Breaking News

ဝင်းမင်းခိုင် - ဆေးစက်ကျရာ

 

 Art- Than Htay Maung

ဆေးစက်ကျရာ
ဝင်းမင်းခိုင်
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၂၅


ငါတို့
စမ်းရေကိုသောက်ပြီးသစ်ရိပ်မှာနားဖို့
မီးတောက်မီးလျှံထဲနောက်မဆုတ်ခဲ့ကြဘူး
သူတို့မှာ
‌လက်ညှိုးညွှန်ရာရေဖြစ်ဖို့ ပါရမီမရှိတဲ့အကြောင်း
ငါတို့သိလိုက်ကြရပြီ
ငါတို့ဖက်က
ဆေးစက်ကျရာအရုပ်ထင်ဖို့ပဲ
ထိထိမိမိကြိုးစားရမယ့်အချိန်

၁၂.၉.၂၅

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar