နိုင်ငံတကာသာဂိ - ဘယ်လိုမျိုး အမေရိကန်လဲ၊ ငတ်နေတဲ့ အမေရိကန်တွေလား
(မိုးမခ) နိုဝင်ဘာ ၁၊၂၀၂၅
အောက်တိုဘာ လဆန်းကတည်းက အမေရိကန်အစိုးရ ရပ်ဆိုင်းသွားတာ အခုဆိုရင် ရက် ၃၀ ရှိပြီ။ ခုထိလည်း အစိုးရ ပြန်နိုးထဖို့အကြောင်း မမြင်သေးပါဘူး။
အမေရိကန်အစိုးရက အာဏာရအမတ်တွေနဲ့ ထရန့်တို့က တဖက်၊ အတိုက်အခံဒီမိုကရက်တွေက တဖက် တင်းမာနေကြတော့ အစိုးရဘတ်ဂျက်ကို ၂ ဘက် သဘောတူပြီး ချမှတ်ခွင့် မရကြသေးဘူး။ ဘတ်ဂျက်က ရှေ့လအတွက် မရှိတော့ရင် အစိုးရယန္တယားတွေ တဖြေးဖြေး ရပ်ကုန်ကြမယ်။ အစိုးရဝန်ထမ်းတွေ လစာမပေးနိုင် ၊ လစာ မရပဲ ဆက်လုပ်ရမယ်။ ထရန့်အစိုးရကတော့ အစိုးရရပ်ဆိုင်းထားတဲ့အတူ ဝန်ထမ်းတွေကို အလုပ်ဖြုတ်ဖို့ အမိန့်ထုတ်ပါတယ်။ ခုထိတော့ အခြေအတင် တရားရုံးတော်မှာ အငြင်းပွားနေကြဆဲပဲ။
အစိုးရဘတ်ဂျက်က ဘာလို့ ရပ်သွားတာလဲ။ ရီပတ်ဘလစ်ကန်တွေက အမေရိကန်တွေ၏ ကျန်းမာရေးအာမခံဝယ်ယူရာမှာ အချိုးကျ စာရိတ်မျှပေးထောက်ကူငွေကို ဆက်မပေးချင်တော့တာက အဓိက ပြသနာစကြတာပဲ။ ဒီမိုကရက်တွေက ကျန်းမာရေးအာမခံစာရိတ်တွေ ဈေးကြီးသည်ထက် ကြီးလာနေတာ ဖြေရှင်းဖို့ ဆွေးနွေးကြချိန်မှာ စာရိတ်မျှပေးထောက်ကူငွေကို ဆက်ပေးထားချင်တယ်။ subsidies လို့ ခေါ်တာပဲ။ အခု ရှေ့လကစပြီး အစိုးရ၏ စာရိတ်မျှပေးငွေ မဝင်လို့ အာမခံဈေးတွေ တက်နေပြီ။ လူတွေက ဒါကို မပေးနိုင်ဘူး။ အခု ဒါက တပိုင်း။
နောက်ဆက်တွဲ ဘတ်ဂျက်တွေ ပြတ်ကုန်တော့ ဘာဖြစ်လဲ။ SNAP လို့ဆိုတဲ့ food stamp လို့လဲ လူသိများတဲ့ အဟာရထောက်ကူငွေလည်း မပေးနိုင်တော့ဘူး။ ပြည်ထောင်စုအစိုးရက အခုလဆို ပြတ်ကုန်ပြီ။ သည်တော့ အဲသည် food stamp - အဟာရထောက်ကူငွေနဲ့ စားသောက်ရတဲ့ ဝင်ငွေနည်းသူတွေ အားနည်းသူတွေ ဒုက္ခရောက်ကုန်ကြပါတယ်။ လက်ရှိမှာ ပြည်ထောင်စုအစိုးရဝန်ထမ်းတွေကို အလုပ်ကနေ နားထားတော့ လစာမရ၊ စားစာရိတ်နေစာရိတ် ပြတ်တောက်။ သူတို့ကိုယ်တိုင်လည်း အဟာရထောက်ကူစာရိတ်ကို တောင်းပြီး စားနေကြရတာ။ အခု သူတို့လည်း အားနည်း ချို့တဲ့ အမေရိကန်များနည်းတူ အငတ်ဘေး ဆိုက်ရမယ့်အဖြစ် ရောက်နေပြီ။
မင်းတို့ ချမ်းသာလှပါတယ် ဆိုတဲ့ နတ်ပြည်တမျှ သာယာလှတဲ့ အမေရိကန်ကြီးက ငတ်ကုန် ပြတ်ကုန် ပြီလား။ မင်းတို့တွေ သည်လောက် ဆင်းရဲသလား မေးရင်။ အင်း ဟုတ်တယ်။ ပုံမှန်လေး လည်ပတ်နေရင် အားလုံးက ရုပ်မပျက်ဘူး။ ရေခဲတိုက်ထဲက အသေကောင်တွေလိုပေါ့။ အအေးစက်လည်း ပျက်ကော လူတွေက ပုတ်ပွ တက်လာကြသလိုမျိုးပေါ့။ အမေရိကန်ပြည်က အစိုးရနဲ့ စနစ်က ပြည်သူ့ဝန်ဆောင်မှုနဲ့ ထောက်ကူမှုတွေရှိတော့ အားနည်းသူ လူတန်းစားတွေက သက်သာချောင်ချိစွာ နေထိုင်နိုင်ကြတယ်။ စတိုင်မပျက်၊ အလှမပျက်ကြဘူးပေါ့။ သို့သော် စနစ်ကြီးက ထော့နင်းထော့နင်းဖြစ်တာနဲ့ ကိုယ်တွေလည်း ဟန်ချက်ပျက်ကြတာပဲ။
စာရင်းတွေအရ အမေရိကန်ပြည်သား တဝက်က pay check to pay check ဆိုတဲ့ အသုံးအတိုင်း တလစာ တလသုံး မနည်းအလျင်မီအောင် နေကြရတယ်။ အမေရိကန်ပြည်သား ၃ပုံ၁ပုံက အိမ်မပိုင်ဘူး။ ကျန်တဲ့ ၃ပုံ၁ပုံက အိမ်ဝယ်ပြီး အိမ်ဖိုးချေးငွေအောက်မှာ ပိပြားနေကြရတယ်။ သူတို့ဝင်ငွေ တဝက်ကို အိမ်ဖိုးချေးငွေ လစဉ်ဆပ်နေကြရတယ်။ Mortgage လို့ သုံးပါတယ်။
အဲသည်ထဲမှာ အမေရိကန်အစိုးရ၏ သတ်မှတ်ချက်အရ ဆင်းရဲတဲ့ လူဦးရေက သန်း ၄၀ ရှိတယ်။ သူတို့ဝင်ငွေက တနှစ်ကို မိသားစုတစု ဒေါ်လာ ၃သောင်းအောက်မှာ နေကြရတယ်။ အမေရိကန်မှာ အလုပ်လက်မဲ့ဦးရေက ၇သန်းရှိတယ်။ လူဦးရေ၏ ၄.၃%။ ထရန့်အစိုးရဖြုတ်ပစ်တဲ့ အစိုးရဝန်ထမ်းချည်းပဲက လူ ၃သိန်း ရှိတယ်။ အဲသည်ထဲက ၂ သိန်းက တကယ်ကို အလုပ်ပြုတ်ပြီး ကျန် တသိန်းက မသေချာ မရေရာ။
အဲသည်အမေရိကန်တွေနဲ့ သူတို့အထက်က လူလတ်တန်းစား နဲနဲချောင်လည်သူ လူဦးရေ ဘယ်လောက်ရှိသလဲ။ အမေရိကန် ၅၁% က ချောင်လည်ကြပါတယ်တဲ့။ သူတို့ဝင်ငွေက တနှစ်ကို ၆သောင်းကနေ ၁သိန်းခွဲ (မိသားစုအလိုက်) ဝင်ငွေ ရှိကြပါသတဲ့။ သူတို့က အပေါ်က food stamp လိုမျိုး သက်သာချောင်ချိရေး အကူတွေ မလိုကြတဲ့သူတွေပေါ့။ အမေရိကားမှာ ချမ်းသာတဲ့ အထက်တန်းလွှာတွေက ပျမ်းမျှ ၂၀% ပဲ ရှိပါသတဲ့။
အမေရိကန်ပြည်ကြီး သာယာတယ်ဆိုတာ အဲသည်လို အထောက်အကူတွေ ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် ထောက်ပို့မှုတွေ အဆင့်ဆင့် ရှိလို့ပါ။ ဒါတွေ ပြတ်တောက်သွားရင် ဘယ်သူတွေ စားရေးအတွက် အကြပ်ဆိုက်မလဲ။ လူ ၄၂သန်းကို ထိခိုက်မယ်။ မိသားစု သန်း ၂၀ မှာ စားစရာ ရှားပါးသွားမယ်။ သူတို့ကို ပျမ်းမျှ တလ ဒေါ်လာ ၁၈၀ ထောက်ပံ့ထားတယ်လေ။ ဒါတွေ ပြတ်ရင် သူတို့ ငတ်ပြီပေါ့။ အခု လစာမရတဲ့ ဘတ်ဂျက်မရှိလို့ ဝင်ငွေမဝင်တဲ့ ပြည်ထောင်စုအစိုးရဝန်ထမ်းတွေလည်း food stamp ကို မှီခိုနေရတာပဲ။ အခု သူတို့အတွက်ပါ အကြပ်အတည်း ဆိုက်ပါပြီ။

ပြည်ထောင်စုအဆင့်က ဖြတ်ရင် ပြည်နယ်အလိုက် အစိုးရတွေနဲ့ လူမှုအဖွဲ့အစည်းတွေက food banks ဆိုတာတွေ ဖွင့်ပြီး အစားအသောက်တွေ ကူကြ လှူကြတာနဲ့ အစားထိုးကြရတော့မှာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရတွေ ဒီမိုကရက်တွေ လူများစု အားကြီးတဲ့ လူသားစာနာ ကိုယ်ချင်းစာစိတ်ရှိသူတွေက food banks တွေမှာ လာယူကြဖို့ ပိုပြီး ရိက္ခာတွေ ဖြည့်စွမ်းထားကြောင်း အသီးသီး ကြေညာကြပါတယ်။ ဝမ်းသာ သာဓု ခေါ်စရာပါ။ အမေရိကားမှာ အဲသည်လို စတုဒီသာမဏ္ဍပ်တွေဆီမှာ တန်းစီပြီး စားသောက်နေကြသူပေါင်း ၅၃ သန်း ရှိပါသတဲ့။ အဖွဲ့အစည်းတွေ တသီးပုဂ္ဂလမိသားစုတွေက လှူကြ ကူကြတာပါ။
ဒါကြောင့် အမေရိကားဆိုတာ နတ်ပြည်လို သာယာတယ်လို့ ဆိုတာ။ ငုတ်တုတ်ကြီး မြေကြီးကနေ ဒေါ်လာတွေ သီးနေတာတော့ မဟုတ်ဘူး။ ပရဟိတစိတ်ထားနဲ့ အချင်းချင်း ဖေးမကူစိတ်နဲ့ တိုင်းပြည်ကို တည်ဆောက် စည်းနှောင်ထားတာလို့ ဆိုချင်ပါတယ်။
ဒေါ်နယ်ထရန့်နဲ့ ရီပတ်ဘလစ်ကန်တွေ ရှေးရိုးစွဲတဖက်စွန်းတွေက သည်လို သဒ္ဒါတရားမျိုးကို မလိုလားကြပါဘူး။ လူတွေက အလကားလိုချင်တယ်၊ အလုပ်မလုပ်ဘူး၊ ပျင်းတယ်၊ရေသာခိုတယ်ဆိုတဲ့ အမည်တပ်ချင်တယ်။ စွပ်စွဲတယ်။ ပုတ်ခတ်ပါတယ်။ အားနည်းသူတွေကို အားပေးတာ နိုင်ငံကြီးတခု၏ တန်ဖိုးပါ။ ကိုယ်ကိုယ်တိုင်လည်း ကံကြမ္မာ အလှည့်အပြောင်းမှာ တချိန်ကျရင် အနိမ့်ကို ရောက်နိုင်တာကိုး။ အမေရိကန်ပြည်က တပြည်သားတွေ ရွှေ့ပြောင်းအခြေချ နေထိုင်ကြတာပါ။ မတူသူတွေအချင်းချင်း လက်တွဲနေထိုင်တာပါ။ အမုန်းကို မီးမွှေး သွေးခွဲတာမျိုးကို တိုက်ခိုက်ပြီး ပယ်ရှားပြီးတော့၊ မေတ္တာ အနစ်နာ စေတနာ မုဒိတာတွေနဲ့ နေကြတာမို့ သည်လောက်ကြီး သာယာနေတာပါ။ အလကား ထိုင်နေရင်း အလိိုလို သာယာနေတာတော့ မဟုတ်ဘူးလေ။
ထရန့်တို့ လို အစွန်းရောက်အမေရိကန်တွေကတော့ ငါနဲ့မတူ ငါ့ရန်သူတွေချည်းပဲ။ အခုလည်း သူစိတ်တိုင်းကျ ချယ်လှယ် ချုပ်ကိုင်ချင်လို့ အစိုးရလည်း ရပ်၊ လွှတ်တော်လည်း ပိတ်၊ ဝန်ထမ်းတွေလည်း ရုံးမတက်ခိုင်းတော့ပါဘူး။ ဒီလိုမျိုး တိုင်းပြည်ကို မှောက်ချည် လှန်ချည်လုပ်နေတာ ဖြစ်ပါတယ်။ အစိုးရရှိနေမှန်းတောင် မသိတဲ့ အစိုးရက အလွန်ကောင်းတဲ့ အစိုးရဆိုလားဆိုတာ ထရန့်လက်ထက်မှာတော့ ဟုတ်မယ်မထင်ပါဘူး။

ကဲ … ဘယ်လိုဆက် ရင်ဆိုင်ကြမလဲဆိုရင်တော့ သူတို့ ခြေနဲ့ဖျက်သွားတာတွေကို နောက်မနက်ဖြန်တွေမှာ လက်နဲ့ ပြန်ဆောက်ကြမယ်ဆိုတဲ့ အားမာန် ရင်ဆိုင်ကြရုံသာ ဖြစ်ပါတယ်။ ကိုယ့်လက်ထဲက အစာကို ဘေးက အားနည်းသူတွေနဲ့ ခွဲဝေမျှပြီး ဆက်ချီတက်ကြဖို့သာ ဖြစ်ပါတယ်။ မင်းတို့တွေ သည်တိုင်းပြည်က ထွက်သွားကြ ဆိုတဲ့ သဘောထားနဲ့ကတော့ သူ့အိမ်မှာ လူကျန်မယ် မထင်ပါဘူး။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar