လင်းလက်နွေဦး - နှင်းစစ်သည်တွေ ချီတက်လာတဲ့ မနက်ခင်း
လင်းလက်နွေဦး - နှင်းစစ်သည်တွေ ချီတက်လာတဲ့ မနက်ခင်း
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၂၅
အိပ်မက်ဆိုးကို ရိုက်ချိုး
ဆူးမွေ့ယာပေါ်က နိုးထလာခဲ့တယ်
မျက်နှာအသစ်ပြန်ရဖို့
မျက်နှာသစ်စရာ ရှိသေးရဲ့လား
လုံခြုံရေးတံခါးကနေ
မလုံမခြုံထွက်လာစဉ်
ငွေနှင်းမှုန်တွေ ရင်ထဲထိ တထွေးကြီး တိုးဝင်လာတော့
ချိုးကူသံကိုပါ ဆတ်ဆတ်ကြားလိုက်ရတယ်
နွေကလည်း နွေ
မိုးကလည်း မိုး
ပီခဲ့ပြီ
ညီခဲ့ပြီ
ဆောင်းပီသဖို့
နှင်းတွေ ဝေစည်ရမယ့် ရာသီပေါ့
မိုးကုတ်သာမက
တပြည်လုံးကို လွှမ်းခြုံထားတဲ့
နှင်းတွေ
တသည်းသည်း ဝေပြီပဲ။
လင်းလက်နွေဦး
7.11.2025 6:05 AM
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
အိပ်မက်ဆိုးကို ရိုက်ချိုး
ဆူးမွေ့ယာပေါ်က နိုးထလာခဲ့တယ်
မျက်နှာအသစ်ပြန်ရဖို့
မျက်နှာသစ်စရာ ရှိသေးရဲ့လား
လုံခြုံရေးတံခါးကနေ
မလုံမခြုံထွက်လာစဉ်
ငွေနှင်းမှုန်တွေ ရင်ထဲထိ တထွေးကြီး တိုးဝင်လာတော့
ချိုးကူသံကိုပါ ဆတ်ဆတ်ကြားလိုက်ရတယ်
နွေကလည်း နွေ
မိုးကလည်း မိုး
ပီခဲ့ပြီ
ညီခဲ့ပြီ
ဆောင်းပီသဖို့
နှင်းတွေ ဝေစည်ရမယ့် ရာသီပေါ့
မိုးကုတ်သာမက
တပြည်လုံးကို လွှမ်းခြုံထားတဲ့
နှင်းတွေ
တသည်းသည်း ဝေပြီပဲ။
လင်းလက်နွေဦး
7.11.2025 6:05 AM
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
