Breaking News

လင်းလက်နွေဦး - မုန်ညင်းစေ့အိပ်မက်

မုန်ညင်းစေ့အိပ်မက်

လင်းလက်နွေဦး -

 မိုးမခ ၊ ဒီဇင်ဘာ ၁၅ ၊ ၂၀၂၅

ကိသာဂေါတမီ ရှာမတွေ့တဲ့

မုန်ညင်းစေ့မျိုး

ခုထိ ရှာမတွေ့ဆဲ

သားသေကို ရင်ဝယ်ပိုက်လို့

ဆေးလိုက်ရှာရဲ့။


လှည်းနေလှေအောင်း မြင်းစောင်းမကျန်

မြို့ရောတောပါမကျန်

တောအထပ်ထပ် တောင်အထပ်ထပ်

ကြက်ခြေသာ ခတ်နေရ

ကျားကမ္ဘာရဲ့ ဘယ်နေရာမှာ

သားသေကို အသက်သွင်းနိုင်မလဲ။


ငါ ဆိုတဲ့ သစ္စာနဲ့

သား ရွှေအိုး ထမ်းလာတာကို မြင်ရမလား

ရွှေအိုး မလိုချင်ပါ

အကန်းကမ္ဘာမှာ

သားပြန်လာတာပဲ လိုချင်တယ်။

-