Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဝါးကားမချန် ရွှေမန်းနဲ့ ခွေးမျောက်လွှဲတို့ရဲ့ သေးပေါက်ပွဲ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဝါးကားမချန် ရွှေမန်းနဲ့ ခွေးမျောက်လွှဲတို့ရဲ့ သေးပေါက်ပွဲ

မိုးမခ ၊ နိုဝင်ဘာ ၁၅ ၊ ၂၀၀၂၅


မအလ အလွန်အင်မတန်ပျာယာခတ် ဂုဏ်ဆာတဲ့ ခွေးမျောက်လွှဲတွေရဲ့ သေးပေါက်ပွဲတော့ လစ်ပြီ။ အဆိုတော်နဲ့ ဓာတ်ရှင် မင်းသား မင်းသမီးတွေကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး ဓာတ်တိုင်သေးပန်းထားသမျှလည်း နံတာပဲ အဖတ်တင်။ ငွေကုန်ခံ လှုံ့ဆော်စည်းရုံးထားသမျှ ဖာထီဒေလဲ ပြာဘီ။ သောက်ကြွေးဆပ်ပြီး အောက်ကြေးထပ်ထားရတဲ့ ဖဘ အခေါ် သက်သက်ခံလဲ သက်သက် ခံပေတော့။ အမြှီးလှုပ်ရွ တသီးပုဂ္ဂလတွေလဲ မီးတုတ်ခွထိုင်မိပြီ။ ဖြစ်ဖြစ်မြည်အောင် ညှစ်ထားသမျှ ပစ်ထားရကိန်းဆိုက်ချေပြီလတည်း။

ကြင်စိုးကို ဖျင်ရိုးလိုက်သူကတော့ တွားသွားငထန်လေပန်းခေါ်  ဝါးကားမချန် ရွှေမန်း။ အနှီထိုကောင်က တခုလပ်မအသိုက် အဝနှိုက်မြည်းတာကအစ ဂွကြီးဂွငယ်အသွယ်သွယ်ကို တွယ်ချင်သလိုတွယ်ပြီး ငွေပုံတွေကို ငယ်ပါနဲ့ မွှေနေတဲ့ကောင်။ တခုလပ်မကလေး ဆိုတာက သေတွင်းဘုရင် လဒသမီး ငွေတွင်းသခင်မကြီး ခင်သီရိသက်မွန်။ ဆွဲဗျင်းမလား ဆဲဗင်းစတား ဆိုတဲ့ အဆင်မှန်သမျှ လင်စံရထုတ်လုပ်ရေးဂိုဏ်း ထောင်ထားသူကြီးပေါ့။ အဲဒီငွေပေါက်ကို ဖွေထောက်နိုင်တဲ့လိုကေးရှင်းကျွမ်းကျင် အဆင်တွေအဖို့ အပေါဆုံးက မင်းအောင်လှိုင်နဲ့ ငွေပဲဆိုပြီး ဟဟဘဝ ရနေကြ။ မိဘလက်ညှိုးဖြတ်ပြီး အဖေက ငွေရှာ၊ သမီးက အမ်း။ အခု အဲဒီရွှေမန်းသတင်းအောက် ပွေးပေါက်ဝဲတို့ရဲ့ သေးပေါက်ပွဲသတင်းတွေ တဖျောက်ဖျောက်ကြွေ ငေါက်တောက်သေရရှာပြီလေ။ အမဲတွေကွဆို ခဲလေသမျှ ပဲရေပွဖြစ်ပြီ။ ငုပ်လျှိုးပျောက်ကွယ် တိတ်တိတ်ကလေး မရဏနယ်ကူးဖို့ မှန်းနေတဲ့ ရွှေမန်းကြီးတောင် ရွှေမန်းလေးကြောင့် အမတ်ပဂေး ဖွတ်ကြီးကွေးတို့ထက် ဇယားထိပ်ရောက်။ သူကတော့ ပျော်နေရှာတယ် မန်းတယောက် သတင်း‌တွေထဲပေါ့။ သူ့ကိုပလစ် နောက်ထိုးပစ်ခဲ့တဲ့ ဖာထီကြီးကို ကြည့်ပြီး ခွိခွိလုပ်နေလောက်ပြီ။ သူ့လက်ထဲက အာဏာ သန်းခေါင်ယံ ညနက်နက်မှာ မင်းအောင်လှိုင်နဲ့ပေါင်းပြီး ဗိုလ်သိန်းစိန်က ထောင်းခဲ့တာ ဒီတသက်မဟုတ် နောက်ဆယ်သက်ထိ ဘယ်မေ့မလဲ။ ခိုးထားသမျှ ငွေတွေထုတ် ဖာထီအသစ်လုပ်ပေမယ့် မန်းပင်ခုတ် မန်းငုတ်တောင်မချန်ရ ဆိုတဲ့ မုန့်ဟင်းခါးသည်ကြီးမူအရ လဒူဖြစ်အောင် လိုက်သမခံရ ငွေသာ ရေဇလာလို မျောသွားပေမယ့် အရည်မရ အဖတ်မရဘဝမို့ ဖာထီဆိုင်းဘုတ်ချ နံနံရေးနိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရတော့တာလေ။ ဖွတ်ဖွတ်ချင်း အမြီးလိမ်ချိုးခံလိုက်ရတော့ ဖွတ်သမ္မတအနံ့လဲ မရှူလိုက်ရ၊ ဖွတ်ဖာထီဥက္ကဋ္ဌလည်း မလုပ်လိုက်ရနဲ့ တုပ်ကွရိုကျိုး လက်စုံမိုး ရှိခိုးပဲ နေရတော့တာကိုး။

မအလတို့‌ ခွေးဆိုးတသိုက် အားကိုးရှာတဲ့ အဆိုရှော်နဲ့ မင်းသမီးတချို့က ဝါးကားအောက် ပြားပြားမှောက်တွေ၊ မင်းသားတွေကလည်း တကိုင်းထဲနား တဝိုင်းတည်းသားတွေဆိုတော့ ဟားဟားတွေဖြစ်ကုန်ပလေ။ ကြင်စိုးက သူတို့နဲ့ သေးပေါက်ပွဲပရိုမိုရှင်း ငါက အပီဗျင်းမယ်လုပ်ထားတာ ရာဂအညှီသတင်းနဲ့ ပုပ်သွားပါရောလား ဆိုပြီး တအားအားအော်နေသတဲ့။ တကယ်တော့ ဒါတွေအားလုံးရဲ့အဓိကတရားခံက ချစ်လှစွာသောသမီးလေး ခင်သီရိသက်မွန်။ သူဖွန်ထားသမျှက ငပွေးတွေ။ အဲဒီငပွေးတွေက သူ့ငွေတွေနဲ့ သူဌေးဖြတ်လုပ် ခွေးဇာတ်ထုတ်ခင်း၊ ခွေးသတင်းခွေးချင်းဆောင်ပြီးသကာလ ခွေးနောက်ဆွဲတွေရဲ့သေးပေါက်ပွဲသတင်းကိုကျော်နင်း ခွေးဇာတ်တူချင်း အမြှီးတက်ဖြတ်ပကော။ ခွေးမြှီးပြတ်တွေကို သေးနှီးပတ်ပြီး ပွဲထုတ်ပြပြန်ရင်လဲ သရဲကိုမိတ်ကပ်လိမ်း ပြိတ္တာပြာပိန်းပိန်းသုတ်ထားသလို ရုပ်ရွဲ့ စုတ်ပဲ့ ပုတ်အဲ့အဲ့အနံ့ဆိုးတွေ တမိုးလုံးပြန့် မြင်မြင်သမျှလန့်တာ အော့တာ အံတာ ရွံသထက်ရွံတာဘဲအဖတ်တင်မယ်။ နတ်ထင် ကိုးကွယ်မယ့်သူတယောက်မှရှိမှာမဟုတ်။

အမေရိကန်ပါ ဝင်လာတော့မယ့် ကျားဖြန့်အနှိမ်နင်းရေးနဲ့ ဘဝင်ညှိုးရတဲ့အထဲ ကြင်စိုးငဝဲခမျာ အဆင်ဘဲ ဆွဲချင်တဲ့ စမီးကြီးဒဏ် အံကြိတ်ခံရပြီပေါ့။ ပြည်သူကို ထင်သလို သတ်လာသမျှ အဆင်ကို လင်လို မှတ်တဲ့ ရီး အဲလေ မီးပြတ်ရင် အမြှီးတဖြတ်ဖြတ် ခတ်နေတတ်တဲ့ စမီးမြတ်လေးကြောင့် သူ့အမြှီးပြတ်လေး သူ ပွတ်နေရတော့တာကလား။

သူ့မှာတော့ ဒီးခွေးမျောက်လွှဲတွေရဲ့ သေးပေါက်ပွဲကို လူရှိန်အောင်မို့လို့ ခွေးပုရဲ့ ရွေးဥကွဆိုပြီး ဟိုလူ့တရားစွဲ ဒီလူ့တရားစွဲနဲ့ ဖြဲလိုက် ဟဲလိုက်ရတာ၊ နောက်ဆုံး KNU ဥက္ကဋ္ဌကြီးတောင် ခပ်တည်တည်နဲ့ တရားစွဲထားရ  မလာမှန်း သိသိကြီးနဲ့ မရှိတဲ့စောက်ရှက်ကို မှောက်ရက်အလဲခံပြီး ပြည်ပနိုင်ငံတွေကို ကြည့်ရခက်ခဲ ခွေးမျောက်လွှဲတွေရဲ့ သေးပေါက်ပွဲကို လာရောက်ကြည့်ရှုသုံးသပ်ပေးဖို့ ကုန်းမတတ် ပြောနေရတာ။ အရေးထဲ အိမ်တော်ပါ ငယ်ကျွန် ငမဲလုံးက တမှောင့်၊ တရုတ်က ခိုင်းလို့ လုပ်ရတဲ့ သေးပေါက်ပွဲမှန်း သိသိနဲ့ မင်းတို့ နံနံဂျားကကောင်တွေ ထောက်ခံမှ အသိအမှတ်ပြုမှ ပွဲဖြစ်မှာ မဟုတ်၊ ငါတို့က ဘယ်လူမှ ခွေးမထင်ဘူးတွေ ထထဟောင်နေသေးတာ။ ဒီကောင် တခါတခါ ထပြီး သခင်အားရ ကျွန်ပါးဝ ဖုန်ခါ‌တာတွေကလဲ နုံတာ လူသိတာဘဲရှိ၊ အင်း ဒီငတိကို တပတ်လောက် အမဲရိုး အကိုက်မခံမှရမယ်။ သူကလည်း ကုလသမဂ္ဂကစ ပေါက်ကရ ရွေးကောက်ပွဲလို့ ပြောနေတော့ အမြီးကြောတင်းရှာတာပေါ့။ ဟိုနိုင်ငံက အသိအမှတ်မပြု၊ ဒီနိုင်ငံက အသိအမှတ်မပြုဆိုတော့ ငုပြီပေါ့လေ။ အင်းလေ သူတို့ ပြောမယ်ဆိုလည်း ပြောစရာ၊ တနိုင်ငံလုံး စိတ်ပါလက်ပါ ကိုဗစ်ကြားက မဲတပြားနဲ့လုပ်ထားတဲ့ နိုင်ငံတကာ အသိအမှတ်ပြု ရွေးကောက်ပွဲကို မဲမသမာလို့ အာဏာသိမ်းတယ် လုပ်ထားတဲ့ ကိုယ့်လက်အောက်မှာ ဖျာတချပ်စာလောက် အုပ်ချုပ်စရာရှိတဲ့ အနေအထားမှာ ပြည်သူ့ချဉ်ဖတ် မြင်ရင် သတ်‌ကောင်တွေက ခွေးမျောက်လွှဲတွေနဲ့ သေးပေါက်ပွဲ လုပ်မယ်ဆိုတော့ ဟားကြတာပေါ့။ ရာရာစစ ဖိတ်တာ ခေါ်တာတွေပါ သွားလုပ် စော်ကားတာကိုး။ ခွေးဖိတ်တာ လူလာစရာလားပေါ့လေ။

သေးပေါက်ပွဲဝင်မယ့် ကောင်တွေကလည်း ကြည့်အုံး။  အညှီ အခွီ မသတီစရာတွေချည်း။ ဘဏ်ကြွေးတောင်းခံရတဲ့ဟာနဲ့။ လူကိုက်သတ်ဖို့ လှုံ့ဆော်နေတဲ့ ကောင်နဲ့။ တန်ဆောင်တိုင် အပျော်ချက်စားဖို့ ကြက်လာခိုးသူကို ထသတ်တဲ့ကောင်နဲ့။ မုဒိမ်းမှုနဲ့ တရားစွဲခံရတဲ့ ကောင်နဲ့။ နိုင်ငံ့ဘဏ္ဍာ ရှယ်ခိုးထားတဲ့ကောင်နဲ့။ ကျားဖြန့်ရာဇာ တကမ္ဘာလုံး ငွေပတ်လိမ်တဲ့ကောင်နဲ့။ နှုတ်သီးမည်းနဲ့ ဒုတ်ကြီးခဲတွေချည်း။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar