နိုင်မွန်အောင်သွင် - အချဉ်ပေါက်လို့ကောင်းတဲ့နေ့
အချဉ်ပေါက်လို့ကောင်းတဲ့နေ့
နိုင်မွန်အောင်သွင်
(မိုးမခ) ဇွန် ၂၂၊ ၂၀၂၅
လူတချို့က
ကုန်းကောက်စရာမရှိအောင် စိတ်ချမ်းသာနေကြချိန်
လူတချို့က
ကျိကျိတက် ကြေကွဲနေကြရ။
ကြွယ်ဝသူတချို့ ခွက်ပျောက်နေချိန်
ချို့တဲ့သူတချို့ သင်္ဘောမှောက်နေကြရ
တယောထိုးကောင်းနေတဲ့ ရောမမြို့ကြီးရေ
နီရိုးဘုရင်ကြီးလှလှပပမီးလောင်နေပေါ့။
ဟောဟိုမှာ
စကားလုံးများနင်နေသောလူတတ်ကြီးတစ်ဦး
ယူနီဖေါင်းအပြည့်အစုံဝတ်ပြီးလျှောက်လာနေသည်။
ဟောဟိုမှာ
စကားလုံးများနင့်နေသောလူတတ်ကြီးတစ်ဦး
ယူနီဖေါင်းအပြည့်အစုံဝတ်ပြီး
ထန်းလက်ပစ်ရာမှာ
မိုးကြိုးများနှင့်ကာရန်
မနိုင်မနင်းကြိုးစားနေရသည်။
သမိုင်းရဲ့မြစ်ကြီးအောက်မှာ
တံတားများကနှစ်ခါပြန်စီးဆင်းနေဆဲ။
ဖဲဝိုင်းတွေထွန်းကားလှတဲ့
ရက်လည်ဆွမ်းသွတ်တစ်ခုထံ ရောက်ခဲ့ရပြန်ပြီ။
အကြော်များများ
မုန့်ဟင်းခါးမထည့်နဲ့။
၁၈.၆.၂၀၂၅
-
နိုင်မွန်အောင်သွင်
(မိုးမခ) ဇွန် ၂၂၊ ၂၀၂၅
လူတချို့က
ကုန်းကောက်စရာမရှိအောင် စိတ်ချမ်းသာနေကြချိန်
လူတချို့က
ကျိကျိတက် ကြေကွဲနေကြရ။
ကြွယ်ဝသူတချို့ ခွက်ပျောက်နေချိန်
ချို့တဲ့သူတချို့ သင်္ဘောမှောက်နေကြရ
တယောထိုးကောင်းနေတဲ့ ရောမမြို့ကြီးရေ
နီရိုးဘုရင်ကြီးလှလှပပမီးလောင်နေပေါ့။
ဟောဟိုမှာ
စကားလုံးများနင်နေသောလူတတ်ကြီးတစ်ဦး
ယူနီဖေါင်းအပြည့်အစုံဝတ်ပြီးလျှောက်လာနေသည်။
ဟောဟိုမှာ
စကားလုံးများနင့်နေသောလူတတ်ကြီးတစ်ဦး
ယူနီဖေါင်းအပြည့်အစုံဝတ်ပြီး
ထန်းလက်ပစ်ရာမှာ
မိုးကြိုးများနှင့်ကာရန်
မနိုင်မနင်းကြိုးစားနေရသည်။
သမိုင်းရဲ့မြစ်ကြီးအောက်မှာ
တံတားများကနှစ်ခါပြန်စီးဆင်းနေဆဲ။
ဖဲဝိုင်းတွေထွန်းကားလှတဲ့
ရက်လည်ဆွမ်းသွတ်တစ်ခုထံ ရောက်ခဲ့ရပြန်ပြီ။
အကြော်များများ
မုန့်ဟင်းခါးမထည့်နဲ့။
၁၈.၆.၂၀၂၅
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar