ဖားစည်မောင်ထူး - သက်တမ်းတိုး ဗီဇာ
သက်တမ်းတိုး ဗီဇာ
ဖားစည်မောင်ထူး
(မိုးမခ) ဇွန် ၂၆၊ ၂၀၂၅
သောက ဝေဟင်
လောဘ မြေပြင်
ရာဇဝင်အစစ်က ဘယ်သမိုင်းစာအုပ်မှာလဲ
တတိယအကြိမ်
ကမ္ဘာမြေကြီး စစ်ဖြစ်တော့မှ
ကမ္ဘာကြီးကို ဗီဇာသက်တမ်းတိုးချင်ကြတဲ့
ကျက်သရေဆောင် အထက်လူကြီးတွေ
သစ်ပင်အသစ်တွေ စိုက်တတ်ကြပါရဲ့
စိတ်အညစ်တွေကိုကျ ဘယ်သူက
ရေချိုးပေးကြမှာလဲ
ဖားစည်မောင်ထူး
(မိုးမခ) ဇွန် ၂၆၊ ၂၀၂၅
သောက ဝေဟင်
လောဘ မြေပြင်
ရာဇဝင်အစစ်က ဘယ်သမိုင်းစာအုပ်မှာလဲ
တတိယအကြိမ်
ကမ္ဘာမြေကြီး စစ်ဖြစ်တော့မှ
ကမ္ဘာကြီးကို ဗီဇာသက်တမ်းတိုးချင်ကြတဲ့
ကျက်သရေဆောင် အထက်လူကြီးတွေ
သစ်ပင်အသစ်တွေ စိုက်တတ်ကြပါရဲ့
စိတ်အညစ်တွေကိုကျ ဘယ်သူက
ရေချိုးပေးကြမှာလဲ
မြင်နေကျ တို့တောင်တန်းတွေ
ခုတော့ မုန့်စိမ်းပေါင်းကြီးလှီးထားသလို
တစ်ခြမ်းဆီ
ဆားပေါ့နေတဲ့ သဘာဝအလှတရား
ရေခမ်းသွားတဲ့ အရုဏ်ဦးနံနက်ခင်းတရား
ဘယ်ဆရာတော်ကြီးမှလည်း ဆွမ်းခံမကြွတော့ဘူး
ဘယ်စာသင်ကျောင်းကမှလည်း နိုင်ငံတော်သီချင်းမဆိုကြတော့ဘူး
ဘယ်တောင်သူမှလည်း ကောက်မစိုက်ကြ
ယာမထွန်ကြတော့ဘူး
လွယ်အိတ်လွယ်ပြီး အိမ်မပြန်လာနိုင်တဲ့ကျောင်းသား
တန်ခိုးမရှိတော့လို့ ခေါင်းပြတ်သွားတဲ့
ရွာဦးစေတီနံဘေးက မြတ်စွာဘုရား
လွယ်အိတ်လွယ်ပြီး အိမ်မပြန်လာနိုင်တဲ့ကျောင်းသား
တန်ခိုးမရှိတော့လို့ ခေါင်းပြတ်သွားတဲ့
ရွာဦးစေတီနံဘေးက မြတ်စွာဘုရား
မေးလျှောက်ထားပါရစေ
တပည့်တော်တို့ လူ့ဘဝ လူ့သက်တမ်းကိုရော
ဗီဇာဘယ်လို ဘယ်ပုံသက်တမ်းတိုးရမလဲဆိုတာ
တပည့်တော်တို့ လူ့ဘဝ လူ့သက်တမ်းကိုရော
ဗီဇာဘယ်လို ဘယ်ပုံသက်တမ်းတိုးရမလဲဆိုတာ
သနားကရုဏာထားလျက်
ဟောကြားမြွက်ဟပေးလှည့်ပါအရှင်ဘုရား
၂၆ ဇွန်၊ ၂၀၂၅
ကြာသပတေးနေ့
နံနက် - ၀၉:၄၈
ထိုင်းစံတော်ချိန်
-
Join Us @ MoeMaKa Telegram၂၆ ဇွန်၊ ၂၀၂၅
ကြာသပတေးနေ့
နံနက် - ၀၉:၄၈
ထိုင်းစံတော်ချိန်
-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar