သီအိုဇော် - ရွှေကုက္ကိုလ်၊ရထိုက်နှင့်တရုတ်လက်မည်းကြီးများ

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၅
ကျားဖြန့်လုပ်ငန်းတွေအကြောင်း ပြောကြရင် မြန်မာ၊ ကမ္ဘောဒီးယား၊လာအို ၃ နိုင်ငံကို ဖယ်ထုတ် ပြောလို့ မရတော့တဲ့ အခြေအနေပါ။ ဒီရက်ပိုင်းမှာတော့ မြန်မာနိုင်ငံဘက်က ကျားဖြန့်သတင်းတွေ ပိုကြားလာရပါတယ်။ ရှမ်းမြောက်ဘက်ဆီက ကျားဖြန့် အသံတိုးသွားပြီးနောက်၊ ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေက ဆက် ကြီးထွား လာနေပါတယ်။ ဒီအထဲက ‘ရထိုက်အင်တာနေရှင်နယ် ဟိုးဒင်းကုမ္ပဏီ’ - Yatai International Holding Company ရဲ့ ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းထဲက ကျားဖြန့် လုပ်ငန်းတွေကို လူပိုသိကြပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ထိုင်းနိုင်ငံက ဖမ်းဆီးထားတဲ့ ‘ရထိုက်’သူဌေး ‘ရှီဂျီဂျန်း’ (She Zhijiang)ကို တရုတ်နိုင်ငံ ပြန်လွှဲပြောင်းပေးဖို့ဆိုတာက အခြေခံဥ ပဒေနဲ့ ကိုက်ညီကြောင်း၊ အောက်တိုဘာလ ၂၂ရက်နေ့မှာ တရားသူကြီး ၉ဦးလုံးက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ အယူခံဝင်ခွင့် ရှိ၊မရှိအကြောင်းကို မသိရပေမဲ့၊ ဒီဆုံးဖြတ်ချက် အရသာဆိုရင် ‘ရှီဂျီဂျန်း’ တရုတ်နိုင်ငံရဲ့ တရားစီရင်မှုအောက် ရောက်သွားတော့မယ်လို့ ဆိုနိုင်ပါတယ်။
အယ်ဂျာဇီးယားနဲ့ အင်တာဗျူးမှာ ‘ရှီဂျီဂျန်းပြောခဲ့တာက သူဟာ တရုတ်နိုင်ငံရဲ့ စပိုင် တဦးဖြစ်ပြီး တရုတ်နိုင်ငံကိုသာ ပြန်လွှဲခံရရင် သူအသတ်ခံရမယ် ဆိုပြီးပါ။ သူ့ကို ထိုင်းဘက်က ဖမ်းဆီးပေးတာက တရုတ်နိုင်ငံရဲ့ တိုင်တန်းချက်အရ ‘အင်တာပိုလ်’က ဖမ်းဆီးပေးဖို့ ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ‘ကျနော်သိတာ သိပ်များလွန်းတဲ့ အတွက် အခုလို ဖမ်းဆီးအပြစ်ပေးဖို့ ကြိုးစားကြတာ’လို့ သူကပြောခဲ့ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေက ရှုပ်ထွေးသလို ‘ရှီဂျီဂျန်း’အမှုကလည်း ရိုးရှင်းမနေပါဘူး။ သူအဖမ်းခံရတာ ၂နှစ်မြောက်အထိမ်းအမှတ် ဆုတောင်းပွဲ အကြီးအကျယ် လုပ်ပေးခဲ့တဲ့ စီးပွါးဖက် BGF/KNA ခေါင်းဆောင် စောချစ်သူလည်း ဒီသတင်းကြောင့် ပိုခေါင်းကြီးနေမှာ သေချာပါတယ်။
ကျားဖြန့်လုပ်ငန်းနဲ့ မပတ်သက်ကြောင်း ပြောပြီး ၊ ဘယ်လိုပဲ ရှောင်ထွက်ဖို့ ကြိုးစားခဲ့ပါစေ၊ ‘ရထိုက်’နဲ့ဆက်စပ်မှုကိုတော့ စောချစ်သူ အနေနဲ့ ငြင်းလို့ မရပါဘူး။ Yatai (ရထိုက်) ဟာ ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁၃ရက်နေ့က ဟောင်ကောင်မှာ ကုမ္ပဏီမှတ်ပုံ တင်ခဲ့ပြီး၊ ဒီဇင်ဘာလ ၇ရက်နေ့က ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့က Myanmar Yatai Holding Group ဆိုပြီး BGF နယ် ခြားစောင့်တပ်နဲ့ ဖက်စပ်ကုမ္ပဏီ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ပါတယ်။အခုတော့ ရှယ် ယာအချိုးအစား ဘယ်လို ပြောင်းသွားပြီလဲ မပြောနိုင်ပေမဲ့၊ ကုမ္ပဏီပူးတွဲတည် ထောင်ခဲ့စဉ်က BGF အနေနဲ့ ၂၀ရာခိုင်နှုန်း ပိုင်ဆိုင်တာကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ‘ရှီဂျီဂျန်း’နဲ့ စီးပွါးဖက်လို့ ပြောခဲ့တာပါ။
ကျားဖြန့်လုပ်ငန်းက အကျိုးအမြတ်တွေ ထည့်မတွက်ရင်တောင်၊ ရွှေကုက္ကိုလ် မြိုသစ် စီမံကိန်းက ဒေါ်လာ ၁၅ ဘီလီယံ ရှိမယ် ဆိုပါတယ်။ NLD အစိုးရ လက်ထက်က စင်ကာပူထက် ၂ဆခန့်ကျယ်ဝန်းမယ့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် NYDC တာ ဝန်ရှိသူတွေက ဒေါ်လာ ၅ ဘီလီယံ လောက်ရှိဖို့ လိုအပ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒီလောက် ရင်းနှီးမြှုပ်နှံမှုကြီးတဲ့ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာ ‘ရှီဂျီဂျန်း’နဲ့ စောချစ်သူတို့လောက်ပဲ အကျိုးအမြတ် ယူကြမှာ မဟုတ်တဲ့အတွက် တရုတ်လက်ထဲပြန်ရောက်သွားမယ့် ‘ရှီဂျီဂျန်း’အကြောင်းက စိတ်ဝင်စားစရာပါ။ သူသိထားသမျှ ဖြောင့်ချက်ပေးမလား၊ တရုတ်ဘက်က ပြောစေချင်တာပဲ ပြောမလား၊ အပေးအယူတွေ၊ အကျပ်ကိုင်တာတွေ ထပ်ထပ်တွေ့လာကြမလား ဆိုတာ စောင့်ကြည့်ရမှာပါ။
မှန်နိုင်ခြေရှိတာ မရှိတာက တပိုင်း၊ ‘ရှီဂျီဂျန်း’ပြောခဲ့တာတွေကို ပြန်ကြည့်ကြရအောင်ပါ။ သူပြောတာက ၂၀၁၆ခုနှစ် တုန်းက လောင်းကစားမှုတွေနဲ့ သူဝရမ်းပြေး ဖြစ်နေတုန်း၊ ဖိလစ်ပိုင်မှာ တရုတ်နိုင်ငံ The Ministry of State Security ( နိုင်ငံ တော် လုံခြုံရေး ဝန်ကြီးဌာန)က သူတို့အတွက် စပိုင်လုပ်ပေးရင် သူ့အမှုတွေ လျှော် ပစ်မယ် ဆိုပြီး ချဉ်းကပ်လာခဲ့တယ်လို့ ဆိုပါတယ်။ သူလက်ခံခဲ့ပြီးနောက် မြန်မာပြည်မြောက်ပိုင်း၊ကမ္ဘောဒီးယားနဲ့ ကရင်ပြည်နယ်တွေ သွားလာစေခဲ့ပြီး ၂၀၁၇ခုနှစ်မှာ ကမ္ဘောဒီးယား နိုင်ငံသား ခံယူနိုင်အောင် စီစဉ်ပေးခဲ့တယ်လို့ ပြောပါတယ်။
ကြားဖြတ်ပြောလိုတာက ကမ္ဘောဒီးယား နိုင်ငံသား ဖြစ်ဖို့ဆို ဒေါ်လာ၂သိန်းခွဲလောက် နိုင်ငံကိုလှူတာ၊ ဒါမှမဟုတ် ဒေါ်လာ ၃သိန်းဝန်းကျင် ရင်းနှီးမြှုပ်နှံမှုလုပ်တာမျိုးနဲ့ ၃လ-၆လအတွင်း နိုင်ငံသားဖြစ်သွားနိုင်တဲ့ လမ်းကြောင်းရှိပါတယ်။ ဒါ့ကြောင့် ဒီကာလအတွင်း ‘ရှီဂျီဂျန်း’ ကမ္ဘောဒီးယား နိုင်ငံသား ဖြစ်သွားတာက ဖြစ်နိုင်ပါတယ်။
၂၀၁၇-၁၉ ခုနှစ်ကြား တရုတ်နိုင်ငံကို ဝင်ထွက်ပြီး ထိပ်တန်းစီးပွါးရေး သမားတဦး အနေနဲ့ အခမ်းအနားတွေ သွားတက်တယ်၊ သူပြောချင်တာက သူသာဝရမ်းပြေး ဖြစ်နေဆဲဆိုရင်၊ နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာန ရဲ့ စောင့်ရှောက်ပေးမှု မရခဲ့ရင် ဒီလို မဝင်ထွက်နိုင်ဘူး ဆိုတာပါ။ ဒါလည်း ဟုတ်နိုင်ပါတယ်။ ပိုထင်သာမြင်သာ ရှိစေတာက ၂၀၁၈ခုနှစ် ရှီကျင်ပင်းရဲ့ ဖိလစ်ပိုင်ခရီးစဉ်မှာ အဲဒီတုန်းက ဖိလစ်ပိုင် သမ္မတ ဒူတာတေး တည်ခင်းတဲ့ နိုင်ငံတော်ညစာ အခမ်းအနားကို သူတက်ရောက်ခဲ့တဲ့ ဗီဒီယို ကလစ်ပါ။ ဖိတ်စာမှာ ‘တန်ကွိုင်ကိုင်း ‘(Tang Kriangkai )ဆိုတဲ့ သူ့ရဲ့ နောက် နံမည်တမျိုးနဲ့ အဖိတ်ခံရတာ ဖြစ်ပါတယ်။သူသုံးတဲ့ နံမည် ၄မျိုးရှိပါတယ်။
၂၀၂၀ခုနှစ်မှာ သူ့ကို မြန်မာနိုင်ငံကပြန်ထွက်ပြီး တိုင်ဝမ်ကို သွားခိုင်းတာကနေ၊ ဆက်ဆံရေးတွေ ပျက်ပြားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူက BRI နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ သိထားတယ် ဆိုတာထည့်ပြောပါတယ်၊ ‘ရထိုက်’ စီမံကိန်းတွေက BRI စီမံကိန်းအစိတ်အပိုင်းတွေလို့ ပြောခဲ့တာတွေ ရှိပေမဲ့ ၊ ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာတော့ တရုတ်နိုင်ငံက မြို့သစ်စီမံကိန်းနဲ့ BRI မသက်ဆိုင်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။
တိုင်ဝမ်ကလည်း ‘ရှီဂျီဂျန်း’ ကိစ္စကို စိတ်ဝင်စားပါတယ်။ TAIWAN TALKS အစီအစဉ်မှာ ပါမောက္ခ Lion To-hai နဲ့ Asia Pacific အထူးပြု ပါရဂူ Patrick Bugarin တို့ရဲ့ ဆွေးနွေးချက်မှာ ‘ရှီဂျီဂျန်း’ဟာ စပိုင်မဟုတ်နိုင်ပဲ၊ သတင်းပေး လောက်ပဲ ဖြစ်နိုင်မယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ စပိုင်လိုအဆင့်ဆိုရင် အထက် က သွားခိုင်းတဲ့ နေရာ စပိုင်သွားလုပ်မှာ ဖြစ်တဲ့အတွက်ပါ။
‘ရှီဂျီဂျန်း’နဲ့ အတူအကျဉ်းကျဖူးတဲ့ ‘ဝမ်ဖူးဂွေ့’ (Wang Fugui)အကြောင်းကိုလည်း ထည့်ပြောဖို့ လိုပါတယ်။ ဖိလစ်ပိုင် ဆီးနိတ်လွှတ်တော် ကြားနာမှုမှာ လျှို့ဝှက်ထား တဲ့ နေရာတခုကနေ ကျည်ကာအင်္ကျီဝတ်ပြီး သူက ဖြေကြားခဲ့တာပါ။ သူ့အပြောအရ သူ့တယောက်ကိုပဲ ‘ရှီဂျီဂျန်း’က သူ့ရဲ့ လျှို့ဝှက်ဖိုင်တွေ ဖွင့်နိုင်ဖို့ ပြောပြထားတယ်လို့ ဆိုပါတယ်။ အဲဒီဖိုင်တွေထဲကနေ ‘ဂိုဟာပင်း’(Guo Hua Ping @ Alice Guo)ရဲ့ အကြောင်းကို သိကြရတာပါ။ ‘ဂိုဟာပင်း’ဆိုတာ အခုတော့ တရုတ်သူလျှိုမှုနဲ့ ဖမ်း ဆီးစစ်ဆေး ခံနေရပြီဖြစ်တဲ့ ဖိလစ်ပိုင်မြို့တော်ဝန် ဆိုရင် ပိုသိကြပါလိမ့်မယ်။ ဖိ လစ်ပိုင်လွှတ်တော်အမတ်တွေက ‘ရှီဂျီဂျန်း’နဲ့ ‘ဂိုဟာပင်း’ ဆက်စပ်မှုတွေကို ကြား နာမှု အတွင်းမှာ စေ့စေ့စပ်စပ် မေးမြန်းကြပါတယ်။
ဒီအချက်တွေအရဆိုရင် ‘ရှီဂျီဂျန်း’ဟာ စီးပွါးရေးလုပ်ငန်းရှင် သက်သက် မဟုတ်ဘူးလို့တော့ ဆိုနိုင်ပါလိမ့်မယ်။ တရုတ်အစိုးရအတွက် ဘယ်လောက်အတိုင်းအတာအထိ လုပ်ကိုင်ပေးသလဲ ဆိုတာကတော့ သိဖို့ ခက်ပါလိမ့်မယ်။
‘ရှီဂျီဂျန်း’ နဲ့ အဆက်အသွယ် ရှိခဲ့သူများက သူ့ကို စီးပွါးရေးသမား တယောက် အ ဖြစ်နဲ့ပဲ သိကြလား၊ တရုတ်သတင်းပေး (သို့)စပိုင်အဖြစ်ရော ခန့်မှန်းမိကြလား ဆိုတဲ့မေးခွန်းတွေ ရှိနေပါတယ်။ အဲဒီလိုဆက်သွယ်ခဲ့ကြသူတွေထဲမှာ စောချစ်သူ တယောက် ထိပ်ဆုံးက ပါနေမှာ ဖြစ်သလို အခြားစီးပွါးရေးသမားကြီးများ၊ အဖွဲ့အစည်း အမျိုးမျိုးက တာဝန်ရှိသူများ၊ စစ်အာဏာပိုင် အဆင့်ဆင့်လည်း ပါဝင်ကြမှာပါ။
တရုတ်အစိုးရလက်ထဲ ရောက်သွားခဲ့ကြတဲ့ ကိုးကန့်ဒေသက ဩဇာရှိတဲ့ မိသားစုကြီးတွေရဲ့ ကြမ္မာလိုပဲ ဘယ်သူတွေ ဆက်ဖြစ်ကြလေဦးမလဲ။ သာမန်အမှုတွဲမှာ ပါသွားတာထက် အခုလို တရုတ်နိုင်ငံဘက်က အင်တာပိုလ်ကတဆင့် မရရအောင် ဖမ်းဆီးဖို့ကြိုးစားနေသူ နဲ့ အမှုတွဲခံရပြီး၊ အနိမ့်ဆုံး ဆက်စပ်မှုရှိတယ်လို့ပဲ သတ်မှတ်ခံရစေဦးတော့ စိတ်သက်သာစရာ ရဖို့မရှိပါဘူး။ ထိုင်းနိုင်ငံရဲ့ တရုတ်ကို ပြန်ပို့ဖို့ ဆုံးဖြတ် ချက်ကြောင့် အိပ်ရေးပျက်ရမယ့်သူက ‘ရှီဂျီဂျန်း’ တယောက်တည်း မဟုတ် မှာက တော့ သေချာပါတယ်။
သီအိုဇော်
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar