ဝင်းမင်းခိုင် - ရှုခင်းသာ
ရှုခင်းသာ
ဝင်းမင်းခိုင်
(မိုးမခ) ဩဂုတ် ၅၊ ၂၀၂၅
ပွင့်လင်းမြင်သာခြင်းဟာ
ဖုံးဖိကွယ်ဝှက်မှုကိုခေါင်းမြီးခြုံပြီး
လူလုံးပြနေတယ်
စုစည်းညီညွတ်ပုံကတော့
တဦးချင်းရဲ့အတ္တဥခွံထဲကနေအသံကောင်းဟစ်နေတုန်း
လက်ဆုတ်လက်ကိုင်အောင်မြင်မှုတွေ
တစတစဆုံးရှုံးနေတာက
မဟာဗျူဟာမြောက်ဂရပ်ဖ်မျဉ်းကို
ဆွဲပြနေတာပဲ
အရာင်သွေးစုံဆင်ခြေအမျိုးမျိုးက
စွဲမြဲနေတဲ့ဓလေ့စရိုက်အဖြစ်
မျက်စေ့ကြိမ်းအောင်တောက်ပတယ်
မျှော်လင့်ချက်အမှားတွေကိုလေယဉ်နဲ့ပို့တဲ့အခိုက်
အချက်လက်မှန်တွေကမြင်းကျိုးစီးပြီးတရွေ့ရွေ့
ငါတို့ရဲ့ရှုမျှော်ခင်းအဟောင်းတွေကို
ဖျာလိုလိပ်ပြီးစွန့်ပစ်ရမယ့်အချိန်
ငါတို့ရဲ့ကတိကဝတ်တွေနဲ့
ဆိုခဲစေမြဲစေထမ်းပိုးရမယ့်အချိန်
၃.၈.၂၅
-
ဝင်းမင်းခိုင်
(မိုးမခ) ဩဂုတ် ၅၊ ၂၀၂၅
ပွင့်လင်းမြင်သာခြင်းဟာ
ဖုံးဖိကွယ်ဝှက်မှုကိုခေါင်းမြီးခြုံပြီး
လူလုံးပြနေတယ်
စုစည်းညီညွတ်ပုံကတော့
တဦးချင်းရဲ့အတ္တဥခွံထဲကနေအသံကောင်းဟစ်နေတုန်း
လက်ဆုတ်လက်ကိုင်အောင်မြင်မှုတွေ
တစတစဆုံးရှုံးနေတာက
မဟာဗျူဟာမြောက်ဂရပ်ဖ်မျဉ်းကို
ဆွဲပြနေတာပဲ
အရာင်သွေးစုံဆင်ခြေအမျိုးမျိုးက
စွဲမြဲနေတဲ့ဓလေ့စရိုက်အဖြစ်
မျက်စေ့ကြိမ်းအောင်တောက်ပတယ်
မျှော်လင့်ချက်အမှားတွေကိုလေယဉ်နဲ့ပို့တဲ့အခိုက်
အချက်လက်မှန်တွေကမြင်းကျိုးစီးပြီးတရွေ့ရွေ့
ငါတို့ရဲ့ရှုမျှော်ခင်းအဟောင်းတွေကို
ဖျာလိုလိပ်ပြီးစွန့်ပစ်ရမယ့်အချိန်
ငါတို့ရဲ့ကတိကဝတ်တွေနဲ့
ဆိုခဲစေမြဲစေထမ်းပိုးရမယ့်အချိန်
၃.၈.၂၅
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
