Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၆ )




အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၆ )
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၅


22/10/25 - Diary in the darkness - Wednesday

ငြိမ်းချမ်းချိန်မှာ သားသမီးတွေက မိဘ‌တွေရဲ့ ရုပ်အလောင်းကို သင်္ဂြိုကြရတယ်။ တိုင်းပြည်ပျက်ချိန်မှာတော့ မိဘတွေက သားသမီးတွေရဲ့ရုပ်အလောင်းကို သင်္ဂြို ကြရတယ် ။

မနက်လင်းကတည်းက စိတ်တွေမကြည်လင်။ YouTube ပေါ်က ရေဆေးရေးပြတာတွေ တနေကုန်ကြည့်နေမိ။ တောတောင်စိမ့်စမ်း ကောင်းကင်ပြာ ပင်လယ် တဲအိမ် မြို့ပြ ပုံတွေ။ လက်တွေ့ရေးပြတာတွေ တခုပြီးတခု ကြည့်။ wet on wet ရေးနည်းတွေကို အထူးစုစည်းထား။

YouTube ပေါ်က သတင်းတွေလဲကြည့်ဖြစ်။ မြို့လယ်ခေါင်က ဟိုတယ်ပေါ်မှာ အမျိုးသမီးတစ်ယောက်ကို အပိုင်း ပိုင်းဖြတ်သတ်မှု။ ဒီအမှုအပေါ်ရဲက လုပ်ဇာတ်ခင်းပြီး သတင်ထုတ်ပြန်တဲ့အပေါ် ပြည်သူတွေက ချက်ကျ လက်ကျ မေးခွန်းထုတ်နေကြ။

လှိုင်သာယာမှာ ဖမ်းမိတဲ့အမျိုးသမီးသူခိုးနဲ့ သူကလေးငယ်လူမမယ်က‌ လေး ကို ဓာတ်တိုင်မှာ ကြိုးတုတ်ပြီးရိုက်တဲ့သတင်းအပေါ် လူတွေရဲ့ ဝေဖန်တုန့်ပြန်မှု။ သူခိုးအမျိုးသမီးကို လူတွေက သနားပြီးငွေထောက့်ပံ့ကြပုံ၊ သူခိုးဖမ်းပြီး ရိုက်တဲ့ဆိုင်ရှင်နဲ့ ဗီဒီယိုရိုက်ပြီးတင်တဲ့ ဆိုင်ရှင့်ညီမ ကိုရဲကဖမ်းခေါ်သွားပုံတွေ FB မှာတွေ့ရ။

မန္တလေးငလျှင်ဒဏ်ထိထားတဲ့ တိုက်ပြို။ လူသေ။

မြဝတီ KK park က လူတွေ ကားတွေ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးနေကြပုံတွေ အင်တာနက်မှာ ပြန့်နေတယ်။

စကမကတော့ ရွေးကောက်ပွဲကို အပြင်းအထန်လုံးပမ်းနေတယ်။ ကိုကိုကြီးက လမ်းမတော်က အရွေးခံမယ်တဲ့။ စန္ဒာမင်းကတော့ တသီးပုဂ္ဂလာအမတ် အရွေးခံမယ်လို့သိရ။

မိုးကုတ်မြို့ ဖူဆယ်ကွင်း ကန်တော်ရပ်ကွက်ကို စကမ ကဗုံးကြဲ။ ကစားနေတဲ့ ကလေးတွေ သေကုန်တယ်။ အနည်းသုံးယောက်သေတယ်။ အတိအကျသတင်းတက်မလာသေး။ ဗီဒီယိုဖိုင်ထွက်လာတယ်။ လေယဉ်လာတာ အသံမကြားရဘူးလို့ ဒေသခံတစ်ယောက် ရဲ့အော်သံကြား လိုက်ရတယ်။

ငြိမ်းချမ်းချိန်မှာ သားသမီးတွေက မိဘ‌တွေရဲ့ ရုပ်အလောင်းကို သင်္ဂြိုကြရတယ်။ တိုင်းပြည်ပျက်ချိန်မှာတော့ မိဘတွေက သားသမီးတွေရဲ့ရုပ်အလောင်းကို သင်္ဂြို ကြရတယ် ဆိုစကားဟာ တကယ်မှန်တယ်။

အန်ကယ် တူမီး
22/10/25

အခန်းဆက်တွေ ဖတ်ချင်ရင်တော့ -