ကျော်မင်းထွန်း(NEW YORK) - လွမ်းရတယ်
လွမ်းရတယ်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဇွန် ၃၊ ၂၀၂၅
ျက်နှာပေါ်က အရေးအကြောင်း
တဖြည်းဖြည်းပြောင်းချိန်
ဒီမိုကရေစီ အရေးအကြောင်း
တဖြည်းဖြည်း မကောင်းချိန်မှာ
မေမေဟာ ရှစ်ဆယ်တွင်းချဉ်းခဲ့ပြီ။
နိုင်ငံတော်ကို
မားမားထီးထီး တောင်တန်းကြီးလိုခိုင်ခံ့စေဖို့
ပြည်သူတွေကို
လွတ်လွတ်လပ်လပ် ဌက်လေးတွေလိုပျံသန်းနိုင်ဖို့
အရှုံးမပေးတဲ့ မေမေဟာ..
အောက်စဖို့ဒ်မှာ ဘွဲ့ရပြီး
မြန်မာပြည်မှာ ရှင်သန်တယ်
ကမ္ဘာပေါ်မှာ ထင်ကျန်မယ်။
အရှုံးမပေးတဲ့ မေမေဟာ..
သံသရာက လွတ်ရာလွတ်ကြောင်း
နိဗ္ဗာန်ရောက်ကြောင်းတရားကျင့်သလိုမျိုး
စစ်ဖိနပ်က လွတ်ရာလွတ်ကြောင်း
ဒီမိုကရေစီရကြောင်းတရားကျင့်နေတာ။
နေဝင်ညကိုကူးဖြတ်တာကနေ စလို့
ရောင်နီသာတဲ့နေ့သစ် အထိ
ခွန်အားဖြည့်ဖို့ မေမေရှိတယ်။
ကျားကို တရားဟောဖို့
မိစ္ဆာနဲ့ ရင်ကြားစေ့ဖို့
ဓားတောင်ကိုကျော်နေတုန်း
မီးပင်လယ်ထဲ မေမေရောက်သွားတယ်။
ထောင်တွင်းလား ထောင်ပြင်လား
အကျဉ်းချုပ်လား အကျယ်ချုပ်လား
ဘယ်နေရာထားထား
ပြည်သူ့နှလုံးသားမှာ
မေမေ့ပေါ့ထရိတ်ကို တက်တူးထိုးထားတယ်။
မေမေ့အနား ကပ်ဖား
မေမေ့ကို ဆယ်လီလိုမြှောက်စား
မေမေ့ပုံရိပ်နဲ့ခွက်ခေါက်စားသူတွေက လွဲလို့ပေါ့။
မွေးနေ့ဆိုတာ ကိန်းဂဏာန်းတခုပါ
ရှစ်ဆယ်တန်းပဲ ရောက်ရောက်
ကိုးဆယ်တန်းပဲ ရောက်ရောက်
ဘယ်နေရာ ရောက်ရောက်
ဇွန်(၁၉)ရောက်တိုင်း
လွမ်းရတယ်မေမေ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar