စိုးအိမ် - ရေချိုးမှားတဲ့နိုင်ငံ
ရေချိုးမှားတဲ့နိုင်ငံ
စိုးအိမ်
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၅
အလင်းရောင်ကို စူးစိုက်ကြည့်ရုံကလွဲလို့
ဘာရှိဦးမလဲ
မှောင်တောထဲမှာ
ငါတို့အိုမင်းလာကြတယ်။
အယူဝါဒတွေ
ကျီးပေါင်းတက်ချိန်မှာ
စိတ်သတ္တိတွေ အရိုးပွတယ်
ဟော့ဒီအမှောင်ထဲမှာ
ရန်သူ ငါးယောက် ခေါက်တုံ့ခေါက်ပြန်။
ကားစက်သံနဲ့ ဗုံသံအုပ်အုပ်တို့သာ
အိမ်ပြန်နောက်ကျ
ငါ့ဝရန်တာကကြားနေရ။
ညနေက
မှောင်ရီပြိုးစလေး ထဲ
သား အိမ်မပြန်ရဲတော့ဘူးဆရာတဲ့
ခြေသံတွေကို လန့်တဲ့ရောဂါပေါ့
ဘာသာတရားက
ခြေသံလုံတယ် ငါ့ပတ်ပတ်လည်
အိုနာသေ ဖြစ်အင်နဲ့
လုံးလားထွေးလား
ခုသေပေမယ့် နောင်မသေအောင်ဆိုလား
ကြောင်လိန်လှေကားက ဆင်းလာ
အခါခါပဲ တို့ရပ်ရွာပဲ
မြစ်တစ်မြစ်မှာ နှစ်ခါရေမချိုးနိုင်ဘူးတဲ့
ဒီအမှောင်မြစ်ထဲမှာပဲ
မွေးကတည်းက ရေစိမ်နေရ
တခါမှတက်မလာတော့။
10/10 /25
စိုးအိမ်
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၅
အလင်းရောင်ကို စူးစိုက်ကြည့်ရုံကလွဲလို့
ဘာရှိဦးမလဲ
မှောင်တောထဲမှာ
ငါတို့အိုမင်းလာကြတယ်။
အယူဝါဒတွေ
ကျီးပေါင်းတက်ချိန်မှာ
စိတ်သတ္တိတွေ အရိုးပွတယ်
ဟော့ဒီအမှောင်ထဲမှာ
ရန်သူ ငါးယောက် ခေါက်တုံ့ခေါက်ပြန်။
ကားစက်သံနဲ့ ဗုံသံအုပ်အုပ်တို့သာ
အိမ်ပြန်နောက်ကျ
ငါ့ဝရန်တာကကြားနေရ။
ညနေက
မှောင်ရီပြိုးစလေး ထဲ
သား အိမ်မပြန်ရဲတော့ဘူးဆရာတဲ့
ခြေသံတွေကို လန့်တဲ့ရောဂါပေါ့
ဘာသာတရားက
ခြေသံလုံတယ် ငါ့ပတ်ပတ်လည်
အိုနာသေ ဖြစ်အင်နဲ့
လုံးလားထွေးလား
ခုသေပေမယ့် နောင်မသေအောင်ဆိုလား
ကြောင်လိန်လှေကားက ဆင်းလာ
အခါခါပဲ တို့ရပ်ရွာပဲ
မြစ်တစ်မြစ်မှာ နှစ်ခါရေမချိုးနိုင်ဘူးတဲ့
ဒီအမှောင်မြစ်ထဲမှာပဲ
မွေးကတည်းက ရေစိမ်နေရ
တခါမှတက်မလာတော့။
10/10 /25
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
