Breaking News

လင်းလက်နွေဦး - ကျတ်တီးကုန်း

ကျတ်တီးကုန်း

လင်းလက်နွေဦး

မိုးမခ ၊ ဇွန် ၂ ၊ ၂၀၂၅

ကောင်းကင်မှာလည်း
မိုးတိမ်ချည်းပဲ မဟုတ်
ယမ်းနံ့
မီးခိုးနံ့
ပြာတွေ လွမ်းမောဖွယ်
မျှောလွင့်လာ
ဒါ
မိုးခြိမ်းသံလား
တော်လဲသံအတူ ဆွဲခါသွားတယ်
မသိစိတ်ထဲ စိုက်ဝင်ခဲ့တဲ့ မိုးကြိုးသွားတွေ
ငါတို့ဟာ ကြိုးဆွဲရုပ်တွေ
စည်းခြားရုံနဲ့
ဘဝတွေ ဝေးသွားတာလား
သွေးတွေ စေးထန်းနေတဲ့ လမ်းမှာ
ပန်း ဘယ်လို ပွင့်နိုင်လိမ့်။
-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar