Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဇွန်ဘီတွေ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဇွန်ဘီတွေ

မိုးမခ ၊ စက်တင်ဘာ ၁၇ ၊ ၂၀၂၅


ကားဂိတ်မှာ ကားပေါ်မှာ ဈေးထဲမှာ ရပ်ကွက်ထဲမှာ အလှူမင်္ဂလာပွဲမှာ စစ်ဆေးရေးဂိတ်မှာ အရပ်သားတွေကို တိရစ္ဆာန်တွေအမဲလိုက်သလို လိုက်ဖမ်း၊ ဖမ်းပြီးရင် ငွေနဲ့ရွေးခိုင်း၊ မရွေးနိုင်သူစစ်သားလုပ်၊ ရွေးနိုင်သူငွေနဲ့ ပျူတွေ လုံခြုံရေးအဖွဲ့တွေ ရပ်ရွာအုပ်ကြီးတွေ မြို့နယ်အုပ်ကြီးတွေ နယ်မြေခံတပ်ဗိုလ်တွေ မျှယူ ခွဲတမ်းချ စားသောက်၊ သူတို့မိသားစုတွေလဲ အဲဒီထဲကပဲ နှိုက်စား၊ လွတ်သွားသူကလဲ ဒီတခေါက်လွတ်သွားတာဘဲရှိ၊ နောက်တခေါက် နောက်တနေရာ ပြန်ထိနိုင်၊ စောက်ကောင်မကြီးအဖွဲ့က မင်းတို့အုပ်ချုပ်တဲ့နယ်မြေကရတာ မင်းတို့ဖြောင် ငါတို့ဆီလာမဟောင်နဲ့၊ ကိုယ်ရကိုယူ ငါတို့လဲ လာမအူဘူးဆိုပြီး ချေးစား ပါးစပ်နဲ့ ဟပ်ခိုင်းထားတာတွေလေ။

ခွေးမှုထမ်းဥပဒေနဲ့ လူပြန်ပေးဂိုဏ်းထောင်ပြီး ဟောင်လိုက် အူလိုက် ကိုက်လိုက် ဆွဲလိုက်နဲ့ လူနေရပ်ရွာတွေ အကုန်ဗြောင်းဆန် ပြောင်းပြန်ရင်လဲ ဘယ်နားမှမလုံခြုံ တပြည်လုံး ဖွဲမီးအုံထားသလိုဖြစ် စစ်တပ် မိသားစုလဲ မလွတ် ဖွတ်မိချောင်းဖြစ် တမြစ်လုံးဒုက္ခရောက် ဒီခွေးခေါင်းပေါက်နေတဲ့ ခြင်္သေ့ဟာ ကဒါဖီလို ဖင်ကို သံတုတ်နဲ့ မတေ့သေးသမျှ ခွေးဇာတ်ကနေအုံးမှာ။ ခွေးဇာတ်ကတယ်ဆိုတာ အမိအဖပြည်သူကို ထင်သလို စော်ကားနှိပ်စက် ညှင်းပန်းသတ်ဖြတ်၊ ပြည်သူပိုင်သမျှ ထင်သလို နိုင်စားဖျက်ဆီး မီးပေါင်းစုံတိုက်နေတာကိုပြောတာ။ သားမှန်းမသိ အဖေမှန်းမသိ မယားလုဖက်ထင်၊ သမီးမှန်းမသိ အမေမှန်းမသိ သားမယားကျင့်၊ ခွေးဇာတ်ခင်းတယ်ဆိုတာ အဲလိုမျိုး။

စစ်သားတွေဟာ လူမရှိတဲ့ရွာက အိမ်တွေကို မီးရှို့ရင်း ပျော်နေကြတာ၊ လူရှေ့သူ့ရှေ့ စစ်သားတယောက်က ယောက်ျားတယောက်ကို မုဒိမ်းကျင့်တာ၊ ဗိုက်ခွဲ ကလီစာတွေထုတ် သတ်ပြနေတာတွေဟာ ပုံမှန်စိတ်မဟုတ်တော့ဘူး ဆိုတာထက်ကို ဆိုး‌တာပါ။ ဒီစိတ်တွေက စစ်သားအားလုံးနီးနီးရဲ့ စိတ်အခြေအနေပါဘဲ။ တကယ့် ဇွန်ဘီတွေလေ။ Zombie ဆိုတာကတော့ သေဆုံးပြီးသားဖြစ်ပေမဲ့ ပြန်လည်အသက်ဝင်လာတဲ့ သတ္တဝါတစ်မျိုး။ သူတို့ မူရင်းဘဝက သေပြီးသားတွေ။ စစ်တပ်ထဲရောက်တော့ ဦးနှောက်အစား ချေးပြောင်းထည့်ခံရတဲ့ ဘဝမျိုးတခု ထပ်ဖြစ်လာတော့တာ။ ဇွန်ဘီတွေရဲ့ အထူးခြားဆုံးအချက်က ဦးနှောက်မရှိ၊ ခေါင်းထဲမှာ လောက်တွေပဲ ပြည့်နေတာလေ။

လူတစ်ဦးလို ဉာဏ်ပညာရှိရှိ မတွေးခေါ်နိုင်တော့ဘဲ အသိမရှိ၊ သတိမရှိဘဲ လှုပ်ရှား ဘာမဆို အငမ်းမရ ဖြစ်နေတာ။ ပြီးတော့ သူတို့ဟာ ဗိုင်းရပ်တွေလို ကူးစက်နိုင်တယ်။ ဇွန်ဘီတစ်ကောင်ရဲ့ ကိုက်တာ၊ ခြစ်တာ စတဲ့ဒဏ်ရာရရင် အဲဒီလူတွေဟာလည်း ဇွန်ဘီအဖြစ် ပြောင်းလဲသွားနိုင်တယ်။ ပျူတွေ စစ်မှုထမ်းအသစ်တွေဟာ အချိန်မရွေး ဇွန်ဘီဖြစ်သွားနိုင်တယ်။ ခုဆို ပအိုဝ်းဇွန်ဘီတွေ အတော်များနေပြီ။ ပုံမှန်က နှေးကွေးပြီး ထုံထိုင်းပေမယ့် လျင်မြန်ပြီး တိုက်ခိုက်မှုအားကောင်း ဘာဖြစ်‌ဖြစ်‌ မဆုတ်တဲ့ ဇွန်ဘီတွေကိုလဲ ‌ဖန်တီးနိုင်ပါတယ်။ မဘသစိတ်ထဲ ဆေးပြားထည့်လိုက်ရုံပါပကဲ။ ဇွန်ဘီ ဆိုတာ သိမှုအလွဲ မှော်အစီအရင်တစ်ခုနဲ့ ထိန်းချုပ်ထားတဲ့ သေဆုံးသွားတဲ့လူ့ခန္ဓာကိုယ်တွေပါဘဲ။ ဘရိန်းဝါ့လုပ်ခံထားရတဲ့ လိင်စိတ်လွန် ဆေးပြားစွဲ စစ်ဗိုလ်စစ်သားတွေဟာ ခုတော့ ပြည်သူ့ရပ်ဝန်းထဲ ဝင်လာပြီး ကောင်းကောင်းဒုက္ခပေးနေပြီပေါ့လေ။ 

နီပေါ အဖြစ်အပျက်က မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးတွေ သံတုတ်နဲ့ တေ့ခံလိုက်ရသလို ဖင်ကြောတွန့်သွားစေပါတယ်။ ကဒါဖီဖင် သံတုတ် ဝင်သွားတဲ့ဖြစ်ရပ်ဟာ အမြဲတမ်းဗိုလ်ချုပ်ကြီးတွေကိုခြောက်လှန့်နေတဲ့ အိပ်မက်ဆိုးတခုပါဘဲ။ ခုတော့ နီပေါဂျင်ဇက်တွေဟာ နီပေါက အာဏာရူးတွေနဲ့ မိသားစုတွေကို တိုက်ထဲဝင် ကုပ်ဆွဲထုတ် ရိုက်ပုတ်မောင်းနှင် ဖျင်ချင်သလို ဖျင်နေကြတာ၊ သွေးရူးသွေးတန်း ထွက်ပြေးနေကြတာ၊ လာဘ်စားထားတဲ့ အနိုင်ကျင့်ယူထားတဲ့ တိုင်းပြည်ဘဏ္ဍာတွေ ခိုးထားတဲ့ သူတို့ ပိုင်ဆိုင်တာ မှန်သမျှကို ဖျက်ဆီး မီးတိုက် အကြိုက်‌ဆော်နေတာတွေ တွေ့တော့ တပ်ထဲက ဇွန်ဘီဇာတ် အသွင်းမခံရသေးသူတွေ ဦးဆောင်မှုနဲ့ သူ့ ဇွန်ဘီတွေပါ သူ့ဘက်အချိန်မရွေး ပြန်လှည့်လာနိုင်တာ သိသွားပြီလေ။ 

လူထုက သူတို့အိမ်တော်တွေ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေကို ရုတ်တရက် ဝင်စီးလိုက်ရင် စစ်တပ်က အကာအကွယ်မပေးတော့မှာ၊ လူထုနဲ့ပေါင်းပြီး ထောင်းချေတော့မှာကို သိပ်ကြောက်သွားတယ်လေ။ သူတို့အဖို့ နီပေါက မြင်ကွင်းတွေဟာ မကြည့်ရဲ မမြင်ရဲစရာတွေပေါ့။ အခုအခြေအနေဟာ ပြည့်သူ့အမုန်းခံနေရတဲ့ တပ်မတော်သားတွေအတွက် တကယ့်ထွက်ပေါက်ကြီးတခု မဟုတ်လား။ ပြည်သူပန်းကုံး စွပ်ခံရမယ့် မဟာအခွင့်အလမ်းကြီးလေ။ စစ်တပ် ဇွန်ဘီတွေဟာ သူတို့အလောင်းကို သူတို့ပြန်စားရတဲ့အဆင့် ရောက်လာပြီဆိုတော့ ဘယ်စစ်ဗိုလ်ချုပ်ကိုမဆို အုပ်ဖို့၊ ထင်သလိုလုပ်ဖို့လဲ ဘာမှမခက်တော့ဘူး မဟုတ်လား။ ကိုယ့်မိသားစုက ကိုယ့်ရက်လည်အတွက် ချက်ထားတဲ့ မုန့်ဟင်းခါးပါ ပြန်သောက်လာရတဲ့ဘဝ ရောက်လာခဲ့ပြီလေ။ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ ဘယ်လောက်ထော ဘယ်လောက်သုံး ဘယ်လိုဖြုန်း ဘယ်ကလပ်တက် ဘယ်ကျောင်းထား ဘယ်ကုမ္ပဏီထောင် ဘယ်နိုင်ငံမှာ ဘယ်ကွန်ဒိုပိုင် ဘာတွေ ဘယ်လို စံစားခံစား အကုန်သိနေကြပြီလေ။ အဲဒါကြောင့် စစ်အုပ်စုဟာ ဆိုရှယ်မီဒီယာတွေကို နည်းမျိုးစုံနဲ့ ထိန်းချုပ်လာတာလေ။ အထူးသဖြင့် စစ်တပ် မိသားစုတွေကို ပိုထိန်းချုပ်လာတာ။ အဲဒါကြောင့် သူ့ရှူး သူ့ပတ်နိုင်တယ်ဆိုတာ နီပေါအဖြစ်က ပြလိုက်တော့ သွေးပျက်လာတာပေါ့။ အခန့်မသင့်ရင် ထွက်ပေါက်လိုလို ကြွက်လျှောက်လိုလိုနဲ့ သူ့အရူးကွက်နင်းထားတဲ့ရွေးကောက်ပွဲတောင် ဝဲပစ်လိုက်ရမယ့် အခြေအနေ မဟုတ်လား။

အဲဒါကြောင့် စစ်တပ်ကို နီပေါသင်ခန်းစာရှာ ဘာညာလုပ်လာတာပေါ့။ နီပေါအာဏာပိုင်‌နဲ့ သူတို့မိသားစုဝင်တွေ ခွေးမောင်းသလို မောင်းချခံရသလို စစ်မျိုးစစ်နွယ် စစ်ကိုယ်စားလှယ်မှန်သမျှ မိသားစုလိုက် မြောင်းထဲကန်ချ ဘဝတွေ အပြန်တရာ ခါးသွားနိုင်တယ် မဟုတ်လား။ အဲဒါကြောင့်မင်းအောင်လှိုင် နီပေါကြောက်ရောဂါ ဝင်လာတာ။ နီပေါသင်ခန်းစာရှာ ဆိုတာ တပ်က ပြည်သူ့ဘက် ပါမသွားရေး အစီအမံတွေလုပ်ဖို့ ပေါ်တင်အမိန့်ပေးတာလေ။ မဟုတ်ရင် ငါနဲ့ ငါ့မိသားစု‌တင်မက မင်းတို့မိသားစုတွေပါ အကုန်လစ်သွားမယ်လို့ ဟောင်လိုက်တာလေ။ သူ ပေးတဲ့ဒုက္ခဝန်ကိုထမ်းရတဲ့ထဲမှာ ပထမက စစ်တပ်နဲ့ သူတို့မိသားစုတွေ။ ဒုတိယကမှ ပြည်သူ မဟုတ်လား။ 

ဒုက္ခခံနိုင်ဝန်မှတ် လွန်သွားတဲ့ တနေ့မှာ အားလုံးက သူ့ဖင်ခေါင်းကို သံချောင်းကြီး ထိုးသွင်းကြတော့မှာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar