘဝနေနည်းစာစုများ(ကလောင်စုံ)
၄။ ဘဝကို မွမ်းမံခြင်း(ယွန်း)
၅။ နောင်တကင်းအောင် နေတတ်ပြီလား(နွေးနွေးရတနာ)
၆။ ပျော်ရွှင်ခြင်းလမ်းညွှန်(နေဗလ်)
၇။ ချမ်းသာတဲ့လူတယောက်ဖြစ်ဖို့ဆိုရင်(သံစဉ်သစ်)
၈။ သတိရတဲ့အခါ မေတ္တာပို့ပါ(သော်တာမင်း)
၉။ လူငယ်တယောက် စိတ်ဓာတ်ကျနေသည်(သော်တာမင်း)
၁၀။ မျက်ရည်လွယ်သောသူများဖတ်ဖို့(သော်တာမင်း)
၁၁။ သင်တွေးသလို သင်ဖြစ်လာတယ်(ဇော်ဝင်းကြူ(ပျဥ◌်းမနား)
၁၂။ ဗုဒ္ဓအလိုကျ စားသောက်နည်း(လင်းတင့်သီဟ)
၁၃။ ဒီနေ့အတွက် ရှင်သန်ခြင်း(နေဗလ်)
၁၄။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလိုက်ပါ(လူသာ)
၁၅။ ဘာ့ကြောင့် သင် မအောင်မြင်ရသလဲ(ဂျွန်)
၁၆။ အလုပ်မှာ ပျော်ရွှင်နည်း(စီစီလီယန်)
၁၇။ စစ်မှန်သော ကြွယ်ဝခြင်း(Team Nyana)
၁၈။ ပျော်ရွှင်စွာ ရှင်သန်ပါ(ယွန်း)
၁၉။ နေ့ရက်တိုင်း ပျော်ပါစေ(ယွန်း)
၂၀။ သက်တံရောင်စိတ်ကူးများ(ယွန်း)
၂၁။ ငါဘာကို တွေးနေတာလဲ(သုဓနု)
၂၂။ သိပ္ပံနည်းကျ ပျော်ရွှင်တဲ့ဘဝ(TEAM NYANA)
၂၃။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတဲ့အခါ(အရှင်ဇဝန)
၂၄။ ငွေရှာနည်းစိတ်ပညာ((Dr Phyo Min Tun)
၂၅။ လူတွေမမှတ်မိအောင် တိုးတက်ပြောင်းလဲလိုက်ပါ(DR PHYO PAING)
၂၆။ မျက်ကွယ်ပြုလို့မရလောက်အောင် ထူးချွန်ပြလိုက်ပါ(မောရိသျှ)
၂၇။ လူငယ်နှင့်အောင်မြင်မှုပန်းတိုင်(ညီညီဈာန်)
၂၈။ လူတိုင်းကြိုက်ဖို့ မလိုဘူး(ညီညီဈာန်)
၂၉။ လူငယ်နှင့်ဘဝလက်ဆောင်(ညီညီဈာန်)
၃၀။ ပျော်ရွှင်မှုကို တည်ဆောက်ခြင်း(ညီညီဈာန်)
၃၁။ လူငယ်နှင့်လူမှုဘဝသော့ချက်များ(ကောင်းမြတ်ခေတ်)
၃၂။ ယုံကြည်ရာလုပ်ခွင့်ရှိတယ်(ပိုင်ပိုင်လင်းဦး)
၃၃။ ငါ့ထက်တော်တဲ့ငါ(ရမ်ချို)
၃၄။ NEW VERSION NEW IDEA (ကောင်းမြတ်ခေတ်)
၃၅။ ဗုဒ္ဓနည်းကျ ဘဝနေထိုင်မှုအနုပညာ(အံ့ဘုန်းခန့်ကျော်)
၃၆။ ဒဏ်ရာတွေနဲ့ငယ်စိတ်ကလေးကို ကုစားပေးပါ(ထက်ထက်တင်ဇာ)
၃၇။ တန်ဖိုးရှိစွာနေထိုင်ပါ(တိမ်သွေးအိမ်)
၃၈။ လူငယ်အတွက် ဘဝလမ်းညွှန်(တိမ်သွေးအိမ်)
၃၉။ ဘဝအဓိပ္ပာယ်ကို ရှာဖွေခြင်း(တိမ်သွေးအိမ်)
၄၀။ ယုံကြည်မှုနဲ့အတူ(မောင်ချို)
၄၁။ ဂုဏ်ယူရမယ့်သူ(မောင်ချို)
၄၂။ ကိုယ်ပိုင်ဩဇာရှိန်ဝါဖြင့် ရှင်သန်ခြင်း(ဂျွန်)
၄၃။ အောင်မြင်သူတို့ ခရီးလမ်း(ကိုနေ)
၄၄။ ကိုယ်ပိုင်ဘဝ ကိုယ်တိုင်တည်ဆောက်ခြင်း(နေမီကျော်)
၄၅။ လူငယ်တို့ အချစ်အကြောင်း ပြောသောအခါ(နေမီကျော်)
၄၆။ ရှင်သန်ခြင်းဓာတ်စာ(နေမီကျော်)
၄၇။ ငြိမ်းချမ်းမှုကို ရှာဖွေခြင်း(မောင်သန်း)
၄၈။ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် အောင်မြင်ခြင်း(လင်းသိုက်ညွန့်(မြန်မာ့မြေ)
၄၉။ အောင်မြင်တဲ့လူငယ်(မှော်ဝန်းသီဟ)
၅၀။ ထက်မြက်တဲ့မိန်းမ(အက်ရှာ(Asher)
၅၁။ စွမ်းအားရှိတဲ့လူငယ်(လိွုက်)
၅၂။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတဲ့မိန်းမ)(အက်ရှာ)
၅၃။ လောကဓံကို ဂရုမစိုက်တဲ့မိန်းမ(အက်ရှာ)
၅၄။ ပြန်လည်သင့်မြတ်ခြင်း(နန္ဒာစာရ)
၅၅။ အဆိပ်သင့်ဝန်ပိုစိတ်အတွေးများ လွှတ်ချခြင်းအတတ်ပညာ(ထက်မြတ်နိုင်ဇင်)
၅၆။ စိတ်ဒဏ်ရာများရဲ့အလွန်(နန္ဒာစာရ)
၅၇။ အောင်မြင်ရေးအတွက် စိတ်ရဲ့နိယာမ ၇ ချက်(မျိုးလွင်(MBA)
၅၈။ စိတ်ကို ခဏအနားပေးခြင်း(မျိုးလွင်(MBA)
၅၉။ ဘဝရဲ့နိယာမ ၁၂ ချက်(မျိုးလွင်)
၆၀။ ရိုးရှင်းသောအကျင့် ကောင်းမွန်သောဘဝ(ကက်စပါဇော်)
၆၁။ ထက်မြက်တဲ့လူငယ်((ချမ်းအေးပြည့်)
၆၂။ ပြဿနာဖြေရှင်းခြင်း အနုပညာ(YIN-YANG)
၆၃။ ဗုဒ္ဓနည်းကျ စိတ်ကုထုံး(အာကာမိုးသူ)
၆၄။ ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့(လူချို)
၆၅။ ရိုးရှင်းသောဘဝနေနည်း(လူချို)
၆၆။ အခုပဲ လုပ်လိုက်ပါ(လူသာ)
၆၇။ ဘဝရဲ့လှည့်ကွက်များ(ပိုင်)
၆၈။ ဘဝရှင်သန်ရေး အတွေး ၄၀ (သစ္စာပိုင်စိုး)
၆၉။ လွှတ်ချသင့်တာလွှတ်ချပြီး ရှေ့ဆက်ပါ(ထက်ထက်တင်ဇာ)
၇၀။ ရောင့်ရဲခြင်းအနုပညာ(ထက်ထက်တင်ဇာ)
၇၁။ အခြေခံဗုဒ္ဓစိတ်ကုထုံးများ(နန္ဒာစာရ)
၇၂။ တန်ဖိုးထားတဲ့ရပ်ဝန်းမှာ ရှင်သန်ပါ(အရှင်ဇဝန)
၇၃။ ပျော်ရွှင်တဲ့ဦးနှောက် အောင်မြင်တဲ့ဘဝ(ဇော်ဝင်းကြူ-ပျဥ◌်းမနား)
၇၄။ မငြိနဲ့ညှိ(မင်းသန်းထွတ်)
၇၅။ သန်မာတဲ့စိတ်ဓာတ်(ချမ်းမင်းခန့်)
အဲဒါ “အပါးတော်မြဲ စာပေတိုက်” ဖေ့စ်ဘွတ်မှာ ၂၀၂၅ ဇန်နဝါရီကနေ မေလလောက်အထိ တင်ပေးထားတဲ့ တက်ကျမ်း စာအုပ်မျိုးနွယ်ဝင် စာအုပ်တွေပါ။ (ကျန်ကောင်းကျန်နိုင်သေးတယ်)။ စာရေးသူ နာမည်အမျိုးမျိုးနဲ့ စာအုပ် အမျိုးမျိုးကို တွေ့မြင်နိုင်ပြီး တချို့သော စာအုပ်နာမည်တွေက ဆင်တူယိုးမှားလေးတွေ ဖြစ်နေတာ သတိထားမိကြမှာပါ။ အကြောင်းအရာတွေ ထပ်နေတာကို ရိပ်စားမိနိုင်တယ်။
လေး ငါးလအတွင်းမှာ တက်ကျမ်းဆန်ဆန်စာအုပ်တွေ ဒီလောက်ထွက်နေတာကို ထောက်ကြည့်ရင် စာအုပ် ဈေးကွက်မှာ တွင်ကျယ်နေလို့ပဲလို့ ကောက်ချက်ချရပါမယ်။ တချို့စာအုပ်တွေက ဒုတိယအကြိမ်၊ တချို့စာအုပ်တွေက ငါးကြိမ်မြောက် စသဖြင့် ထုတ်ဝေဖြန့်ချိတာဖြစ်လို့ ရောင်းကောင်းတယ်လို့လည်း ဆိုနိုင်တယ်။ စာရေးသူအများစုကတော့ အခုလို စာအုပ်တွေ စီစီရီရီ ထွက်လာမှပဲ ကြားဖူးတဲ့ ကလောင်တွေ ဖြစ်နေပါတယ်။ ဒီထဲ ဇော်ဝင်းကြူ(ပျဉ်းမနား)တို့၊ မောင်သန်း တို့လို ကလောင်တွေဆို အတော်လူသိများနေပါပြီ။
တချို့တက်ကျမ်းစာအုပ်တွေက ဘာသာပြန်လို့ စာအုပ်အဖုံးမှာ ထင်ထင်ရှားရှား ဖော်ပြထားကြပေမယ့် တချို့စာအုပ်တွေကတော့ ဒီလို လူသိထင်ရှား ဖော်ပြထားခြင်း မရှိဘူး။ နန္ဒာစာရ ဆိုတဲ့ ဦးဇင်းကလောင်ကတော့ ဘုရားဟော၊ အနောက်တိုင်း စိတ်ပညာရှင်တွေရဲ့ စာအုပ်တွေနဲ့ သူ့ကိုယ်ပိုင်အတွေးအမြင်တို့ ပေါင်းစပ်ရေးဖွဲ့ထားတာ တွေ့ရတယ်။ ဇော်ဝင်းကြူ(ပျဉ်းမနား)နဲ့ မောင်သန်းတို့ကလည်း ဘာသာပြန်စာရေးသူတွေ ဖြစ်ကြောင်း သူတို့ စာအုပ်တချို့ဖတ်ဖူးလို့ သိရတယ်။
ဒီလောက်များတဲ့ စာအုပ်တွေကို အကုန်အစင် ဖတ်နိုင်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ စာအုပ် နာမည်တွေ ကြည့်လိုက်ရင် လူငယ်တွေ စိတ်ခွန်အားဖြစ်စေမယ့် စာအုပ်တွေ၊ လူတွေ စိတ်ခွန်အားပေးမယ့်စာအုပ်တွေ ဖြစ်ကြောင်း သိနိုင်ပါတယ်။ ခေတ်ကာလ အခြေအနေအရ ဒီလိုစာအုပ်တွေ အုံနဲ့ကျင်းနဲ့ ထွက်လာကြတာလို့လည်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ ငါးပွက်ရာ ငါးစာချသလို ဖြစ်နေတာလည်း အမှန်ပဲ၊ ငွေရလွယ်လို့ ထုတ်နေကြတာလို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ မြန်မာ့ရုပ်ရှင်မှာ “ပေါ”ကားတွေ ပိုက်ဆံရတော့ အားလုံး “ပေါ”ကားတွေ လိုက်ရိုက်ကြသလိုမျိုး ဖြစ်နေတာပေါ့။
ဖတ်ဖူးသလောက် စာအုပ်တွေထဲ တချို့စာအုပ်တွေက လိုက်ဖ်စတိုင် ပြောင်းပစ်ဖို့ တွေးမြင်မိစေပြီး အကျိုးရှိတယ်။ ဥပမာ- အစားစားတဲ့အခါ တကြိမ်နဲ့ တကြိမ်ကြား အချိန်ကွာခြားနိုင်သမျှ ခြားပြီး စားတာမျိုးက ဘုရားဟောနဲ့လည်းညီ၊ ကျန်းမာရေးအတွက် လည်းကောင်း ဆိုတာမျိုး။ သက်တံရောင်အစားအစာတွေ များများစားတာဟာ သက်ရှည်ဆေးဖြစ်တယ် ဆိုတာမျိုး။ တနေကုန် တလှုပ်လှုပ် အလုပ်လုပ်နေတာဟာ လက်ကို အလုပ်ပေးထားသလို ဖြစ်ပြီး လက်လှုပ်နိုင်သရွေ့အသက်လှုပ်နိုင် ဆိုတာမျိုး။
ပြန်ချုပ်ရရင် မြန်မာစာပေလောကမှာ ပြားခြောက်ဆယ်တန်ဝတ္ထုတွေ လူကြိုက်များခဲ့တုန်းကလည်း ပြားခြောက်ဆယ်တန် ဝတ္ထုတွေ အမြောက်အမြား ထွက်ပေါ်ခဲ့ဖူးတယ်။ Pop ဂျာနယ်တွေ၊ ရောင်းကောင်းတုန်းကလည်းပေါ့။ ဂျာနယ်တွေ အများကြီး လိုက်ထွက်ခဲ့တာပဲ။ အမျိုးသမီး ကလောင်နာမည်လှလှလေးတွေနဲ့ လုံးချင်းအချစ်ဝတ္ထုတွေ ခေတ်စားတုန်းကလည်း အလားတူ လုံးချင်းဝတ္ထုတွေ တန်းစီထွက်ခဲ့ဖူးတာပါပဲ။ ပီမိုးနင်း အစ ဆရာဖေမြင့်တို့ အလယ် အခု ဆရာလေးတွေ အဆုံး တက်ကျမ်းတွေ ရောင်းရတော့ တက်ကျမ်းတွေ တရကြမ်း ရေးထုတ်ခဲ့ကြတာပါပဲ။
မြန်မာဆိုရိုးစကားမှာ ရှိပြီးသား၊
“သိုက်စာ ဖတ်ရာ နားထောင်ပါ၊ ဥစ္စာရနိုးနိုး”
“ဆေးစာ ဖတ်ရာ နားထောင်ပါ၊ ရောဂါပျောက်နိုးနိုး” ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar