ဝင်းမင်းခိုင် - ဝိမုတ္တိ
ဝိမုတ္တိ
ဝင်းမင်းခိုင်
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၂၅
မင်းတို့လိုချင်တာဘာလဲလို့မေးစရာမလိုလောက်အောင်ကို
သူတို့လုပ်ရပ်တွေမှာ
တွဲဖက်အနက်တွေထင်ရှားလို့
ဥသျှစ်သီးနှစ်လုံးဆိုင်ရိုက်သလို
အစိတ်စိတ်အမွှာမွှာကွဲကြေသွားရင်တောင်
ငါတို့ဘက်က
ရုပ်ရှင်ထဲကသိုင်းသမားရန်သူကိုစိန်ခေါ်သလို
လက်ဖဝါးကိုအပေါ်လှန်ပြီး
ခမ်းမွန်(come on)လို့လက်ယပ်ဖိတ်ခေါ်နေမှာပဲ
အထွေထွေအကြပ်တည်းတဲ့လား
နေ့စဉ်ကျော်လွှားနေကျ
ငါတို့ခံနိုင်ရည်ရှိယဉ်ပါးနေတဲ့ငရဲတမျိုးပဲ
နောက်ဆုံးဝက်အူရစ်ရဲ့ဟိုမှာဘက်က
ငါတို့ရဲ့ဝိမုတ္တိ
ကူးဝံ့သူသာခြေချခွင့်ရှိမယ့်
ကမ်းခြေ
၁၁.၁၀.၂၅

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar