ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အကျွတ် မကျွတ် ကြိတ်ပုန်းခွပ်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အကျွတ် မကျွတ် ကြိတ်ပုန်းခွပ်
မိုးမခ ၊ အောက်တိုဘာ ၁၄ ၊ ၂၀၂၅
ခင်ရီကတော့ မင်းအောင်လှိုင်ကို ရွဲ့ပြီ။ ကြံ့ဖွတ်ပါတီက အမျိုး၊ ဘာသာ၊ သာသနာအတွက် ထာ၀ရရပ်တည်မယ်ဆိုပြီး ထပြောပြီ။ ဒါ မအလတို့အုပ်စု သီတင်းကျွတ်မှာ ဂြိုင်ရိုကော်ပတာ ပါရာမော်တာတွေနဲ့ ဗုံးလှည့်ကြဲ၊ ဘာသာရေးပွဲတွေထိ လူလိုက်သတ်နေတာကို သွယ်ဝိုက်ရှုတ်ချတာဘဲ။ အင်း မရှုပ်ချရင်လဲ မဲက ရတော့မှာ မဟုတ်ဘူးလေ။ မအလ လုပ်ပုံနဲ့ လူထုက တမဲမှ ထည့်ချင်တော့မှာ မဟုတ်။ သူတို့ကို မအလနဲ့ တဖွဲ့ထဲ မထင်အောင်တော့ လုပ်ရပြီပ။
ကာပုယာပုကို ရိတိတိ မလုပ်လို့ကလည်း မရတော့။ ခုဆို PPP က အချောကလေးတွေက စစ်တပ်ကို ဖဲ့စည်းရုံးနေပြီ။ စစ်ဗိုလ်ပြုတ် အမတ်တွေတောင် ဘိုင်နိမ်းတပ် ခေါ်သတဲ့။ ဒေါ်စုကိုလည်း စစ်တပ် အကြိုက် ပြောဆိုနေတာများ အောချလောက်တယ်။ ခုဆို ဘူးလက်က မဲစာရင်းမှားကိစ္စ နာမည်ကောင်းယူ ဖော်ကောင်လုပ်ရာကနေ အမှိုက်ကစ ပြသာဒ်မီးလောင် အမတ်လောင်းတောင် မဲစာရင်း မပါတဲ့ဟာတွေ၊ မနေ့တနေ့က ဂန့်သွားတဲ့ မြင့်ဆွေ ပြန်ရှင်လာတာတွေထိ ပွထလာတော့ ဘောင်းဘီဝတ်အုပ်စုက ဒီဘောင်းဘီကျွတ် အာသီးရောင် ဘဲကြောင်တွေကို ကြည့်မရတော့ဘူးလို့ ပြောလာကြပြီ။ သူတို့ကြောင့် ဘီယာဘား ကောင်းကောင်းမထိုင်ရ၊ သန်းကောင်သန်းလွဲထ မဲစာရင်းပြန်လုပ်ရနဲ့ သောက်လုပ်တွေ ပြန်ရှုပ် စမောလေးတွေနဲ့ ခုတ်ဖို့တွေလည်း ဖျက်ရလို့ အသားကုန်တင်းနေကြပြီလေ။
အဲချိန် ပဲပင်ပေါက်ဆိုတဲ့ PPP က စွတ်လုံး။ ဒေါ်စုကို ပြောတာများဆို အရင်ကြံ့ဖွတ်တွေ နှစ် ၄၀ လောက် ပြောခဲ့သမျှကိုက သူတို့ကို မမီတော့တာ။ ကြံ့ဖွတ်မှာကလည်း သူတို့လို ငယ်ရွယ်နုရွ ချောတာလှတာက မရှိ၊ ကျားရော မရော ဖုထစ်ရွတ်တွဘဲရှိ။ ဖွတ်ရုပ် ကြံ့ရုပ် ဆိုတော့ သိတဲ့အတိုင်း ပြာပုတ်ပုတ် ဂုစ္ဆာကြီးဂုစ္ဆာငယ်တွေ။ သူတို့မို့ မြင်ရင်ကို အော့ချင် အန်ချင် ပျို့ချင်ဖြစ်ကြတာ မဟုတ်လား။ အဲတော့ ဟိုမယ်ဒေါ်အုပ်စုက အုစုပ် အဲလေ ဘောမတာကို ရှယ်ပလန်နဲ့ဆိုတော့ ဘယ်ခံစားနိုင်တော့မလဲ။ တော်သေး၊ ဗီဗီချန်း ထွက်သွားလို့ ကိုကိုကြီးလေးတယောက်တော့ အဖော်ရသေးတာ။ နို့မို့ သူကပါ စောင့်ကြွားကြွားလုပ်တာ ခံရအုံးမှာ။
အဲဒါနဲ့ပဲ မဲစာရင်း မှားတာတွေကို ဖဘကနေ မဖွဖို့၊ တစ်တော့ကနေ မဆော့ဖို့၊ တယ်လီကနေ မခွီကြဖို့၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိနှိုင်း ဖြေရှင်းကြဖို့ ကြံ့ဖွတ်ပါတီအတွင်း တိုးတိုးတိတ်တိတ် ညွှန်ကြားပြီး ခေတ်သစ်ကိုတို့လိုက်ရတာ။
အင်း အပြောမတတ်တော့ ဆဲဆိုသလို ၁၀၀ ရာခိုင်နှုန်း ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းမျိုး ကမ္ဘာတွင် မရှိ၊ ဒါ့ကြောင့် မဲစာရင်းမှားယွင်းမှုမှာ ဖြစ်တတ်တဲ့သဘော ဆိုပြီး ပြောလိုက်တာဟာ မဲစာရင်းမှားလို့ အာဏာသိမ်းရပါတယ် ဆိုတဲ့ မင်းအောင်လှိုင် စောက်ခွက်ကို ဖြတ်ကန်လိုက်သလို ဖြစ်သွားပြန်ရော။ လူထုကလည်း သူတို့နာမည်မပါရင် ပျော်ပြီး သွားမပြင်ခိုင်းကြဘူးလေ၊ ပါရင်သာ ဖျက်ခိုင်းချင်ကြတာ။
ခုတော့ မဲစာရင်းမှားတာအပြင် သတင်းအမှားထုတ်တာပါ လူသိလို့ မအလလဲ အီးပက်ထားတဲ့အခွက်နဲ့။
ရွေးကောက်ပွဲကို ဝမ်းမြောက်ဝမ်းသာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မပြောဘဲ စစ်တပ်က လိမ်ထားတာလေးတွေ ဟိုဘက်က သတင်းအကုန်ထုတ်ပြန်လိုက်တော့ ပေါ်ကုန်ရော။ အဲမှာ တကွက်နဲ့ နားရွက်ပါ ချေးစင်သွားတာ။
ပုချာသာဝရဲ့ မုသာဝါဒတပ်က ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေတာ တွေ့ရလို့ ဝမ်းသာတယ်၊ အာဆီယံက အကောင်းဆုံးဖြစ်အောင် ပူးပေါင်း ဆောင်ရွက်ပေးသွားမယ်၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ လွှတ်ပေးသွားမယ်လို့ မိုးပေါ် မော့မော့အူခဲ့တာတွေ ဘူသွားရော။
တကယ် ဟိုကပြောသွားတာက ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် အဓိက အရေးကြီးတဲ့အစိတ်အပိုင်း ဖြစ်တယ်၊ ရွေးကောက်ပွဲကို လွတ်လပ်မျှတ ပွင့်လင်းမြင်သာ ယုံကြည်ရတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်ရမယ်၊ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအားလုံး ပါဝင်ပြီး နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်မှုနဲ့သာ ကျင်းပသင့်တယ်၊ ကြံ့တွေနဲ့ ဖြန့်ချင်လို့မရဘူး။ ကျားနဲ့မှ ဖြန့်ရတာလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဩဝါဒချွေသွားတာ။
မင်းအောင်လှိုင်ကို နင် ကတိပေးထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်၊ အကြမ်းဖက်မှုတွေ ရပ်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိတ်မထားနဲ့၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုလုပ် ခွေးကောင်ရဲ့လို့ လက်ညှိုးတထိုးထိုးနဲ့ ဂိုရှယ်လေး အသံငှားပြီး ဆဲသွားတာ။ ကျော်ကျော်ဌေးလွင် လို ဆူတာမျိုးတောင် မဟုတ်။
အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကို အကြမ်းဖက် ဗုံးကြဲနေတာတွေ ရပ်ဖို့ပါ ပြောပြီး နှာနုဖြတ်ကန်သွားသေးတာ။
အဲဒါကို အာဆီယံတဖွဲ့လုံးက ထောက်ခံသလိုလို ရေးထားတာတွေလဲ ပေါ်ကုန်ပြီး အဲဒါတွေနဲ့ ဘူနေလို့ ဘူးလက် အရူးကွက်သုံးတာကို အကြောင်းပြုပြီး ကြံ့ဖွတ်လူဟောင်း လေကြောင်းသမားတွေကို ကင်မှာ ကြောက်နေရတာ။
စစ်ရေးကလဲ ပစ်ပြေးတွေချည့်၊ ခုဆို နတ်ရေကန်ဗျူဟာကိုပါ ရှယ်ပလန်နဲ့ ပစ်ပြေးကြတော့တာ။ အဲဒါကျရင် ကပစတွေဆီ ချီလေတဲ့ချီလေဆိုရင် ပွဲပြီးပြီ။ ရွေးကောက်ပွဲတောင် ဘယ်ဝယ်ဘယ်ဆီဖြစ်သွားတော့ရုံမက လူပါ ဘယ်ဝယ်ဘယ်ဆီ ပြေးရမည် လွှားရမည်ဖြစ်သွားမှာလေ။ ဒါတောင် နုကြည်ရဲ့ အထွေထွေထိုးစစ်က စသေးတာ မဟုတ်။ သူတို့ကလည်း ရွေးကောက်ပွဲချိန်ရောက်မှ ရှယ်ပလန်နဲ့ဝုန်းဖို့စောင့်နေပုံရ။ ဘဝတော့ ရှယ်ပလန်နဲ့ ခါးတော့မှာ။ ဂွေးတောက်ရွက် ကြက်ဟင်းခါးသီးနဲ့ သည်းခြေရောနယ်ပြီး ဂန့်ဂလာရေနဲ့ စိမ်ချက်ထားသလိုကို ခါးတော့မှာ။
ခုတောင် ပြိုင်မယ့်သူ နာမည်မဖော်ပြရဲသလို ဖော်ပြခွင့်လည်း မပြု၊ ကာပုယာပုက သူ ယူချင်သလောက် ယူမှာ။ သူ ဖြုတ်လိုက်တဲ့ကောင်တွေ လူစေ့ နေရာပြန်ပေးရမယ်ဆိုတော့ ကြံ့ဖွတ်တွေမှာ နာမည်တပ်ပြောခွင့်မရှိ ဖြစ်နေတာ။ လအုကြမ်းညှပ်ပေမယ့် ဧည့်ကောင်းဆောင်ကောင်းတွေကြားဆိုတော့ အားလားလားတို့ ကျွတ်ကျွတ်တို့တောင် မလုပ်ရဲသလို နေနေရတာမျိုး။ ဂွေးဆံနဲ့ချွေးပြန် မထွေးမအန်နိုင်ဖြစ်နေတာကို ရေနွေးပူပူနဲ့ ကျိုက်ချနေရတာမျိုးလေ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar